ငံပြာရည်: တည်းဖြတ်မှု မူကွဲများ

"==ငံပြာရည်== သာမန်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၃:၂၉၊ ၁ ဧပြီ ၂၀၁၁ ရက်နေ့က မူ

ငံပြာရည်

သာမန်အားဖြင့် ငါးပိမှထွက်သော အရည်သည် ငံပြာရည် ဖြစ်သည်။ သို့ရာတွင် ငါးပိအကြောင်းရပ်တွင် ဖော်ပြခဲ့သော ငါးပိမျိုးအပြင်၊ ပဲမှလုပ်သော ပဲငါးပိဟူ၍လည်း ရှိသေးရကား၊ ပဲငါးပိမှရသော ပဲငံပြာရည်ဟူ၍လည်း ရှိလေသည်။ ငံပြာရည်ကို စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိတို့မှ ရသည်။ ထိုငါးပိမျိုးအစားကို လိုက်၍ စိမ်းစားငံပြာရည်၊ မျှင်ငံပြာရည်၊ ဒမင်းငံပြာရည်ဟူ၍ အမျိုးမျိုး ရှိသည်။ ငါးပိကောင်လုပ်ရာမှလည်း ငံပြာရည် ရနိုင်သေးသည်။ ( ငါးပိ။) ငါးပိသိပ်သော စည့်၏ ကြမ်းပြင်မှာ အိမ်ခေါင် မိုးကို ပြောင်းပြန်ထားသကဲ့သို့ ဆင်ခြေလျှောဖြစ်သည်။ ထို ဆင်ခြေလျှော ကြမ်းပြင်၏အလယ်တွင် ရေတံလျှောက်ကို ခံထားရသည်။ ထိုရေတံလျှောက်မှ ငံပြာရည် စီးဆင်းလာ သည်။ အချို့ဒေသ၌ ငါးပိကို ရာဝင်အိုးများနှင့် သိပ်ရသည်။ ငါးပိမှာ လေးသောပစ္စည်းဖြစ်၍ အိုးထဲတွင် တဖြည်းဖြည်း ထိုင်သွားသည်။ ထိုအခါ၌ ငံပြာရည်သည် စိမ့်၍ အပေါ်သို့ တက်လာသည်။ ဤသို့ တက်လာသောငံပြာရည်ကို အိုးသွတ် ငံပြာရည်ဟု ခေါ်သည်။ ငါးပိမှရသော ငံပြာရည်ကို မြန်မာလူမျိုးတိုင်းလိုပင် ကြိုက်နှစ်သက်ကြသည်။ ထိုငံပြာရည်၏ အနံံ့မှာ အနည်းငယ် ပြင်း၏။ အရသာမှာချို၍ ငန်၏။ ထို့ကြောင့် ငါးငံပြာရည်ကို ဟင်းချက်ပြုတ်ရာတွင်သုံးလျှင် ဟင်း၏အရသာပို၍ ကောင်း လာပေသည်။ဟင်းချက်ပြုတ်ရာတွင် ငါးငံပြာရည်ကို အစိမ်း လိုက် ခတ်၍ အသုံးပြုကြ၏။ တစ်ခါတစ်ရံ ငါးပိရည်စား ကျိုးပြီးသား ငံပြာရည်ကို ငရုတ်သီးမှုန်းဖျော်၍ တို့စရာနှင့် စားတတ်ကြ၏။ ပဲငံပြာရည်ကို တရုတ်လူမျိုးတို့သည် ဟင်းချက်ပြုတ်ရာ၌ အသုံးများကြသည်။ မြန်မာတို့လည်း စားသုံးကြသည်။ အထူး အားဖြင့် သက်သက်လွတ်ဟင်းများ၌ ငါးငံပြာရည်အစာ ပဲ ငံပြာရည်ကို သုံးကြသည်။ပဲငံပြာရည်ကိုမူ ပဲဗိစပ်မှ အောက် ပါအတိုင်း လုပ်ယူကြသည်။ ပထမတွင် ပဲဗိစပ်ကို နူးနပ်အောင် ပြုတ်ရသည်။ကောင်းစွာ နူးနပ်သောအခါ ပဲများကို အိမ်တွင်း၌ ရက်ပေါင်းအနည်းငယ် ကြာမျှ ဖြန့်ထားရ၏။ ဤသို့ ဖြန့်ထားစဉ် ပဲများအပေါ်တွင် မှိုများတက်လာသည်။ မှိုတက်လာသောအခါ ပဲများကို နေလှန်း ပေးရသည်။ ကောင်းမွန်စွာ ခြောက်သွေ့သောအခါ ပဲများကို အသင့်ကျိုထားသော ထန်းလျက် သို့မဟုတ် ကြံသကာ ရည်ထဲ တွင် ဆားတော်သင့်ရုံထည့်၍ စိမ်ပေးသည်။ ရက်အတန်ကြာ ကြာ ထားသောအခါ ပဲငံပြာရည် ဖြစ်လာသည်။ စိမ်ထားသော ပဲများသည် ပဲငါးပိဖြစ်၏။ ပဲငံပြာရည်သည် ထန်းလျက် သို့မဟုတ် ကြံသကာရည်၏ အပျစ်အကျဲကိုလိုက်၍ အရည်ပျစ် အရည်ကျဲဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ ပဲငံပြာရည်၏ အနံ့မှာ ငါးငံပြာရည်ကဲ့သို့ မပြင်းဘဲ ခပ်သင်းသင်းနေ၏။ အရသာမှာ ချိုသည်။ ပဲငံပြာ ရည်သည် ဟင်း၏အရသာကို ထူးခြားစေသည့်ပြင် အရောင်ကို လည်း ကောင်းစေ၏။ မြန်မာတို့သည် ဟင်းချက်ပြုတ်ရာတွင် ငါးငံပြာရည်ကို အသုံးများကြသကဲ့သို့ တရုတ်တို့သည်လည်း ပဲငံပြာရည်ကို အသုံးများကြသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)