"ဗထူး၊ ဗိုလ်မှူးကြီး" ၏ တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
အရေးမကြီး (→‎ကွယ်လွန်ခြင်း)
အရေးမကြီး (→‎ဗထူးတပ်မြို့)
 
== ဗထူးတပ်မြို့ ==
အောင်ပန်းမြို့ (ကလောနှင့် ၅ မိုင် ကွာဝေးသည်) တွင် ဗိုလ်မှူးကြီး ဗထူးနှင့် ရဲဘော်များ အတွက် ကျောက်တိုင်တခု စိုက်ထူထားသည်။ အဆိုပါ ကျောက်တိုင်တွင် “ဗမာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ် ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍၊ ၁၃ဝ၇ ခု၊ နယုန်လဆုတ် ၈ ရက်နေ့ ညဥ့်ညဉ့် ၈ နာရီ ၁ဝ မိနစ် အချိန် တယ်လူး စခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ် ဗိုလ်ဗထူးနှင့် အထက်မြန်မာပြည် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်” ဟု ကမ္ပည်း ထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးသော အားဖြင့် တပ်မတော်မှလည်း “ဗထူးတပ်မြို့” ဟူသော အမည်ဖြင့် တပ်စခန်းမြို့ တခုကို ရပ်စောက်မြို့ မြောက်ဘက် တမိုင်ခန့် အကွာတွင် တည်ထားလေသည်။
 
ဗထူး တပ်မြို့သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃ဝ၅ဝ အမြင့်တွင် တည်ရှိ၍၊ ၂၂ စတုရန်းမိုင် ကျယ်ပြန့်သည်။ ယခင်က နန်ဟူရွာပျက်ဟု မြေတိုင်း မြေပုံများတွင် ဖော်ပြထားသော အရပ်ဖြစ်၏။ လွယ်ဂုံချောင်းနှင့် ပိန်းချောင်းတို့ စုပေါင်း စီးဆင်းလာသော နန်ဟူချောင်းသည် တပ်မြို့ အလယ်မှ ဖြတ်စီးသွားပြီးလျှင် ဇော်ဂျီမြစ်နှင့် ပူးပေါင်းသွားသည်။ ထိုချောင်းမြောင်းများမှ အပ တပ်မြို့ ဧရိသာ တခုလုံးသည် မြက်ခင်းများ ဖုံးနေသော တောင်ကုန်းများ ဖြစ်သည်။
 
[[တပ်မတော် သူရဲကောင်းများ]]
 
== ကိုးကား ==
''မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ ရန်ကုန်မြို့က ၁၉၆၃ ခုနှစ်မှာ ပဌမ အကြိမ် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ စာပေဗိမာန်၏ ရုပ်ပြ ဗဟုသုတဘဏ်၊ ‘မြန်မာ့ စွယ်စုံကျမ်း၊ အတွက် - ၇ (ပဉ် - ဗီး)’ [For Ever Space က eBook အဖြစ် ဖြန့်ချိတဲ့ အွန်လိုင်း PDF စာအုပ်] မှာ စာမျက်နှာ ၃၃၄ မှ ၃၃၇ အထိ ဖော်ပြ ပါရှိခဲ့တဲ့ “မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး (ခရစ် ၁၉၄၅ လွန်)” အကြောင်းကို ပြန်လည် ထုတ်နုတ် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။''
၄၁၁၈

တည်းဖြတ်မှုများ