ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၈ -
 
၁၉၃၁ ခုနှစ် ဥပဒေပြုကောင်စီတွင် ဦးစောသည် [[ဂဠုန်ဆရာစံ]]၏ တောင်သူလယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်ရက် ရောရော နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် [[မြန်မာပြည်]]အရေး စာအုပ်တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုခံရသည်။ သာယာဝတီ တောင်ပိုင်းအမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ်မြန်မာပြည်အရေး” စာအုပ်ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ကြောင်း အထူးဂေဇက် အထုတ်ခံရသည်။ ဥပဒေပြုလွှတ်တော် အစည်းအဝေး တွင်လည်း ဆရာစံ တောင်သူလယ်သမား ပုန်ကန်မှုနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများကို ပြင်းပြင်း ထန်ထန်ဝေဖန် ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် “မစ္စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) ကဦးစောအား “မောင်စော ဂဠုန်ဖြစ်လာပြီ”ဟု ပြောရာမှ “ဂဠုန်ဦးစော”ဟု အမည်တွင် လာသည်။
 
[[File:Galon U Saw.jpg|right|thumb|250px]]
 
၁၉၃၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒ နယ်မှ အရွေးခံရာ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် နောက်ဆယ်လကျော် အကြာ ကြားဖြတ် ရွေးကောက်ပွဲ၌ ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။ ၁၉၃၄ ခုနှစ်တွင် ဦးစောသည် [[ရန်ကုန်]] မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် [[ဂျပန်နိုင်ငံ]]သို့ သွားရောက်ခဲ့သည်။ အပြန်တွင် ကိုးရီးယား၊ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ|တရုတ်]]၊ [[ထိုင်းနိုင်ငံ|ထိုင်း]]၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ အဆိုပါနိုင်ငံ၏ အဆာဟိရှင်ဘန်း သတင်းစာကိုလည်း လေ့လာခဲ့သည်။
Line ၇၃ ⟶ ၇၅:
ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန ်(၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။
 
[[File:u saw2.jpg|thumb|[[ရန်ကုန်အကျဉ်းထောင်]]ကြိုးစင်၌ ကြိုးပေးခံရပုံ]]
== ဘဝနိဂုံး ==
 
Line ၇၉ ⟶ ၈၂:
 
<ref>[[သန်းဝင်းလှိုင်]]၏ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ စာအုပ်(၂၀၀၉-ခုနှစ်)</ref>
 
[[File:u saw2.jpg|thumb|[[ရန်ကုန်အကျဉ်းထောင်]]ကြိုးစင်၌ ကြိုးပေးခံရပုံ]]
 
== ရည်ညွှန်းကိုးကား ==