ငန်းငှက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: bxr:Хун шубуун
No edit summary
စာကြောင်း ၂၀ -
'''ငန်း''' သည် Anatidae မျိုးရင်းတွင် ပါဝင်ြပီး ထိုမျိုးရင်းတွင် ဘဲငန်း နှင့် ဘဲတို့လည်း အပါအဝင်ဖြစ်သည်။ ငန်း တို့ကို ၄င်းတို့နှင့် နီးစပ်သော ဘဲငန်းတို့နှင့်အတူ Anserinae မျိုးရင်းသေးတွင် အုပ်စုဖွဲ့ထားပြီး သူတို့သည် Cygnini မျိုးစုမှ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့အား သီးသန့် မျိုးရင်းသေး Cygninae အဖြစ်မှတ်ယူကြသည်။ ငန်းဖိုနှင့် ငန်းမ တို့သည် တစ်ဘဝတာလုံးအတွက် ပေါင်းဖက်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ ကွာရှင်းပြတ်စဲခြင်းများ ရှိတတ်သည်။ အထူးသဖြင့် ဥများ မအောင်မြင်သော အခါတွင်ဖြစ်သည်။ ငန်းတို့သည် ဥတစ်ခါဥလျှင် ၃ လုံးမှ ၈ လုံးအထိ ဥတတ်ကြသည်။
 
ငန်းသည် ဝမ်းဘဲ၊ စက္ကဝက် စသည်တို့နှင့်အတူ 'အင်ဆာရီ
ဖုမ်' မျိုးစဉ်တွင် ပါဝင်သည်။ ငန်း ၈ မျိုးခန့်ရှိသည်။ အားလုံး
မှာ ငှက်ကြီးများဖြစ်ကြ၏။ ငန်းတို့တွင် တင့်တယ်ရှည်လျား
သော လည်ပင်းရှိသည်။ များသောအားဖြင့် ငန်းတို့၏ အမွေး
အတောင်မှာ ဆွတ်ဆွတ်ဖြူ၍ နေသည်။ ဦးခေါင်းတွင် အနက်
ရောင်လည်း ရှိ၏။ သြစတြေလျတိုက်တွင် ငန်းအနက်များကို
တွေ့ရ၏။ ကမ္ဘာပေါ်တွင် သြစတြေလျတိုက် တစ်တိုက်ထဲတွင်
သာ ထူးထူးခြားခြား ငန်းနက်များကို တွေ့ရသည်။ ထို့ကြောင့်
သြစတြေလျတိုက် အနောက်ဘက်တွင် တံဆိပ်တော်ခေါင်းများ၌
ငန်းနက်ပုံကို ထည့်သွင်း ဖော်ပြထားကြလေသည်။
 
ငန်းတို့၏ အသံသည် ကျယ်လောင်၍ တံပိုးမှုတ်သံနှင့်
{{stub}}
ခပ်ဆင်ဆင်တူ၏။ ငန်းသည် တစ်ခါဥလျှင် ၆ လုံံးခန့် ဥလေ့
ရှိ၏။ အသိုက်မှာ ညစ်ပတ်ပေရေနေသော ကျူပင်၊ ရေညိ|ပင်
စသည်တို့ဖြင့် ရှုပ်ထွေးလျက်ရှိသည်။ ငန်းမသည် ဥများ အုနေ
စဉ် ငန်းဖိုသည် ဥများကို ကာကွယ်စောင့်ရှောက်ပေးသည်။
ဥများအနားသို့ ချဉ်းကပ်လာလျှင် မည်သူ့ကိုမျှ မရှောင် ခုခံ
ရန်ပြုတတ်သည်။ ငန်းသည် အများအားဖြင့် သစ်ဥသစ်ဖုကို
သာ စားတတ်၏။ သို့သော်လည်း တစ်ခါတစ်ရံ အခြားပိုးမွှား
တိရစ္ဆာန်ငယ်ကလေးများနှင့် ပက်ကျိတို့ကိုလည်း စားတတ်
သည်။ ဥရောပတိုက်တွင် တွေ့ရသောငန်းမျိုးမှာ 'ဆစ်ဂနပ်
အိုလာ'ခေါ် ငန်းအ မျိုးဖြစ်သည်။ ငန်းအဟု ခေါ်ခြင်းမှာ အသံ
မပြုတတ်သောကြောင့် ဖြစ်၏။ ရှိသမျှငန်းအပေါင်းတွင် ဤ
ငန်းအ မျိုးမှာ လူအသိအများဆုံး ဖြစ်၏။ အရပ်မှာ ၅ ပေ
အထိ ရှည်၍ ကိုယ်အလေးချိန်မှာ ပေါင် ၃ဝ ခန့် ရှိသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
 
 
==ကိုးကား==
<references/>
[[Category:ငှက်]]