ပြက္ခဒိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Hindu calendar 1871-72.jpg|thumb|[[ဟိန္ဒူဘာသာ|ဟိန္ဒူ]]ပြက္ခဒိန်တစ်ရွက်၊ ၁၈၇၁-၁၇၈၂]]
'''ပြက္ခဒိန်'''သည် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ရုံးသုံးရေးအတွက် အချိန်စီမံနည်းစနစ်ဖြစ်သည်။
 
==ပထမဆုံး ပြက္ခဒိန်==
လူ့သမိုင်းတစ်လျှောက်တွင် ပထမဆုံး ပြက္ခဒိန်ကို တီထွင်အသုံးပြုကြသူများမှာ အီဂျစ်လူမျိုးများဖြစ်ကြသည်။ စိုက်ပျိုးရေးကို အမှီပြုကာ အသက်မွေးကြသည့် [[ပထမအီဂျစ် ပြည်ထောင်စု]]အတွက် စိုက်ပျိုးရေးအတွက် အရေးပါသော အထောက်အကူအဖြစ် ပြက္ခဒိန်ကိုလည်း တီထွင်နိုင်ခဲ့သည်။ သို့သော် ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။
 
သို့သော် နှစ်များကိုမူ ယခုခေတ်ကဲ့သို့ နံပါတ်စဉ်တပ်၍ ခေါ်ဆိုခြင်းမပြုကြသေးဘဲ ထူးခြားသည့် အခြင်းအရာ၊ အဖြစ်အပျက်တို့ကို စွဲမှတ်ကာ သတ်မှတ်ကြသည်။ (ဥပမာ- ရေကြီးသောနှစ်၊ မီးလောင်သောနှစ် စသည်ဖြင့်) နောက်ပိုင်းကာလများတွင်မူ နန်းတက်သည့် နှစ်မှစကာ နံပါတ်စဉ်တပ်၍ သတ်မှတ်လာကြသည်။ ထိုသို့သတ်မှတ်ရာတွင် ဘုရင်ဖြစ်သူ နန်းကျခြင်း(သို့) နတ်ရွာစံခြင်း ဖြစ်လျှင် အဆုံးသတ်သွားပြီး နောက်နန်းတက်လာသည့် ဘုရင်သစ်အတွက် နှစ်ကာလသတ်မှတ်ချက် တဖန်စတင်သည်။
 
[[Category:ယဉ်ကျေးမှု]]