အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: mr:महाजाल
အရေးမကြီး files
စာကြောင်း ၅၄ -
သတ်မှတ်မှုများနှင့် ရည်ညွှန်းဥပဒေ၏ လမ်းဖွင့်ထားသော ရယူနိုင်မှုသည် စီးပွားဖြစ် ရောင်းချသူများကို အပြန်အလှန် လုပ်ဆောင်နိုင်သော ကွန်ယက် အစိတ်အပိုင်းများ၊ ဥပမာ ရောက်တာများ၊ တည်ဆောက်ရန် ခွင့်ပြုထားသည်။ ၎င်းက ကုမ္ပဏီပေါင်းများစွာမှ စံချိန်စံညွှန်းမီ ကွန်ယက် ဂီယာကို ရရှိစေနိုင်သည်။ ဤအရာသည် အင်တာနက် လျင်မြန်စွာ ကြီးထွားလာမှုနှင့် ဒေသန္တရနယ်ပယ် ကွန်ယက်ဖွဲ့ခြင်း တဟုန်ထိုး တိုးပွားလာမှုတို့ကို အထောက်အပံ့ဖြစ်စေခဲ့သည်။ ယင်းသည် UNIX နှင့် အခြား သုံးနေကျဖြစ်သော ကွန်ပျူတာ မောင်းနှင်လည်ပတ်မှု စနစ်တိုင်းနီးပါး ပေါ်တွင် TCP/IP ၏ ကျယ်ပြန့်သော အကောင်အထည်ဖော်မှုနှင့် တိကျသော စံချိန်စံညွှန်း သတ်မှတ်ခြင်းတို့ကို မျိုးစေ့ချခဲ့သည်။
 
[[File:800px-First Web Server.jpg|thumb|left|150pxဤ NeXT ကွန်ပျူတာကို CERN တွင် ဆာတင်(မ်)ဘာနား(စ်)-လီးက အသုံးပြုခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဝက်(ဘ်)ဆာဗာ ဖြစ်လာခဲ့သည်။]]
 
အင်တာနက်ကို ဖြစ်လာစေခဲ့သော အခြေခံ အသုံးချလုပ်ငန်းများနှင့် လမ်းညွှန်များသည် ဆယ်စုနှစ် နှစ်ခုနီးပါးမျှ တည်ရှိခဲ့သော်လည်း ကွန်ယက်သည် ၁၉၉၀ခုနှစ်များအထိ အများပြည်သူရှေ့တွင် မျက်နှာမရခဲ့ပေ။ ၁၉၉၁ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် သေးငယ်သော အရာများကို သုနေသနပြုရာ ဥရောပတိုက် တစ်တိုက်လုံးနှင့်ဆိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် CERN သည် World Wide Web စီမံကိန်းသစ်ကို ကြော်ငြာခဲ့သည်။ ဝက်(ဘ်)ကို ဗြိတိသျှ သိပ္ပံပညာရှင် တင်(မ်)ဘာနား-လီးက ၁၉၈၉ခုနှစ်တွင် တီထွင်ခဲ့သည်။ အစောပိုင်းတွင် နာမည်ကြီးသည့် ဝက်(ဘ်)ဘရောက်ဆာမှာ HyperCardနှင့် X Window System တည်ဆောက်အသုံးပြုပြီးနောက်တွင် ပုံဖော်ခဲ့သည့် ViolaWWW ဖြစ်သည်။ ၎င်းနေရာတွင် Mosaic ဝက်(ဘ်)ဘရောက်ဆာဖြင့် တဖြည်းဖြည်း အစားထိုးလာခဲ့သည်။ ၁၉၉၃ခုနှစ်တွင် အီလီနွိုက်တက္ကသိုလ်၌ အထူးတွက်ချက်ရေးအသုံးချလုပ်ငန်းများအတွက် နိုင်ငံတော်စင်တာက Mosaic ပုံစံကွဲ ၁.၀ ကို ဖြန့်ချီခဲ့သည်။ ထို့နောက် ၁၉၉၄ခုနှစ်နှောင်းပိုင်းတွင် ယခင်က ပညာရေးဆိုင်ရာဖြစ်သော နည်းပညာရပ်ဆိုင်ရာ အင်တာနက်ကို လူအများ စိတ်ဝင်စားလာခဲ့ကြသည်။ ၁၉၉၆ခုနှစ်တွင် ကမ္ဘာ့အင်တာနက် အသုံးပြုမှုသည် နေ့စဉ်သုံးဖြစ်လာခဲ့ပြီး ထို့အတွက်ကြောင့် ၎င်းကို World Wide Webကို ရည်ညွှန်းသော synecdoche အဖြစ် အသုံးပြုလာခဲ့ကြသည်။
စာကြောင်း ၈၅ -
== အင်တာနက်ကို ထိန်းချုပ်ခြင်း ==
 
[[File:785px-Icannheadquarters.jpg|thumb|left|150px|အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ မာရီနာ ဒယ်(လ်) ရေး ရှိ ICANN ရုံးချုပ်]]
 
အင်တာနက်သည် ကမ္ဘာတဝှမ်း ဖြန့်ဝေသော ကွန်ယက်တစ်ခုဖြစ်ပြီး ဆန္ဒအလျောက် အပြန်အလှန် ချိတ်ဆက်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ကွန်ယက်အများအပြား ဖွဲ့စည်း ပါဝင်နေသည်။ ၎င်းသည် ဗဟိုမှ ထိန်းချုပ်သော အဖွဲ့အစည်း မပါဘဲ လုပ်ငန်းလုပ်ဆောင်သည်။ သို့သော် အပြန်အလှန်လုပ်ငန်းလုပ်ဆောင်နိုင်မှုကို ထိန်းသိမ်းရန်အတွက် အဓိက အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၏ နည်းပညာဆိုင်ရာနှင့် ပေါ်လစီ သွင်ပြင်လက္ခဏာများ အားလုံးနှင့် အမည်နေရာပေးခြင်း နိယာမကို မာရီနာ ဒယ်(လ်) ရေး၊ ကာလီဖိုးနီးယား တွင် ရုံးချုပ်ရှိသော အမည်များနှင့် နံပါတ်များ သတ်မှတ်ရေးအတွက် အင်တာနက် ကော်ပိုရေးရှင်း (ICANN)က စီမံအုပ်ချုပ်သည်။ ICANN သည် အာဏာပိုင်ဖြစ်ပြီး ဒိုမိန်းအမည်များ၊ အင်တာနက် ပရိုတိုကော(လ်) (IP) လိပ်စာများ၊ သယ်ယူပို့ဆောင်ရေး ပရိုတိုကော(လ်)များရှိ အသုံးချ အဝင်ပေါ့(ထ်) နံပါတ်များ၊ နှင့် အခြား ပါရာမီတာများ အပါအဝင် အင်တာနက်ပေါ်တွင် အသုံးပြုမှုများတွင် ထပ်တူညီမှုမရှိစေရန် သတ်မှတ်ပေးသည့် အာဏာပိုင်အဖွဲ့ဖြစ်သည်။