ဘဝင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၃၈ -
| အာဇာနည် ပုဂ္ဂိုလ်
|}
ဦးဘဝင်းသည် [[ဗိုလ်ချုပ်အောင်ဆန်း.]] ၏ အစ်ကိုအကြီးဆုံး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၃-ခုနှစ် နယုန်လဆုတ် ၁၁-ရက်အင်္ဂါနေ့တွင် နတ်မောက်မြို့အထက်တန်းနတ်မောက်မြို့ အထက်တန်း အမိန့်တော်ရရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ မွေးဖွားသောမွေးချင်း ၉-ယောက်တို့အနက် အကြီးဆုံးသားဖြစ်သည်။ ဇာတာအမည် မောင်စံတင်ဖြစ်သည်။
== ပညာရေး ==
ဦးဘဝင်းသည် ၅-နှစ်သားအရွယ်တွင် နတ်မောက်မြို့ဆရာကြီး ဦးဝကြီး ကျောင်းတွင်စတင်ပညာသင်ကြားရာ ၇-နှစ်သားအရွယ်တွင် ၃-တန်းအောင်ခဲ့သည်။ တဖန် ဆရာသက်ကျောင်းသို့ပြောင်းနေရာ ၁၂-နှစ်အရွယ်တွင်မြန်မာ ၇-တန်း စာမေးပွဲကိုကောင်းစွာ အောင်မြင်ခဲ့သည်။
စာကြောင်း ၄၄ -
လက်ထောက်ဆရာအဖြစ်ထမ်းရွက်နေရင်း ဦးဘဝင်းသည် တတ်နိုင်သရွေ့ အင်္ဂလိပ်စာကိုလေ့လာသင်ယူရာ အင်္ဂလိပ်စာ အတော်အတန် တတ်မြောက်လာ သောအခါ ဆရာအလုပ်မှထွက် ရေနံချောင်းမြို့ ဘီအိုစီဂိုဒေါင်တွင် စာရေးကလေး အဖြစ် ဝင်ရောက်လုပ်ကိုင်သည်၊
လခစားအဖြစ်ရသမျှဝင်ငွေဖြင့် အင်္ဂလိပ်စာအုပ်များဝယ်ဖက်ကာ ရေနံချောင်းမြို့ ဆရာဦးအေးမောင်ထံတွင် ညကျောင်းတက်သည်။ ယင်းသို့ဖြင့်ကြိုးစားလာခဲ့ရာ အသက်၂၀-အရွယ်တွင် အင်္ဂလိပ်အာသာ ၁၀-တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ လေသည်၊
၁၀-တန်းအောင်သည်နှင့် တပြိုင်နက် ဦးဘဝင်းသည် အလုပ်မှထွက်ကာ မန္တလေးဥပစာကောလိပ်သို့[[မန္တလေးတိုင်း|မန္တလေး]]ဥပစာကောလိပ်သို့ မိဘများအထောက်အပံ့ဖြင့် သွားရောက်သင်ယူပြန်သည်၊ ဥပစာကောလိပ်တွင် သိပ္ပံတန်းကိုဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် အစိုးရစကောလားရှစ် ဆုချီးမြှင့်ခြင်းခံရသည်။မန္တလေး ဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူများတွင် ပထမရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။၁၉၂၉ ခုနှစ်တွင် ဘီ၊အက်(စ်)စီ သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်သည်။ ဥပစာသိပ္ပံတန်းအောင်မြင် ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ဆက်လက်သင်ယူရာ သိပ္ပံဂုဏ်ထူးတန်းကိုထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည်၊
၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့မှ ဦးအံ့၊ဒေါ်ရွှေမေတို့၏ သမီးဒေါ်ခင်စောနှင့် လက်ထပ်ခဲ့သည်။