ငှက်ကြီးဒုံးစပ်: တည်းဖြတ်မှု မူကွဲများ

ငှက်မျိုးစိတ်
"==ငှက်ကြီးဒုံးစပ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၂၅၊ ၁ ဧပြီ ၂၀၁၁ ရက်နေ့က မူ

ငှက်ကြီးဒုံးစပ်

ငှက်ကြီးဒုံးစပ်သည် ငှက်ကျားမျိုးရင်းဝင် ဖြစ်သည်။ ခြေတံ နှင့် နှုတ်သီးရှည်၍ အကြည့်ရ အလွန် ဆိုးသောငှက်မျိုးဖြစ်၏။ ရပ်နေသောအခါ ၅ ပေခန့်မြင့်၍ အတောင်များကို ဖြန့်ကာ တိုင်းတာလျှင် တစ်ဖက်များမှ တစ်ဖက်ဖျားသို့ ၁၄ ပေမျှ ရှိ တတ်သည်။

ငှက်ကြီးဒုံးစပ်သည် ငါးများ၊ ဖားများ၊ မြွေများမှအစ ပုပ်ရိ နေသော အသေကောင်များကို စားသောက်တတ်၏။ ထိုသို့ အပုပ်အစပ်များကို ရှင်းလင်းပေးတတ်သဖြင့် အိန္ဒိယ နိုင်ငံတွင် အစိုးရတို့သည် ထိုငှက်များအား မသတ်ဖြတ်ရန် ဥပဒေဖြင့် ကာကွယ်ပေးထားလေသည်။ ငှက်ကြီးဒုံးစပ်များကို အာရှတိုက် တောင်ပိုင်းနှင့် အာဖရိကတိုက်တွင် တွေ့ရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၌ တွေ့ရသော ငှက်ကြီးဒုံးစပ်မျိုးကို ပါဏဗေဒ အမည်အားဖြင့် 'လက်တိုတိုင်လပ် ဒျူဗီယပ်'ဟု ခေါ်သည်။ ဂျာဗားကျွန်း၌ တွေ့ရသောအမျိုးကို 'လက်တို တိုင်လပ် ဂျာဗန် နစ်ကပ်'ဟု ခေါ်သည်။ ယင်းကို မြန်မာတို့က ဒုံးမြီးကွက်ဟု ခေါ်ကြသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)