ဗထူး၊ ဗိုလ်မှူးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဗထူးတပ်မြို့
အရေးမကြီး →‎ဗထူးတပ်မြို့
စာကြောင်း ၁ -
=ဗိုလ်မှူးကြီးဗထူး(၁၉၁၆ - ၁၉၄၅)=
== ငယ်စဉ်ဘဝ ==
[[File:bahtoo.gif|thumb|မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး]]
ဗိုလ်မှူးကြီး ဗထူးသည်ဗထူး(၁၉၁၆ - ၁၉၄၅)သည် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အပိုင် လေသွန်းခံရွာ ဇာတိဖြစ်၍ ဦးဖိုးထွန်းနှင့် ဒေါ်စိန်မြရင် တို့၏ သားထွေး ဖြစ်သည်။ မိဘများမှာ လယ်သမား အမျိုးအနွယ်များ ဖြစ်သည်။
 
ငယ်စဉ်က ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား ခဲ့ပြီးနောက် အဋ္ဌမတန်းသို့ ရောက်သောအခါ အလုပ် လုပ်လိုသဖြင့် ကျောင်းမှ ထွက်ခဲ့သည်။ မိဘများနှင့် မိတ်ဆွေ သူငယ်ချင်းများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း မရ၍ လက်လျှော့ခဲ့ရ၏။ သူ၏ မိဘများနှင့် ခင်မင်ရင်းနှီးသည့် ဟိန်းဒါး သတ္တတွင်း (ဟိန်းဒါးမိုင်း) မှ အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် ဟိန်းဒါးမိုင်းတွင် အလုပ်ရခဲ့သည်။ ဗိုလ်ဗထူး၏ ရိုးသား ဖြောင့်မတ်ခြင်း၊ လုံ့လ ဝီရိယ ရှိခြင်း၊ ပေါင်းသင်း ဆက်ဆံမှု ကောင်းခြင်း၊ ခေါင်းဆောင်မှု ကောင်းခြင်းတို့ကြောင့် အလုပ်ဝင်ပြီး၍ မကြာမီပင် မန်နေဂျာ အဖြစ် လွှဲအပ်ခြင်း ခံရသည်။