ငေါင်း: တည်းဖြတ်မှု မူကွဲများ

ဒဏ္ဍာရီဆန်ဆန်သတ္တဝါ
"=ငေါင်း (တိရိစ္ဆာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၂၆၊ ၁၇ ဧပြီ ၂၀၁၁ ရက်နေ့က မူ

ငေါင်း (တိရိစ္ဆာန်)

ငေါင်းသတ္တဝါသည် ယုံတမ်းစကား (ဝါ) နာနာဘာဝတို့၏ ရုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။ တောတွင်းတွင် ငေါင်းကိုဖမ်းလိုလျှင် ပိုက်၊ကျော့ စသည်နည်းများဖြင့် ဖမ်းမရပေ။ ငှက်ပျောဖက်ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။ ရှေးမြန်မာ့တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေးဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ငေါင်းရိုးတို့လည်း အပါအဝင်ဖြစ်သည်ကို တွေ့ရသည်။ တိမ်သလ္လာပေျာက်မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုးပါဝင်သည်။

သွင်ပြင်လက္ခဏာ

ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင် အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီးပါရှိသည်။ သစ်ပင်များအထက်သို့ လူတစ်ရပ်ကျော်ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာရပ်တည်နေနိုင်သည်။ ခြေတစ်ချောင်းသာရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာအိပ်စက်တတ်သည်။ အချို့အရပ်များတွင် အတောင်မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာဆိုသည်။ ဖနောင့်ပြောင်းပြန်လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ သန်မာသည်။ ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုးကွဲပြားစွာ ဆိုကြပြန်သည်။

အထောက်အထား

ငေါင်းနှင့်ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းများလက်ထက်က ရွှေတိုက်တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူဖြစ်သည်။ အဆိုပါဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။ ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့ မြတ်စောညီနောင် ဘုရားမှ ဖမ်းယူရရှိသည်။ တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။ အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံရှိသည်။ ဆံပင်တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟုဆိုသည်။ အချုပ်အားဖြင့်ဆိုသော် ငေါင်းသည် နာနာဘာဝသလို ငှက်လည်းမဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဍာန်ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုးဖြစ်ပြီး အမျိုးတုံးရှားပါးသည်ဟု ဆိုရမည်ဖြစ်သည်။