"ဂျီဘူတီနိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၁၀၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Reverted edits by KamikazeBot (talk) to last revision by WikitanvirBot)
{{merge|ဂျီဗူတီသမ္မတနိုင်ငံ|Talk:THIS PAGE#Merger proposal|{{subst:DATE}}}}
{{stub}}
 
ဂျီဘူတီ ('''Djibouti''') ၏ တရားဝင်အမည်မှာ ဂျီဘူတီ[[သမ္မတနိုင်ငံ]] ('''Republic of Djibouti''') ဖြစ်သည်။ [[အာဖရိကဦးချို]] (Horn of Africa) တွင် တည်ရှိသည်။ မြောက်ဘက်တွင် [[အီရီထရီးယား]]၊ အနောက်ဘက်နှင့်တောင်ဘက်တွင် [[အီသီယိုပီးယား]]၊ အရှေ့တောင်ဘက်တွင် [[ဆိုမာလီးယား]] နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ကျန်သောအရပ်မျက်နှာများတွင် [[ပင်လယ်နီ]] (Red Sea) နှင့် [[အေဒင်ပင်လယ်ကွေ့]] (Gulf of Aden) တို့နှင့် ထိစပ်နေသည်။ ၂၀၀၉ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၈၆၅,၀၀၀ မျှသာရှိသော ဂျီဘူတီနိုင်ငံသည် အာဖရိကတိုက်၏ လူနေအကျဲပါးဆုံးသောတိုင်းပြည် ဖြစ်သည်။ <ref>[http://data.worldbank.org/country/djibouti World Bank country data Djibouti (2009) (number rounded)]</ref> [[အစ္စလမ်ဘာသာ]]သည် လူဦးရေ၏ ၉၄% က ကိုးကွယ်ကြပြီး အများစုကိုးကွယ်ရာဘာသာဖြစ်သည်။ ကျန်သော ၆%မှာ [[ခရစ်ယန်ဘာသာ]] ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်နှစ်များတွင် [[ပြင်သစ်]]တို့က ဆိုမာလီ[[စူလတန်]]တို့နှင့် စာချုပ်အမျိုးမျိုး ချုပ်ဆိုကာ ဂျီဘူတီနှင့် [[ပြင်သစ်ဆိုမာလီ]] တို့ကို [[ကိုလိုနီ]]အဖြစ်သိမ်းပိုက်ခဲ့သည်။ <ref>[http://www.infoplease.com/ipa/A0107467.html]</ref> ၁၉၇၇တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ ဂျီဘူတီသမ္မတနိုင်ငံအဖြစ် အမည်ပြောင်းခဲ့သည်။ ၁၉၇၇၊ စက်တင်ဘာလ (၂၀)ရက်တွင် [[ကမ္ဘာ့ကုလသမဂ္ဂ]] သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ <ref>[http://www.historyorb.com/countries/djibouti]</ref><ref>[http://www.un.org/en/members/index.shtml#d United Nations member states]</ref> လွတ်လပ်ရေးရပြီးသော်လည်း ဂျီဘူတီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် နက်ရှိုင်းစွာဆက်ဆံပြီး စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ပြင်သစ်ထံမှာ လုံခြုံရေးနှင့် စီးပွားရေးအကူအညီမြောက်မြားစွာ ရယူနေဆဲဖြစ်သည်။ <ref>[http://globaledge.msu.edu/countries/djibouti/government/]</ref>
၁၄၃၂၃

တည်းဖြတ်မှုများ