အေဒင်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး →‎အေဒင်မြို့
စာကြောင်း ၁ -
==အေဒင်မြို့==
အေဒင်မြို့သည် အာရေဗျကျွန်းဆွယ် တောင် ဘက်ကမ်းခြေရှိ အေဒင်နယ်၏ မြို့တော် ဖြစ်ခဲ့သည်။ မီးငြိမ်းတောင်စွယ်ပေါ်တွင် တည်ရှိ၍ ဗြိတိသျှတို့၏ ခံတပ်မြို့တော်လည်း ဖြစ်ခဲ့သည်။ [[ပင်လယ်နီ]]၏ တောင်ဘက်ထွက်ပေါက် ဖြစ်သော ဗက်·ဗယ်·မန်ဒက် ရေလက်ကြားကို ထိန်းကြပ်လျက် ရှိသောမြို့ဖြစ်ခြင်းကြောင့် ''အရှေ့ဂျီဘရော်လ်တာ''ဟူ၍ ခေါ်စမှတ် ပြုကြသည်။ ထို့ပြင် [[စူးအက်တူးမြောင်းဆူးအက်တူးမြောင်း]]ကို ဖြတ်သန်းသွားလာသူများအတွက် အရေးကြီးသော [[ဓာတ်ဆီ]]၊ [[ကျောက်မီးသွေး]] စသော ထင်းမီးဖြည့်တင်းရာ စခန်းလည်းဖြစ် သည်။ သားရေ၊ ဆေး၊ ဆားနှင့် ကော်ဖီတို့ကို တင်ပို့သည်။ သို့သော် ၁၉၆၇ ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေးစစ်ပွဲကြောင့် ဆူးအက်တူးမြောင်းကို ပိတ်လိုက်ရသော အခါ အေဒင်မြို့၏အရေးပါမှုသည် လျော့ကျသွားခဲ့ရလေသည်။
 
တစ်ဆယ့်ငါးရာစုနှစ်အတွင်း ပေါ်တူဂီလူမျိုးတို့က အာဖရိကတိုက်တောင်ဘက်စွန်းကို ပတ်၍ အရှေ့နိုင်ငံများသို့ သွားသော ပင်လယ်ခရီးလမ်းကို မတွေ့မီကတည်းက အေဒင်မြို့ သည် အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများ ကုန်စည်ကူးသန်းရာ အချက်အခြာမြို့ဖြစ်ခဲ့သည်။ ၁၈၆၉ ခုနှစ် ဆူးအက်တူးမြောင်း ဖောက်လုပ်ပြီးနောက်တွင် ထိုမြို့သည် ဗြိတိသျှတို့ အတွက် စစ်ရေးစစ်ရာအရ ပို၍အရေးပါသောမြို့ ဖြစ်လာလေ သည်။ ဗြိတိသျှတို့သည် အေဒင်မြို့ကို ၁၈၃၉ ခုနှစ်တွင် သိမ်းပိုက်ပြီးလျှင် အိန္ဒိယနိုင်ငံအုပ်ချုပ်ရေး အောက်၌ထား၍ အုပ်ချုပ်သည်။ ၁၉၃၇ ခုနှစ် ဧပြီလ တစ်ရက်နေ့တွင် အေဒင်နယ်ကို ဘုရင်ခံတစ်ဦးက သီးခြားဗြိတိသျှ ကိုလိုနီနယ်အဖြစ် ခွဲခြားအုပ်ချုပ်သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဥပဒေပြု ကောင်စီကို ဖွဲ့စည်း၍ နယ်ကို အုပ်ချုပ်ခဲ့လေသည်။
စာကြောင်း ၂၁ -
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
 
== ကိုးကား ==
<references/>