မြို့မငြိမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၈၈ -
'ကိုငြိမ်း၏ ဘင်ဂျိုကိုတော့ ကျွန်တော် လက်လျှော့ရပါသည်။ သူ့ ဘင်ဂျိုက လက်ခတ်နဲ့ တီးပေမယ့်၊ စန္ဒရားအသံ တွဲဖက်မျိုး ထွက်လာ သည်။ ကိုငြိမ်းထံမှ 'ပပဝင်း ပတ်ပျိုး' နှင့် တေးထပ်တီးဖွဲ့ပုံကို ကျွန်တော် တက်ယူခဲ့ရပါသေးသည်။ ကိုငြိမ်းသည် ဂီတအခြေခံဖွဲ့စည်းမှု၊ ဖြစ်ပေါ်မှုကို တိတိ ကျကျသိသူတစ်ယောက်ဖြစ်သည်။ ဒါကို ကျွန်တော် ဉာဏ်မီသလောက် ပြောရ လျှင်၊ ဂျီအီးစီ (GEC)၊ ဒီအက်ဖ်အေ (DFA)၊ အီးဂျီဘီ (EGB)၊ အက်ဖ်အေစီ (FAC) စသည်တို့မှာ ၁၆၄၊ ၇၅၃၊ ၆၄၂၊ ၅၃၁ တို့သည် မြန်မာအဖွဲ့အနေ ဖြင့် တျာ၊ တျေ၊ တျောတို့ဖြစ်သည်။ အ ကျိုးတရားရှိလျှင် အကြောင်းတရား ရှိရမည်ဖြစ်သည့်အတိုင်း အသံအကွာ အဝေးနရီ (Duration)၊ အသံ အတိုး အကျယ် အင်တီစီတီ (Intensity)၊ အသံအနိမ့်အမြင့် ပိသ် (Pith)၊ အမျိုး အစား ကွာလတီ (Quality) ဟူ၍ ကမ္ဘာ့သီအိုရီတွင် အဆိုရှိသလို မြန်မာ့ ဂီတတွင်လည်း ဤအချက် ၄ ချက်ရှိ ပြီးသားနှင့် ကိုက်ညီပါသည်။ သို့မဟုတ် ပါက သံပုံးကို တီးခေါက်နေသည်သို့ တောက်လျှောက် ဆူညံ၍ နေပေမည်။ ဤအချက် ၄ ချက်ဖြင့် ဆိုက်ဆိုဖုန်း၊ ကလာရီနက်၊ ထရမ်းပက်တို့ဖြင့် 'တော မြိုင်ခြေလမ်း' ယိုးဒယားသီချင်းကို စစ်ကြိုခေတ်က သီပေါရုံ (ယခု မစိုးရိမ် ရုံ) ၌ အမျိုးသမီးသားဖွားရန်ပုံငွေ အလှူပွဲတွင် စမ်းသပ်သီဆိုခဲ့ရာ၊ မြန်မာ မှုမပျက်ဘဲ၊ အနောက်တိုင်းတူရိယာ သင်္ကေတစနစ်ဖြင့် ပထမဦးဆုံး စမ်းသပ် သီဆိုခဲ့သော မြန်မာသီချင်းဟု ယူဆ နိုင်ပါသည်။
 
ဤသို့ဖြင့် ဆရာငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရှိ ဘီကျင်ဟော်တယ်တွင် အဖျော် ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။ ထိုသို့ ဆန်းသစ်မှု၊ တီထွင်မှု၊ နားဝင်ချိုမှု တို့အတွက် အမရပူရမော်တော်ယာဉ်အသင်း ရေသဘင်တွင် စတင်တင်ဆက် ခွင့်ရခဲ့လေသည်။ ယခုခေတ်လို ရစ်သမ် (Rhythm)၊ လိဒ် (lead)၊ ဘေ့စ် Bass ဂစ်တာ Guitar ရစ်သမ် ဝိုင်းပို့မှုပစ္စည်း စကရက်ချာ (Scratcher) ရှာကာ Shakerဆိုသော အနောက်တိုင်းသုံးပစ္စည်းတွေအစား၊ ထန်းသီးခလောက်၊ ဘူးသီးခြောက်၊ သံစည်ပိုင်းပြတ်ကို နွားသားရေနှင့် ကျတ်ပြီး ဝါးပုလွေအတို၊ ပုလွေရှည် စုံလင်စွာဖြင့် ဂီတသမားအစိမ်းသက် သက်သမားများကို ဒီအနားကျ ဒီလို မှုတ်၊ ဟိုနားကျ ဒီလိုတီးဆို၍ အနောက် တိုင်းတူရိယာဝိုင်းကဲ့သို့ တူရိယာသံစုံ ထွက်သည့်စောင်းကောက် ရေသဘင်မော် တော်ယာဉ်ကြီးလုပ်ပြ ခဲ့ကြပါသည်။ လူသားတို့အကျိုးအတွက် သိပ္ပံပညာရှင် များ ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်တီ ထွင်မှုအသစ်များ ဖော်ထုတ် အကျိုး ပြုခဲ့သလို ဆရာငြိမ်းသည်လည်း ဂီတ ဓာတ်ခွဲခန်းမှ စမ်းသပ်တွေ့ရှိမှုများ ဖြစ် သော၊ အ့ံဩဖွယ်ကောင်းသော၊အံ့ဩဖွယ်ကောင်းသော၊ ဂီတ စာလုံးများ၊ ဂီတသံစဉ်သစ်များကို ဂီတ အနုပညာကို ခုံမင်နှစ်သက်မြတ်နိုးသူ တိုင်းအတွက် သူတို့အားလုံး၏ အကျိုးငှာ ဦးဆောင်ဖော်ထုတ်ပေးခဲ့သူဆိုလျှင်လည်း မှားအ့ံမထင်ပါချေ။
 
ဤနေရာတွင် အလင်္ကာ ကျော်စွာ[[ရွှေပြည်အေး]]နှင့် ဆရာငြိမ်း ပထမဆုံး ရန်ကုန်ရောက်စဉ်က အကြောင်းဖြစ်ပါသည်။ ရန်ကုန် ရိုးလ် ကုမ္ပဏီမှ ကိုလံဘီယာဓာတ်ပြားဌာနသို့ လူပိန်ပိန်သေးသေးသွယ်သွယ် လူ တစ် ယောက် ဆရာရွှေပြည်အေးတို့ သီချင်း တိုက်နေစဉ် ရောက်လာပါသည်။ ဆရာ က မြို့မငြိမ်းကို မမြင်ဖူးခဲ့ပေ။ ယခုမှ လူချင်းဆုံတွေ့ကြပြီး၊ သူ့လက်သံကို စတင်ကြားရ၊ သိခဲ့ရ၍ သီချင်းပြီးဆုံးသွား သည်နှင့် ရွှေပြည်အေး သိလိုက်ရပါပြီ။ ဆရာ့အရည်အသွေး၊ ဖွဲ့နွဲ့ပုံ အသုံးအနှုန်း၊ အသံသွင်းထားပုံအားလုံးက အရသာခံ၍ မဆုံးအောင် ပြောင်မြောက်လှသော အရည်အသွေးကို အလင်္ကာကျော်စွာ ဆရာရွှေပြည်အေးမှ ချီးကျူးခဲ့ပါသည်။ ပထမဓာတ်ပြားတိုက်နှင့် ပြဿနာနည်း နည်းဖြစ်ပြီး၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီ ဓာတ်ပြားဌာနသို့ ညွှန်ကြား၍ ပို့လိုက် ရာမှ ဆရာငြိမ်း၏ ပညာအရည်အချင်း များ၊ ဂုဏ်ပုဒ်များသည် တိုင်းပြည်တခွင် လုံးအနှံ့ ယနေ့တိုင် ထင်လင်းလျက် ရှိနေသည်မှာ မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလော ဟု ဆရာရွှေပြည်အေး မှ ဆက်ဖော်ပြခဲ့ပါသည်။ ထိုအခါမှစ၍ ဆရာတို့နှစ်ယောက် အခါသင့်တိုင်း ယခု ပန်းဆိုးတန်းရှိ ဝင်းဝင်းရုံ (ယခင် စတားရုံ) နှင့် မျက်နှာချင်းဆိုင်မှ ထိုအခါ က (ဂေတီ) ပျော်ပွဲစားရုံတွင် တွေ့ဆုံ စားသောက်ရင်း ဂီတအရေးများ ဆွေး နွေးခဲ့ကြပါသည်။ သို့ကလို ဆွေးနွေးကြ ရင်းမှ ဆရာငြိမ်း၏ အူသည်းနှလုံးနှင့် တူသော ဝမ်းတွင်းမှ မြိုသိပ်ထားသည့် စကားများကို ဆရာရွှေပြည်အေး ကြား ရသောအခါ အ့ံအားသင့်လျက် နား ထောင်ရင်းမှ သက်ပြင်းချပြီး ဆရာငြိမ်း နှင့် ဆရာကြီးတို့ အကြံတူလေခြင်းဆို ပြီး၊ နှစ်ယောက်သား ထဖက်မိပါတော့ သည်။ ထိုအကြံကား အခြားမဟုတ်။ ကမ္ဘာ့တစ်ခွင်နှင့် မြန်မာ့ Symphony တီးဝိုင်းကြီး ထယ်ဝါစွာ ပေါ်ပေါက်လာ ရေးပင်ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးစဉ် ကပင် ဆရာငြိမ်းမှာ ကမ္ဘာသုံးသင်္ကေတ များ ကျွမ်းကျင်နေခဲ့ပါပြီ။
စာကြောင်း ၂၃၁ -
 
မြနန္ဒာ . . . .နှစ်ဦးသင်္ကြန်တော်ဝယ်။
 
 
ငြိမ်း၊ မြို့မ(မြန်မာ ၁၂၇ဝ-၁၃၁၇)။ ။
မြို့မငြိမ်းသည် လွန်ခဲ့သော နှစ်အစိတ်အတွင်းက လူကြိုက်
အလွန်များသော သီချင်းများကို ရေးစပ်ခဲ့သည့် နာမည်ကျော်
ဂီတစာဆိုဖြစ်သည်။ မြို့မငြိမ်း၏ သီချင်းများကို ဓာတ်ပြား
သွင်း၍ မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောင်းချခဲ့ရာ ယောကျာ်း
ပျို၊ မိန်းမပျိုတိုင်း၏ ပါးစပ်ဖျားတွင် ရောက်ရှိနေသော သီချင်း
များ ဖြစ်လာလေသည်။ ထိုသီချင်းများအနက် 'ချစ်ထာ ပဓာန'
သီချင်းနှင့် 'နတ်သျှင်နောင်' သီချင်းတို့သည် ပေါ်ပင်ခေတ်စား
ရုံမျှမဟုတ်ဘဲ နှစ်ရှည်လများ စွဲမြဲစွာ လူကြိုက်များလျက်ရှိ၏။
မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ မန္တလေး
မြို့ ပန်းယွန်းကုန်သည် ဦးညီ၊ ဒေါ်ချစ်ဦးတို့၏သား နှစ်
ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်
၁၉ဝ၉ ခုနှစ်၊ မြန်မာ ၁၂၇ဝ ပြည့်နှစ် တပေါင်းလဆန်း ၅
ရက်၊ တနလ‡ာနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။
 
ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာ
ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်း
ဦးမောင်မောင်ကြီးတို့၏ထံမှ ဆည်းပူးခဲ့လေသည်။ ခရစ် ၁၉၂၈
ခုနှစ်တွင် မန္တလေးမြို့မ တူရိယာအဖွဲ့ကို ဦးကော်လုံဆိုသူက
ဦးစီး တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းမှာ ထိုတူရိယာအဖွဲ့တွင်
ပါဝင်ခဲ့ လေသည်။ ထိုအဖွဲ့သားအဖြစ်ဖြင့် အနောက်နိုင်ငံ
တူရိယာ တီးနည်းနှင့် တူရိယာသင်္ကေတပညာတို့ကို သင်ယူ
ခဲ့သည်။ ၁၉၃၁ ခုနှစ်မှစ၍ သီချင်းများကို ရေးစပ်ရာ မြို့မငြိမ်း
ဟူသော ဂီတစာဆိုအမည်ကို ခံယူခဲ့လေသည်။
 
မြို့မငြိမ်း ရေးခဲ့သော သီချင်းပေါင်း ၂ဝဝ ခန့် ရှိသည်ဟု
သိရ၏။ မြို့မငြိမ်း၏သီချင်းများအနက် ပထမဦးစွာ တစ်တိုင်း
ပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ 'တူနှစ်ကိုယ်၊ တဲအို
ပျက်မှာနေရ၊ ရွှေဘုံပေါ်မှာစံရ၊ ချစ်ထာချစ်ထာ ပဓာနလို့
ဆိုချင်ပါတယ်' စသော 'ချစ်ထာပဓာန' သီချင်းဖြစ်သည်။
မြို့မငြိမ်း၏ သီချင်းရေးသက်တမ်း ၂၄ နှစ်အတွင်းတွင် ကျော်
ကြားခဲ့သော အခြားသီချင်းများမှာ အစဉ်လိုက် ဖော်ရမည်
ဆိုလျှင် 'ခင့်အိမ္မက်'၊ 'တစ်ချစ်ထဲချစ်'၊ 'မြင်းခင်းတော်'၊ 'နတ်
သျှင်နောင်'၊ 'မေ့ပါနိုင်'၊ 'ပျို့မှာတမ်း'၊ 'သက်ဝေ'၊ 'ပါရမီ
တော်'၊ 'ချစ်ရဲဘော်'၊ 'မင်္ဂလာမောင်မယ်'၊ 'ငွေဇင်ယော်'၊
'ပြုံးတဲ့မေ'၊ 'လေချိုသွေး' စသော သီချင်းများ ဖြစ်၏။ ထို
သီချင်းများကို မည်သည့် အကြောင်းကြောင့် လူကြိုက်များပါ
သနည်းဟူမူ သီချင်းစာသား ဖွဲ့နွဲ့ရာတွင်ပါရှိသော စကားလုံး
တို့သည် အနက်အဓိပ္ပါယ်ရှင်းပြီး ထိထိမိမိ ရှိရုံမက စာဆိုရှင်
၏ ခံစားမှုကို အသည်းနှလုံးတွင်းမှ လှိုက်လှိုက်လှဲလှဲ ပေါ်လွင်
စေသော အစွမ်းရှိသောကြောင့် ဖြစ်သည်။ ထိုပြင် အခြား
အကြောင်းတစ်ရပ်မှာ မြို့မငြိမ်း စတင်၍ သီချင်းရေးခဲ့သော
အချိန်၌ အနောက်နိုင်ငံ တေးသွားများကို ပုံတူကူး၍ မြန်မာ
စကားလုံးသွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေ
သည့်အခါ ဖြစ်ပေသည်။ ဤအထဲတွင်မှ မြို့မငြိမ်းသည်
အနောက်နိုင်ငံ ဂီတစပ်နည်းကို မှီးနိုင်သမျှ မှီးသော်လည်း
တေးသွားကို ခိုးချခြင်းမပြုဘဲ သူ၏ ပင်ကိုယ်
ဂီတဉာာဏ်ဖြင့် သာ ကိုယ်ပိုင်တေးသွားများ စပ်ခဲ့ပေသည်။
တေးသွားစပ်သည့် အခါ ကလဲရီးနက်ကို မှုတ်ကာမှုတ်ကာ
တေးသွားစမ်းလေ့ ရှိ၏။ မြန်မာစာပေကျမ်းဂန်များကို
ဖတ်ရှုလေ့လာခြင်းကြောင့် မြို့မငြိမ်းသည် ပေါ်လွင်
ယဉ်နွဲ့သော စကားလုံးများကို သီချင်း
၏ စကားသားအဖြစ်ဖြင့် သုံးနိုင်ခဲ့သည်။ ထိုကြောင့် သူ၏
သီချင်းများတွင် ပါဝင်သော စကားသားနှင့် တေးသွားများမှာ
မြန်မာတို့၏စိတ်နှင့် ကိုက်ညီလိုက်လျော၍ လူထုစိတ်ကြိုက်
ဖြစ်ခဲ့လေသည်။
 
မြို့မငြိမ်းသည် သီချင်းရေး ဂီတအတတ်၌သာ ဝါသနာ
ပါသည်မဟုတ်၊ ပန်းချီပန်းပု ပညာရပ်များတွင်လည်း ဝါသနာ
ပါသည်။ ထိုပညာရပ်များ၌လည်း အတော်ပင် လက်ရာမြောက်
ခဲ့ပေသည်။ အသက် ၂၂ နှစ်အရွယ်တွင် မသန်းသန်းဆိုသူနှင့်
အိမ်ထောင်ကျခဲ့၍ သားသမီး ၁၃ ယောက်ထွန်းကားခဲ့သည့်
အနက် ကွယ်လွန်ချိန်တွင် ၈ ယောက်ကျန်ရစ်ခဲ့၏။ ရှေး
သီချင်းကြီးများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည်
ကော်မတီအဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်ဖြင့်၎င်း၊ မန္တလေးရုပ်ရှင်
ကုမ္ပဏီတွင် ဂီတဖက်ဆိုင်ရာ ဒါရိုက်တာအဖြစ်ဖြင့်၎င်း ဆောင်
ရွက်နေစဉ် မြို့မငြိမ်းသည် ခရစ် ၁၉၅၅ ခုနှစ် စက်တင်ဘာလ
၁၅ ရက်နေ့တွင် မော်တော်ကား အတိုက်ခံရ၍ မန္တလေးမြို့၌
ကွယ်လွန်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
 
== ကိုးကား ==
<references/>
* ဆရာရွှေပြည်အေး ဆောင်းပါး
* ဦးကိုလေး (အမရပူရ) ဆောင်းပါး