ဘဝင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၁ -
ခရစ်သက္ကရာဇ် ၁၉၄၁-မှ ၁၉၄၂-ခုထိ (ရေနံချောင်း အမျိုးသားကျောင်းမှထွက်) ဖြူးမြို့ ကေ.အီး.အမ် အမျိုးသားကျောင်း တွင်ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်သည်။ မြန်မာနိုင်ငံသို့ ဂျပန်များဝင်လာချိန် ၁၉၄၂-ခုကုန်ခန့်တွင် ဦးဘဝင်းသည်ဇာတိ နတ်မောက်မြို့ သို့ပြန်ကာ မိခင်အိုကြီးအား စောင့်ရှောက်နေထိုင်သည်။
== နိုင်ငံရေးဆောင်ရွက်မှု ==
ဘီအိုင်အေခေတ် အုပ်ချုပ်ရေးအဖွဲ့တွင် ဦးဘဝင်းသည် ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ရာ တမြို့နယ်လုံး၏ ကြည်ညိုလေးစား ခြင်းကိုခံရသည်။ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ[[အင်္ဂလန်နိုင်ငံ|အင်္ဂလိပ်]]ပြန်ဝင်လာသောအခါ ရေနံချောင်းသို့ပြောင်းရွှေ့ နိုင်ငံရေးဆောင်ရွက်သည်။ ရေနံချောင်းနယ်လုံးဆိုင်ရာ ဖဆပလ အဖွဲ့တွင် ဥက္ကဌကြီးအဖြစ် တင်မြှောက်ခြင်းခံရသည်။
ဦးဘဝင်းကား ဖဆပလ ဥက္ကဌအဖြစ် တောရောမြို့ပါ ကြည်ညိုလေးစားခြင်း ခံရသူဖြစ်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇-ဧပြီလတွင်ကျင်းပ သောအခါ ဦးဘဝင်းသည် မကွေးအနောက်မြောက်ပိုင်း[[မကွေးတိုင်း|မကွေး]]အနောက်မြောက်ပိုင်း အမတ်အဖြစ် ပြိုင်ဘက်မရှိ ရွှေးချယ်တင်မြှောက်ခြင်းခံရသည်၊
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
 
== ဘဝနိဂုံး ==
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ဝန်ကြီးအဖွဲ့တွင် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေစဉ် ၁၉၄၇-ဇူလိုင်လ ၁၉-ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၇ မိနစ် လုပ်ကြံခြင်းခံရလေသည်။ ဦးဘဝင်းသည် ရိုးသား အေးဆေးသူဖြစ်သည်။ ဝါကြွားခြင်းကိုမုန်းတီး တဖက်သားကို အားနာတတ်သည်။ ဇွဲအလွန်ရှိပြီး လုံ့လဝီရိယ နှင့်ပြည့်စုံသည်။ ဉာဏ်အလွန်ထက် တပည့်များအပေါ် စေတနာကောင်းလှသဖြင့် တပည့်များသာမက ယင်းတို့ မိဘများကပါလေးစား ကြည်ညိုကြသည်။ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စော နှင့် သမီး မတင်လှဝင်း၊ သားမောင်စောဝင်း၊ မောင်အေးဝင်း၊သမီး ခင်မြဝင်း၊သားမောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ကျန်ရစ်သည်။