ငှက်ကုလား: တည်းဖြတ်မှု မူကွဲများ

ငှက်မျိုးစိတ်
"==ငှက်ကုလား== ငှက်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၁၈၊ ၁ ဧပြီ ၂၀၁၁ ရက်နေ့က မူ

ငှက်ကုလား

ငှက်ကုလားသည် လည်ပင်းနက်သော ငှက်ကျားမျိုး ဖြစ် သည်။ ပါဏဗေဒအမည်မှာ 'ဇီနော်ရင်းခပ် အေရှ တီကပ် အေရှတီကပ်' ဖြစ်သည်။

အလျား ၅၂ လက်မရှိ၏။ ဦးခေါင်း၊ လည်တိုင်နှင့် အမွေး အတောင်တို့၏ အရောင်မှာ နက်၏။ ကိုယ်ပေါ်၌ အဖြူရောင် အကွက်များရှိသည်။ ပျံသည့်အခါတွင် အဖြူနှင့် အနက်ရောင် နှစ်မျိုးစလုံးကို ထင်ရှားစွာ မြင်ရသည်။ စ၍ ပျံချိန်တွင် တောင်ပံကို မှန်မှန်ခတ်ရိုက်လျက် ပျံသည်။ အရှိန်ရသောအခါ တွင် လေဟုန်စီးကာ ပျံသန်းသည်။


ငှက်ကုလားသည် အအုပ်အသင်းနှင့် နေလေ့မရှိချေ။ တစ်ကောင်တည်း ဖြစ်စေ၊ စုံတွဲဖြစ်စေသာ နေလေ့ရှိသည်။ သစ်ပင်ထိပ်ဖျား၊ မြစ်ကမ်းနား၊ ရေအိုင်၏ အနီးအနားတို့၌ ၂ ကောင်တွဲ၍ နေတတ်သည့်အလေ့မှာ အခြားမျိုးတူငှက်များနှင့် မတူသော ထူးခြားချက်ဖြစ်သည်။


ငှက်ကုလားသည် ငါး၊ ဖား၊ တီကောင်၊ ကနန်းနှင့် ခရုတို့ ကို စားသည်။ အသိုက်ကို သစ်ပင်ထက်၌ ပြုလုပ်တတ်သည်။ တစ်မြုံလျှင် ၃ မှမှ ၅ ဥအထိ ရှိတတ်သော်လည်း ၄ ဥကိုသာ အတွေ့ရများသည်။ ဥ၏ အရောင်သည် ပထမတွင် ဖြူဖွေး နေသော်လည်း နောက်တွင် တဖြည်းဖြည်း ညိုမည်း၍ လာ သည်။ ငှက်အကောင်ကြီးသည့်အလျောက် ဥ၏အရွယ်မှာလည်း ပျမ်းမျှအလျား ၂ ဒသမ ၉ဝ လက်မနှင့် ၂ ဒသမ ၁ဝ လက်မ ရှိသည်။ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သားပေါက် တတ်သည်။


ငှက်ကုလားသည် သီဟိုဠ်ကျွန်းနှင့် အိန္ဒိယနိုင်ငံများမှ သြ စတြေးလျတိုက်အထိ ပျံနှံ့စွာနေသည်။ မြန်မာနိုင်ငံတွင် ငှက် ကုလားကို ယင်းနှင့် ရာသီဥတုသင့်လျော်သော ဒေသများ၌ တွေ့ရသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)