သော်တာဆွေ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၄ -
 
== ငယ်ဘဝ ==
စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၁၉ ရက် တနင်္လာနေ့တွင် [[ပေါင်း​တည်​မြို့ပေါင်းတည်မြို့|ပေါင်းတည်မြို့]] အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့် ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။
 
၁၉၂၆ ခုနှစ် ၇ နှစ်သား အရွယ်တွင် ကြို့ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည့် မြန်မာစာ သက်သက်သင်သော လောကဓာတ်ကျောင်းတွင် ပညာစသင်ခဲ့ရသည်။ ၁၄ နှစ် သားအရွယ်တွင် ကြို့ပင်ရွာ ဘုန်းကြီးကျောင်းတွင် ဖွင့်သည့် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကာ ၁၉၃၈ ခုနှစ်တွင် မြန်မာစာ ၁၀ တန်းအောင်ခဲ့သည်။