ကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: co:Vittura
No edit summary
စာကြောင်း ၇ -
ဆွစ်ဇာလန်မှ တီထွင်သူ ဖရန်ဆွိုက် အိုင်ဆက်ဒီ ရီဗက်ဇ် (François Isaac de Rivaz) မှ ၁၈၀၆ ခုနှစ်တွင် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အရောအနှောကို လောင်စာအဖြစ်အသုံးပြု၍ ပထမဆုံး အတွင်း၌ပေါက်ကွဲသော အင်ဂျင် (internal combustion engine) ကို ဒီဇိုင်းထုတ်ခဲ့ပြီး ထိုမှတဆင့် အခြေခံမျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော မော်တော်ယာဉ်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ ထိုဒီဇိုင်းမှာ အလွန်တရာ အောင်မြင်မှု မရခဲ့ပဲ ဆယ်မြူရယ် ဘရောင်း၊ ဆယ်မြူရယ်မိုရေး နှင့် ကြံ့ယာဉ် (hippomobile) ပြုလုပ်သော အီတီယန် လန်နွာ(Etienne Lenoir) တို့ ထုတ်လုပ်ခဲ့သော လှည်းနှင့်တွန်းလှည်းများကို အခြေခံ၍ ကိုးရိုးကားရား အတွင်း၌ပေါက်ကွဲသော အင်ဂျင် တပ်ဆင်ထားသော အခြားယာဉ်များမှာလည်း အလားတူပင်ဖြစ်သည်။
 
၁၈၈၁ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်တီထွင်သူ ဂူစတေ့ဗ် ထရောင်ဗီ (Gustave Trouvé) မှ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး၍ အလုပ်လုပ်သော သုံးဘီးမော်တော်ကားကို သရုပ်ပြခဲ့သည်။ ပဲရစ်တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ပြပွဲတွင် ဖြစ်သည်။ [[လျှပ်စစ်ကား]]
 
ဂိုတလီယပ် ဒိန်းမလား (Gottlieb Daimler)၊ ဝီလ်ဟမ်မေဘတ်ရှ် (Wilhelm Maybach) နှင့် ဆိရက်ဖရိုက် မားကတ်စ် (Siegfried Marcus) တို့အပါအဝင် အခြားဂျာမန်အင်ဂျင်နီယာများမှာ တစ်ချိန်တည်းမှာပင် ပြသနာကို အဖြေရှာဆဲဖြစ်သော်လည်း ကားလ်ဘင့်ဇ် (Karl Benz)ကို ခေတ်သစ်မော်တော်ယာဉ်၏ တီထွင်သူအဖြစ် ယေဘူယျအားဖြင့် သဘောတူကြသည်။
"https://my.wikipedia.org/wiki/ကား" မှ ရယူရန်