ငှက်ဖျားရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ဖယ်ရှားနေသည: rw:Malariya
No edit summary
စာကြောင်း ၂၉ -
 
== ရောဂါပျိုးချိန် ==
နာတာရှည်ငှက်ဖျားရောဂါကို ပလပ်စမိုဒီယမ်းဗိုင်းဗက်နှင့် ပလပ်စမိုဒီယမ်းအိုဗေး နှစ်မျိုးစလုံးတွင် တွေ့ရှိရပြီး ပလပ်စမိုဒီယမ်းဖယ်ဆီ ပေရမ် တွင် မတွေ့ရပါ။ ဤနေရာတွင် အသည်းထဲ၌ ပုန်းအောင်း နေသည့် ရောဂါပိုးကြောင့် ရောဂါပိုးနှင့် ထိတွေ့ပြီး လပေါင်း နှစ်ပေါင်း များစွာကြာမှ ငှက်ဖျားရောဂါ ပြန်ထလာနိုင်သည်ကို တွေ့ရသည်။ သွေးထဲတွင် ငှက်ဖျား ရောဂါပိုးကိုမတွေ့ရဘဲ ငှက်ဖျားဟုဖော်ပြပြီး ကုသခြင်းသည် လှည့်စားခြင်း တစ်မျိုးဖြစ်နိုင် သည်။ ပလပ်စမိုဒီယမ်းဖယ်ဆီပေရမ် ပိုးသည် ငှက်ဖျားဖြစ်စေရန်ရောဂါပျိုးချိန် နှစ်ပေါင်း 30 ကြာ တတ်သည်ကို တွေ့ရှိ တင်ပြထားသည်။ ခန့်မှန်းခြေအားဖြင့် သမပိုင်းဒေသတွင် ပလပ်စမိုဒီယမ်းဗိုင်းဗက်ကြောင့် ဖြစ်သော ငှက်ဖျားရောဂါ ၏ ငါးပုံတစ်ပုံသည် ဆောင်းရာသီ ကျော်လွန်ပြီး မှသာဖြစ် ပေါ်တတ်သည်။ (ယင်းသည်- ခြင်ကိုက်ပြီး တစ်နှစ် ကြာမှ ရောဂါထလာသည်)။<ref>http://en.wikipedia.org/wiki/Malaria</ref>
 
ငှက်ဖျားရောဂါ။ ။
ငှက်ဖျားရောဂါသည် သမိုင်းမတင်မီ ကာလကတည်းက
လူသားတို့အကြား၌ရှိသော ရောဂါဖြစ်သည်။
 
ကမ္ဘာပေါ်တွင် ခြင်အမျိုးပေါင်း ၂ဝဝဝ ခန့်ရှိသည့်အနက်
အနောဖလိခြင်အမျိုးပေါင်း ၆ဝ ခန့်က ငှက်ဖျားရောဂါကို
ဖြန့်ဖြူးပေးလျက်ရှိသည်။
 
ကလိုရိုကွင်းငှက်ဖျား ရောဂါကုဆေးနှင့် ဒီဒီတီ
ခြင်သေဆေးများ ပေါ်ပေါက်စအချိန်က ငှက်ဖျားရောဂါကို
လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြ
သည်။ သို့သော် ငှက်ဖျားရောဂါပိုးတို့က ရောဂါကု ဆေးများ
အပေါ် တွန်းလှန်နိုင်စွမ်းရှိလာခြင်း၊ ဒီဒီတီဆေးကို ခြင်များက
ယဉ်ပါးလာခြင်းစသည့် အကြောင်းတို့ကြောင့် ၁၉၆ဝ ပြည့်နှစ်
နောက်ပိုင်းတွင် ငှက်ဖျားရောဂါသည် ကမ္ဘာကြီး၌ ပြန်လည်
ခေါင်းထောင်လာခဲ့သည်။
 
ယနေ့ကမ္ဘာပေါ်ရှိ လူဦးရေထက်ဝက်ခန့်သည် ငှက်ဖျား
ရောဂါရှိသော အရပ်ဒေသများတွင် နေထိုင်လျက် ရှိကြသည်။
ထိုရောဂါကြောင့် တစ်နှစ်လျှင် ရှစ်သန်းကျော်ကိုးသန်းနီးပါး
သေဆုံးလျက်ရှိကြသည်။ ရောဂါ ဖြစ်ပွားသည့်နှုန်းသည်
အရှေ့တောင်အာရှဒေသ နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။
 
ငှက်ဖျားရောဂါနှင့် မြန်မာနိုင်ငံ
ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံသို့ မည်သည့်ခေတ်
ကာလက စတင်ရောက်ရှိလာသည်ဟု အတိအကျ မပြောနိုင်
သေးသော်လည်း အလောင်းဘုရားသည် တဘက်နိုင်ငံသို့
စစ်ချီရာမှ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်ခဲ့သည်ဟု သမိုင်း
တွင် ဆိုထားရာ ယင်းအဖြစ် အပျက်သည် မြန်မာနိုင်ငံ၏
ရှေးအကျဆုံး မှတ်တမ်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
 
အင်္ဂလိပ်-မြန်မာ စစ်ပွဲများနှင့် ဒုတိယကမ္ဘာစစ်ကြီး၏
မှတ်တမ်းများတွင် မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါဆိုးဝါးပုံကို
ဖော်ပြထားသည်။
 
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကူ
အညီဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနကို ၁၉၅၃ ခုနှစ်က
စတင်တည်ထောင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌
လူဦးရေ ၁ဝဝဝဝဝ လျှင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ
၉ ဒသမ ၈ ဦးရှိခဲ့သည်။ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို
နိုင်ငံတဝန်းလုံး၌ ဆယ်နှစ်တိတိ ဆောင်ရွက်ပြီးချိန် ၁၉၆၃
ခုနှစ်တွင် လူဦးရေ ၁ဝဝဝဝဝ လျှင် ရောဂါကြောင့် ကွယ်လွန်
ရသူ ၅ ဒသမ ၉ ဦးသာ ရှိသည်အထိ ကျဆင်းခဲ့သည်။
 
သို့သော် ယနေ့မြန်မာနိုင်ငံတဝန်းလုံးရှိ ဆေးရုံဆေးခန်းများ၏
လူနာစာရင်းတွင် ရောဂါအမျိုးမျိုးရှိသည့်အနက် ငှက်ဖျားရောဂါ
ဖြင့် ဆေးရုံတက်သူ နှင့်အသက်သေဆုံးသူများ၏ ဦးရေသည်
ထိပ်ဆုံးက ရှိနေဆဲဖြစ်သည်။
 
ငှက်ဖျားရောဂါအမျိုးအစား လေးမျိုးရှိသည့်အနက် ပလာ
စမိုဒီယမ် ဖယ်လီပါရမ်နှင့် ပလာစမိုဒီယမ် ဗိုင်းဗက်နှစ်မျိုးသာ
မြန်မာနိုင်ငံ၌ ဒုက္ခပေးလျက်ရှိသည်။
 
ထိုရောဂါကို အနောဖလိခြင်က သယ်ဆောင် ဖြန့်ဖြူး
သည်။ ယင်းခြင်သည် ရေသန့်ရေရှင်ရှိရာဒေသတွင် လည်း
ကောင်း၊ တောတောင်စိမ့်စမ်းဒေသရှိ မြက်ပင်၊ ဗေဒါပင်စသည်
တို့ရှိသော ရေစပ်များတွင်လည်းကောင်း၊ ချောင်းငယ်၊ မြောင်း
ငယ်များတွင်လည်းကောင်း ပေါက်ဖွားသည်။ ထို့ကြောင့်
ငှက်ဖျားရောဂါသည် တောတောင်ဒေသနှင့် ဆက်စပ်လျက်ရှိ
သည်။ အထူးသဖြင့် မိုးဦးကျအချိန်နှင့် မိုးကုန်ခါနီးများတွင်
ခြင်များပို၍ ပေါက်ဖွားသည်။ ထို့ကြောင့် ယင်းကာလ၌
ငှက်ဖျားမိသူပေါများရခြင်း ဖြစ်သည်။
 
ငှက်ဖျားရောဂါတိုက်ဖျက်ရေး
ငှက်ဖျား၊ အနာကြီး၊ ဆင်ခြေထောက်နှင့် မြန်မာနိုင်ငံတွင်
ဖြစ်ပွားသူမရှိသေးသော အခြားရောဂါသုံးမျိုး စုစုပေါင်း ရောဂါ
ခြောက်မျိုးတို့သည် ကမ္ဘာပေါ်မှ လူသားအများစုကို ဒုက္ခပေး
လျက်ရှိသည်။ ဤရောဂါများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့သည် ကမ္ဘာ့ဘဏ်၊ ယူအင်ဒီပီစသည့် အဖွဲ့အစည်းများ
၏ အကူအညီဖြင့် တီဒီအာ(အပူပိုင်းဒေသရောဂါများ သုတေ
သနအဖွဲ့)ကို ၁၉၇၅ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့သည်။ နိုင်ငံပေါင်း
၁၂၅ နိုင်ငံမှ ပညာရှင်ပေါင်း ၄ဝဝဝ ကျော်က ဤရောဂါများ
ကို တိုက်ဖျက်ရေးအတွက် စုပေါင်း သုတေသန ပြုလုပ်လျက်
ရှိကြသည်။
 
အဆိုပါတီဒီအာ အဖွဲ့ကြီး၏ ဦးဆောင်မှု အကျိုးကျေးဇူး
တစ်ရပ်မှာ ငှက်ဖျားရောဂါအတွက် မက်ဖလိုကွင်းနှင့် ဖင်ဆီ
မက်ခေါ် ဆေးသစ်နှစ်မျိုးကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။
ဤဆေးများကို လူသားတို့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်သော
ဆေးများအဖြစ် ၁၉၈၄ ခုနှစ်တွင် သတ်မှတ်ပေးခဲ့ပြီး ဖြစ်
သည်။ ဆေးပြား နှစ်ပြား၊ သုံးပြားခန့်ကို သောက်ချလိုက်ရုံဖြင့်
ငှက်ဖျားရောဂါကို ပျောက်ကင်းစေမည့် ဆေးများဖြစ်သည်။
 
သို့သော် အချိန်အဆမရှိ သဘောရှိ သောက်သုံးကြမည်
ဆိုပါက ယခင်ရှိပြီး ငှက်ဖျားရောဂါကု ဆေးများကဲ့သို့ ရောဂါ
ပိုးက ယဉ်ပါးသွားမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့်ဤဆေးကို
သွေးထဲ၌ ရောဂါပိုးကို တကယ်တွေ့ရသော ဝေဒနာရှင်များသာ
သောက်သုံးကြဖို့လိုသည်။
 
ငှက်များရောဂါ တိုက်ဖျက်ရေးအတွက် အခြားလက်နက်
ကောင်းတစ်ခုမှာ ကျောက်ရောဂါ၊ တီဘီရောဂါတို့ကဲ့သို့ ရောဂါ
ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ဖြစ်သည်။ ငှက်ဖျားရောဂါ
သည် ရောဂါပိုးတစ်မျိုးတည်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သော်
လည်း ရောဂါအဆင့် အမျိုးမျိုးတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်
ရပ်တည်လျက် ရှိသည်။ ရုပ်ပုံတွင် ဖော်ပြထားသည့်အတိုင်း
ခြင်ကတဆင့် လူသားတို့ထံဝင်လာသော ပိုးမှာ စပိုရိုဇွိုက်ခေါ်
မျိုးအောင်းစေ့ကောင်အဆင့်တွင် ပုံသဏ္ဌာန် တစ်မျိုးရှိသည်။
 
စပိုရိုဇွိုက်များက လူသားတို့၏ အသည်းထဲသို့ ဝင်ရောက်ပြီး
ပြန်ထွက်လာသောအခါ မီရိုဇွိုက်ခေါ် အမည်တစ်မျိုးဖြင့်
ပုံသဏ္ဌာန်တစ်မျိုးဖြစ်လာပြန်သည်။ ၎င်းတို့သည် သွေးထဲ၌
အကြိမ်ကြိမ်လည်ပတ် ပေါက်ပွားပြီးသောအခါ ငှက်ဖျား
ရောဂါပိုး အဖိုအမ ဂမီတိုဆိုက် အဆင့်သို့ ကူးပြောင်းသွားပြန်
သည်။ ယင်းဂမီတိုဆိုက်တို့ကို ခြင်များက သယ်ဆောင်ပြီး
ကူးစက်စေခြင်း ဖြစ်သည်။
 
ဤကဲ့သို့ အဓိကအဆင့် သုံးဆင့်ရှိသဖြင့် အဆင့်သုံးဆင့်
စလုံးကို အကာအကွယ်ပေးနိုင်မည့်ဆေးကို ဖန်တီးပေးရမည်
ဖြစ်သည်။ ငှက်ဖျားရောဂါ ကာကွယ်ရန် ဆေးမှာအခြား
ရောဂါများကဲ့သို့ ထုတ်လုပ်ရ မလွယ်သော်လည်း မကြာခင်
ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
 
ကမ္ဘာပေါ်၌ ငှက်ဖျားရောဂါတိုက်ဖျက်ရေးကို နည်းမျိုးစုံ
ဖြင့် သုတေသန ပြုနေကြသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း
ဆေးသုတေသန ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန(ရောဂါမျိုး
သယ်ဆောင်သော ပိုးမွှားများက တဆင့် ကူးစက်သောရောဂါ
နှိမ်နင်းရေးအဖွဲ့)တို့မှ တာဝန်ရှိသူများသည် ဤရောဂါများ
အတွက် အထူးကြိုးစား သုတေသနပြုလျက်ရှိကြသည်။ ယခု
အခါ၌ ပဲခူးရိုးမ တောင်ခြေတွင် လူနှင့်ခြင်တို့၏ စရိုက်ဓလေ့
ကို လေ့လာခြင်း၊ ဓာတ်ခွဲခန်းများ၌ ခြင်နှင့်ကြွက်များဖြင့်
လေ့လာခြင်း၊ သာယာဝတီ၊ တောင်ကြီး၊ မန္တလေးစသည့်
ဆေးရုံကြီးများ၌ ငှက်ဖျားရောဂါကု ဆေးဝါးသစ်များ စမ်းသပ်
ဖော်ထုတ်ခြင်း၊ တရုတ် ငှက်ဖျား ရောဂါဆေးတစ်မျိုးဖြစ်သော
ချင်ဟောက်စု ဆေးထုတ်လုပ်နိုင်ရန် ချင်ဟောက်အပင်ကို
စမ်းသပ်စိုက်ပျိုးလျက် ရှိခြင်းစသည့် လုပ်ငန်းများကို
ဆောင်ရွက်လျက် ရှိသည်။<ref> မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
</ref>
 
 
<ref>http://en.wikipedia.org/wiki/Malaria</ref>
== ကိုးကား ==
<references/>