ကွန်ပျူတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎သမိုင်း
အရေးမကြီး →‎ပရိုဂရမ်
စာကြောင်း ၂၉ -
 
===ပရိုဂရမ် တည်ဆောက်ပုံ===
{{Main|ကွန်ပျူတာ ပရိုဂရမ်|ကွန်ပျူတာ ပရိုဂရမ်ရေးခြင်း}}
{{Main|Computer program|Computer programming}}
 
ပုံမှန်အားဖြင့် ကွန်ပျူတာညွှန်ကြားချက်များမှာ ရိုးစင်းပါသည်။ ဥပမာ ဂဏန်းတစ်ခုနှင့် တစ်ခုပေါင်းခြင်း၊ အချက်အလက်များကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ခြင်း၊ ကွန်ပျူတာနှင့် တွဲဖက်သုံးကိရိယာများကို အချက်ပြခြင်းတို့ ဖြစ်သည်။ ထိုညွှန်ကြားချက်များကို ကွန်ပျူတာ၏ မှတ်ဥာဏ်မှ ဖတ်ယူပြီး ဖတ်ယူရရှိသည့် အစဥ်အတိုင်း အတွက်အချက် အစိတ်အပိုင်းက တစ်ခုပြီးတစ်ခု ဆောင်ရွက်သည်။ သို့သော် အထူးညွှန်ကြားချက်များကို သုံး၍ ရှေ့သို့ ကျော်၍သော်လည်းကောင်း၊ နောက်သို့ ဆုတ်၍သော်လည်းကောင်း ပရိုဂရမ်အတွင်းရှိ အခြားနေရာများကို ဆောင်ရွက်ရန် ခိုင်းစေနိုင်သည်။ ထိုသို့သော် ညွှန်ကြားချက်များကို အခုန်ညွှန်ကြားချက်များဟု ခေါ်သည်။ အခုန်ညွှန်ကြားချက်များကို သူ့မတိုင်မှီအရင် ညွှန်ကြားချက်များကို တွက်ချက်ရရှိထားသည့် ရလဒ်များပေါ်မူတည်၍ အခြေအနေအလိုက် ခုန်ကျော်ရန်လည်း ခိုင်းစေနိုင်သည်။ Many computers directly support subroutines by providing a type of jump that "remembers" the location it jumped from and another instruction to return to the instruction following that jump instruction.
စာကြောင်း ၃၆ -
 
ဥပမာအားဖြင့် လူတစ်ဦးသည် အိပ်ဆောင်ဂဏန်းတွက်စက်ကို သုံး၍ ဂဏန်းနှစ်ခု ပေါင်းခြင်းစသည့် အခြေခံဂဏန်းသင်္ချာများကို ခလုပ်တစ်ခု၊ နှစ်ခု နှိပ်၍ လွယ်လင့်တကူ တွက်ချက်နိုင်သည်။ သို့သော် ၁မှ ၁၀၀၀ကြားတွင်းရှိ ဂဏန်းအားလုံးကို ဂဏန်းတွက်စက်ဖြင့် ပေါင်းလိုပါက ခလုပ်များကို အကြိမ်ပေါင်းများစွာနှိပ်ရန် လိုအပ်ပြီး ခလုပ်များ မှားယွင်းနှိပ်မိခြင်းများ ဖြစ်နိုင်သလို အချိန်ကုန်လူပင်ပန်းစရာပင် ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ ကွန်ပျူတာများကို ထိုသို့ပေါင်းရန်ကို ညွှန်ကြားချက် အနည်းငယ်မျှသုံး၍ လွယ်လင့်တကူ ခိုင်းစေနိုင်သည်။
 
{{-}}
mov #0, sum ; sum ကို ၀ လို့ သတ်မှတ်ပါ။
mov #1, num ; num ကို ၁ လို့ သတ်မှတ်ပါ။
loop: add num, sum ; num ကို sum ထဲ ပေါင်းထည့်ပါ။
add #1, num ; num ကို ၁ ပေါင်းပါ။
cmp num, #1000 ; num နှင့် ၁၀၀၀ ကို နိူင်းယှဥ်ပါ။