ခုခံအားကျဆင်းမှုရောဂါ နှင့်ပတ်သက်၍မှားယွင်းယူဆမှုများ: တည်းဖြတ်မှု မူကွဲများ

" '''အိတ်(ချ်)အိုင်ဗ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၀၀၊ ၂၃ မေ ၂၀၁၁ ရက်နေ့က မူ

အိတ်(ချ်)အိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) ခေါ် ခုခံအားကျဆင်းမှုရောဂါ နှင့်ပတ်သက်၍မှားယွင်းယူဆမှုများ

အိတ်(ချ်)အိုင်ဗွီ နှင့် အေအိုင်ဒီအက်(စ်) ခေါ် ခုခံအားကျဆင်းမှုရောဂါ ပျံ့နှံ့မှုသည် ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသောလူသားတို့အား သက်ရောက်ခဲ့သည်။ယူအင်(န်)အိတ်(စ်)/ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း မှဖြန့်ဝေသော “၂၀၀၆ ခုနှစ် အေအိုင်ဒီအက်(စ်) ကူးစက် ပျံ့နှ့ံမှု နောက်ဆုံးအခြေအနေ” အရ ၂၀၀၆ ခုနှစ်တွင် ခန့်မှန်းချေ ကမ္ဘာအနှံ့ရှိ ၃၉.၅ သန်း သောလူသားတို့မှာ အိတ်(ချ်)အိုင်ဗွီနှင့် နေထိုင်နေကြပြီး ၄.၃သန်းသောသူတို့ အိတ်(ချ်)အိုင်ဗွီ နောက်ထပ်ကူးစက်ခံရပြီး ၂.၉ သန်း သော သူ တို့မှာ အေအိုင်ဒီအက်(စ်) နှင့် ဆက်နွယ်သော နာဖျားမှုတို့ကြောင့် သေဆုံးခဲ့ရသည်။အချို့သော ဒေသတို့တွင် ၂၀၀၄ ခုနှစ် ကတည်းက အိတ်(ချ်)အိုင်ဗွီ ဖြစ်ပွားမှုမှာ ၅၀%အထက်သို့ မြင့်တက်လာကြောင်း ဖော်ပြလာကြသည်။ ယင်းသို့ ကမ္ဘာအနှံ့ကူးစက် ပျံ့နှံ့သည့်နောက်တွင် ရောဂါနှင့် စပ်လျဉ်း၍ အယူအဆအမှားများလည်း အတော်ပေါ်ပေါက်လာ သည်။ အောက်တွင်ပြထားသည်မှာ အချို့အဖြစ်များသော အယူအဆမှားများ၏ စာရင်းနှင့် ရှင်းလင်းပြောပြချက်များ ဖြစ်ပြီး ယင်းတို့ကို ပြန်လည်ချေပထားမှုများလည်း ပါ၀င်သည်။

အိတ်(ချ်)အိုင်ဗွီနှင့် အေအိုင်ဒီအက်(စ်) ကြားရှိ ဆက်နွယ်မှု

အိတ်(ချ်)အိုင်ဗွီသည် အေအိုင်ဒီအက်(စ်)နှင့် အတူပင်ဖြစ်သည်။ဤအရာသည် မှားယွင်းပါသည်။ အိတ်(ချ်)အိုင်ဗွီသည် လူသားတို့၏ ခုခံအားကိုကျဆင်းစေသောဗိုင်းရပ်စ် ၏ အတို ကောက်ဖြစ်ပြီး အိတ်(စ်)ရောဂါသည် (ခုခံအားကျဆင်းမှုကြောင့် ဖြစ်သောရောဂါ) ရောဂါလက္ခဏာများ၊ နာမကျန်းမှုများ နှင့် ခုခံအားစနစ် ကျဆင်းမှု နှင့်ဆက်နွယ်သော ရောဂါဖြစ်ပွားမှုများ တို့ကို စုစည်းထားခြင်းဖြစ်သည်။ အိတ်(ချ်)အိုင်ဗွီသည် အိတ်(စ်)ကို ဖြစ်စေသော အရင်းခံအကြောင်းဖြစ်သော်လည်း အိတ်(ချ်)အိုင်ဗွီသည် အောင်းနေသောအခြေအနေ နှင့် နှစ်ပေါင်းများစွာ ရှိနေနိုင်သဖြင့် အိတ်(ချ်)အိုင်ဗွီ ရှိနေသောသူအားလုံးတို့သည် အိတ်(စ်)ရောဂါ ရှိသူများ မဟုတ်ပေ။

အိတ်(ချ်)အိုင်ဗွီ/ အေအိုင်ဒီအက်(စ်) ကုသမှု

အေအိုင်ဒီအက်(စ်)ကို ကုသပျောက်ကင်းနိုင်သလား

စွမ်းအားမြင့် ရီထရို ဗိုင်းရပ်စ်ကို ဆန့်ကျင်ကုထုံး (HAART)သည် CD4+ (စီဒီဖိုး) တီ-ဆဲလ် အတိုင်းအတာကို တစ် ၀က်တစ်ပျက် ပြန်ရစေခြင်း နှင့် viremia (ဗိုင်ရီးမီးယား) (သွေးထဲတွင်ရှိသောဗိုင်းရပ်စ်ကောင်ရေ) ကို နည်းပါးအောင် သို့မဟုတ် ရှာဖွေနိုင်ခြင်းမရှိတော့လောက်သည့်ပမာဏသို့ လျော့ချခြင်းဖြင့် လူနာ၏ရောဂါလက္ခဏာများကို ငြိမ်နေ စေရန်ပြုလုပ်ပေးသည်ကို တွေ့ရသည်။ ရောဂါနှင့်အတိအကျဖြစ်သော ဆေးတို့မှာလည်း အေအိုင်ဒီအက်(စ်)၏ ရောဂါ လက္ခဏာများကို သက်သာစေပြီး အချို့သောသူများတွင် အိတ်(စ်)ဟုခေါ်ဆိုသော အခြေအနေ အတိအကျကိုပင် ကုစားနိုင်သည်။ ဆီးချိုရောဂါနှင့် အလားတူစွာ ဆေးစားကုသခြင်းသည် အိတ်(ချ်)အိုင်ဗွီ ခံစားနေရသူများကို လျော့ချ ပေးနိုင်ပြီး ရေရှည်အခြေအနေတွင် အသက်ရှင်နိုင်စွမ်းကို ပေးသည်။ သို့သော်လည်း ထိုတိုးတက်မှုတို့မှာ လက်ရှိ ကုသသောထုံးတို့သည် အိတ်(ချ်)အိုင်ဗွီ၏ ခန္ဓာကိုယ်တွင်း အောင်းနေမှုကို သုတ်သင်နိုင်ခြင်း မရှိသေးသည်နှင့်အမျှ အရှင်းပျောက်ကင်းမှုအဖြစ် မရောက်ရှိနိုင်သေးပါ။

အပျိုစင်နှင့် လိင်ဆက်ဆံမှုပြုခြင်းသည် အေအိုင်ဒီအက်(စ်)ကို အရှင်းပျောက်စေသည်

အပျိုစင်နှင့် ကာမဆက်ဆံမှုပြုခြင်းသည် အေအိုင်ဒီအက်(စ်)ကို အရှင်းပျောက်စေသည်ဟူသော ဒဏ္ဍာရီသည် အာဖရိက ဆာဟာရအောက်ပိုင်းဒေသ တွင် ပျံ့နှံ့နေသည်။အပျိုစင်နှင့် ကာမဆက်ဆံမှုပြုခြင်းသည် အိတ်(ချ်) အိုင်ဗွီ ကူးစက်ခံထားရသော ပုဂ္ဂိုလ်တစ်ဦးအား ပျောက်ကင်းအောင်ကုသနိုင်မည်မဟုတ်ဘဲ ထိုကဲ့သို့သော ထိတွေ့ မှုသည် ရောဂါမရှိသေးသောသူအား အိတ်(ချ်)အိုင်ဗွီကူးစက်နိုင်သဖြင့် ရောဂါအား ပိုမိုပျံ့နှံ့စေသည့် အခွင့်အလမ်းပင် ဖြစ် ပါသည်။ ထိုဒဏ္ဍာရီသည် အာဖရိကအတွင်း လူမမည်ကလေးငယ်များအား မတရားပြုကျင့်ခြင်းတို့ အပါအဝင် ထိုထို သော ကာမဆိုင်ရာအလွဲသုံးစားမှု နှင့် ကလေးသူငယ်များအားမတရားပြုမှု ဖြစ်ပွားမှုတို့၏ အကြောင်းရင်းတစ်ရပ်အဖြစ် အထင်အရှားသတိပြုမိလာစေသည်။

တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှုပြုခြင်းသည် အိတ်(စ်)ကို ရှောင်ရှားနိုင်သည် သို့မဟုတ် အရှင်းပျောက်စေသည်

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်း(စ်)ဘတ်(ဂ်) ရှိ တိရစ္ဆာန်များ ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ အမျိုးသားကောင်စီ (NSPCA) မှ မှတ်တမ်းကောက်ယူထားသည်မှာ ၂၀၀၂ အတွင်းတွင် လူငယ်များအကြား ယုံကြည်မှုမှာ တိရစ္ဆာန်များနှင့် လိင်ဆက်ဆံမှုပြုခြင်းသည် အိတ်(စ်)ရောဂါ ကူးစက်ခံစားခဲ့ရလျှင် ရှောင်ရှားနိုင်သည့် သို့မဟုတ် ကုသပျောက်ကင်းနိုင်သည့်နည်း ဖြစ်သည်ဟု ဆိုသည်။“အပျိုစင်ကုသရေး” ကဲ့သို့ ယုံကြည်မှုများဖြစ်ပြီး လိင်ဆက်ဆံမှုတစ်ခုသည် အိတ်(စ်)ရောဂါကို ကုသပျောက်ကင်းနိုင်သည်မှာ အမှန်ပင်ဖြစ်သည်ဟူသည်ကို ထောက်ပြနိုင်သည့် တိကျသေချာသော သက်သေသာဓက လည်းမရှိ၊ ပေါ်ပေါက်လာပြီးကတည်းက ထိုသို့ပြုခြင်းဖြင့် ပျောက်ကင်းသည်ဟု ယုတ္တိရှိသော အဖြစ်အပျက် လည်းမရှိခဲ့ပေ။ တိရစ္ဆာန်နှင့်ကာမဆက်ဆံခြင်းဖြင့် အိတ်(ချ်)အိုင်ဗွီ ရနိုင်သည့် အန္တရာယ်မှာ နည်းသော်လည်း ယင်းအပြုအမူသည် ကိုယ်တိုင်ကိုကပင်ကျန်းမာရေးထိခိုက်စေနိုင်သည်။

အိတ်(ချ်)အိုင်ဗွီ ဖြစ်ပွားမှု

အိတ်(ချ်)အိုင်ဗွီပိုး ရှိသူတစ်ဦးနှင့် သာမန်ထိတွေ့ကိုင်တွယ်ရုံဖြင့် အေအိုင်ဒီအက်(စ်) ကူးစက်နိုင်သည်။လူမှုပတ်ဝန်းကျင်၊ ကျောင်း သို့မဟုတ် အလုပ်ခွင်တွင် နိစ္စဓူဝ ထိတွေ့မှုမှတဆင့် အိတ်(ချ်)အိုင်ဗွီပိုး ကူးစက်ခံရသူ တစ်ဦး ဖြစ်မလာနိုင်ပါ။ တစ်ယောက်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ တစ်စုံတစ်ဦးအား ဖက်ရမ်းခြင်း သို့မဟုတ် "အခြောက်" နမ်းရှုံ့ခြင်း၊ အိမ်သာတစ်ခုတည်းကို သုံးစွဲခြင်း သို့မဟုတ် ဖန်ခွက်တစ်ခုတည်းမှအတူ သောက်ခြင်း၊ သို့မဟုတ် ရောဂါ ရှိသူ၏ ချောင်းဆိုးခြင်း၊သို့မဟုတ် နှာချေခြင်း တို့နှင့် ထိမိခြင်းတို့မှ အိတ်(ချ်)အိုင်ဗွီပိုး ကူးစက်ခံရသူ ဖြစ်မလာနိုင်ပါ။

တံတွေးတွင်ပါ၀င်သော ဗိုင်းရပ်စ်အရေအတွက်သည် ဥပေက္ခာပြုဖွယ်ဖြစ်၍ နှုတ်ခမ်းခြင်း နမ်းရှုံ့ခြင်း သည်ပင် အန္တရာယ်နည်းသည်ဟု မှတ်ယူနိုင်ပါသည်။ သို့သော်လည်း ရောဂါကူးစက်ခံထားရသူ သို့မဟုတ် နမ်းရှုံ့သူ နှစ်ဦးလုံးသည် သူတို့ပါးစပ်အတွင်း ရှရာများ၊ ပွင့်နေသောအနာများ သို့မဟုတ် သွားဖုံးရောဂါ တို့ကြောင့် သွေး ရှိနေခဲ့လျင်အန္တရာယ်ပိုကြီးပါသည်။ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန (CDC) တွင် နမ်းခြင်း မှတဆင့် အိတ်(ချ်)အိုင်ဗွီ ပျံ့နှ့ံကူးစက်ခြင်းဖြစ်နိုင်သည့်အဖြစ် (သွားဖုံးရောဂါ အထင်အရှားရှိသည့် အိတ်(ချ်)အိုင်ဗွီ ရောဂါပိုး ရှိသောအမျိုးသားနှင့် သွားဖုံးရောဂါ အထင်အရှားရှိသော ကာမဆက်ဆံသူအဖော် တို့ပါ၀င်သည့်) မျိုးတစ်ခု သာ မှတ်တမ်းရှိပြီးTerence Higgins Trust (တီရန်စီ ဟစ်ဂင်(စ်) ထရပ်(စ်)) က ယင်းသည်အခြေခံအားဖြင့် အန္တရာယ်မရှိသော အခြေအနေ ဖြစ်သည်ဟု ဆိုပါသည်။

ခံတွင်းဖြင့် လိင်ဆက်ဆံမှုပြုခြင်းမှတဆင့် အိတ်(ချ်)အိုင်ဗွီ မကူးစက်နိုင်ပါ

ခံတွင်းဖြင့်လိင်ဆက်ဆံမှုပြုခြင်းမှာ မိန်းမကိုယ် နှင့် စအိုနှင့် လိင်ဆက်ဆံခြင်း တို့ထက် အိတ်(ချ်)အိုင်ဗွီပိုး ကူးစက်ခြင်း နိမ့်သည်ဟု လက်ခံထားသော်လည်း အိတ်(ချ်)အိုင်ဗွီသည် ခံတွင်းဖြင့် လိင်ဆက်ဆံသည့် ထည့်သွင်းသောသူရော၊ လက်ခံသူနှစ်ဦးလုံးမှတဆင့် ကူးစက်ပျံ့နှံ့နိုင်သည်။[19] ယင်းသည် သုတ်ရည် သို့မဟုတ် မိန်းမကိုယ်မှထွက်သော အရည် နှင့် ပါးစပ်၏ စိုစွတ်သောအရည်အမြှေးပါး တို့ကြားထိတွေ့မှု ရှိသွားချိန်တွင်ဖြစ်သည်။ တစ်ကြိမ်တစ်ခါထိတွေ့ရုံ နှင့်ကူးစက်နိုင်သည့် အန္တရာယ်မှာ သေးငယ်သော်လည်း ဆက်ဆံမှု အရေအတွက်များသည်နှင့်အမျှ တိုးလာသည်။ ယနေ့အထိ CDC (စီဒီစီ) မှ ထိုဆက်ဆံမှုမျိုးမှ ထည့်သွင်းသူအဖော်ထံသို့ ကူးစက်ပျံ့နှံ့သည့် ရေးမှတ်တင်သွင်း ထားသည့် အဖြစ်မျိုး စာရင်းပြုစုထားခြင်းမရှိပေ။ လိင်အင်္ဂါ ပေါ်တွင်အနာအပွင့်များရှိခြင်းနှင့်၊ သို့မဟုတ် ပါးစပ်တွင် သို့မဟုတ် ထင်ရှားသော သွားဖုံးရောဂါ သို့မဟုတ် သွေးထွက်ခြင်း အဖြစ်များတွင် ကူးစက်ပျံ့နှံ့မှု အန္တရာယ် မြင့်တက်နိုင်သည်။ ဆိုလိုသည်မှာ သုတ်ရည် နှင့် အရည်ပြား ကွဲနေသည့်နေရာ သို့မဟုတ် ပါးစပ်မျက်နှာပြင်တို့တွင် တိုက်ရိုက်ထိတွေ့မှု ရှိသွားခြင်းကြောင့် ဖြစ်သည်။


အိတ်(ချ်)အိုင်ဗွီသည် ခြင်များမှ တဆင့် ကူးစက်နိုင်သည်

ခြင် သည် လူကိုကိုက်လျှင် သူနောက်ဆုံးစုပ်လာသူ၏သွေးကို နောက်ကိုက်မည့်သူထံသို့ ထည့်သွင်းခြင်း မပြုပါ။ သို့ သော် သူတို့၏ တံတွေးကို ကိုက်ခံရသူတို့ထံသို့ ထည့်သွင်းသည်ဖြစ်ရာ ယင်းမှ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ အသားဝါ ရောဂါ သို့မဟုတ် ၀က်စ်နိုင်းလ်ဗိုင်းရပ်စ် တို့ကဲ့သို့သော ရောဂါများကို သယ်ဆောင်လာနိုင်ပြီး အကိုက်ခံရသူကို ထိုရောဂါများနှင့် ကူးစက်ဖျားနာစေနိုင်သည်။ အိတ်(ချ်)အိုင်ဗွီသည် ထိုပုံစံမျိုးနှင့် ပျံ့နှံ့ကူးစက်ခြင်းမဟုတ်ပေ။ တစ်နည်းပြောရလျင် ခြင်၏ဝမ်းဗိုက်ထဲတွင် အိတ်(ချ်)အိုင်ဗွီပိုးရှိသော သွေးရှိချင်ရှိနိုင်ပြီး လူ့အရေပြားပေါ်တွင် အရိုက်ခံလိုက်ရပြီး ထိုသူမှ ကုတ်ဖဲ့လိုက်သည်ဆိုလျှင် ပျံ့နှံ့ကူးစက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုကဲ့သို့သော အန္တရာယ်မှာ အလွန်ကိုသေးငယ်ပြီး ထိုနည်းလမ်းမှတဆင့်ဖြစ်ပေါ်မှုကို သက်သေပြထားသည့်ဖြစ်ရပ်မျိုး မရှိသေးပါ။


ခန္ဓာကိုယ်ပြင်ပတွင် အိတ်(ချ်)အိုင်ဗွီသည် အချိန်တိုလေးသာ နေနိုင်သည်

အိတ်(ချ်)အိုင်ဗွီသည် ခန္ဓာကိုယ်ပြင်ပ၌ အခန်းအပူချိန်တွင်ပင် ခြောက်သွေ့နေလျင် (ကနဦး ပမဏမှာ မြင့်မားသည်ဟု ပေးထား)နာရီပေါင်းများစွာနှင့် စိုစွတ်လျှင် (သုံးပြီးသားဆေးထိုးပြွှန်များ၊ အပ်များအတွင်း) သီတင်းပတ်ပေါင်း များစွာ ရှင်သန်နိုင်သည်။သို့သော်လည်း ခန္ဓာကိုယ်မှ ထွက်သော အရည်တို့တွင် ပုံသေပါ၀င်နေကျ ပမာဏသည် ခန္ဓာကိုယ်ပြင်ပတွင်လောက်ပင် ရှည်ကြာစွာ မရှင်သန်နိုင်ပေ။ ယေဘုယျအားဖြင့် ခြောက်သွေ့နေလျှင် မိနစ်အနည်း ငယ်ထက် မပိုပေ။စိုစွတ်နေလျှင်မူ အချိန်ပမာဏမှာ ပိုကြာပေမည်။ အထူးသဖြင့် ဆေးထိုးပြွှန်များ/ အပ်များ နှင့် ဆက်နွယ်သော အသုံးအဆောင်ပစ္စည်းများ။

အိတ်(ချ်)အိုင်ဗွီသည် လိင်တူဆက်ဆံသူအမျိုးသားများနှင့် မူးယစ်ဆေးသုံးစွဲသူတို့ကိုသာ ရောဂါဖြစ်ပွားကူးစက်စေသည်

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားများအတွက် ရောဂါဖြစ်ပွားကူးစက်စေသော အဓိကလမ်းမှာ လိင်တူဆက်ဆံမှု ပြုခြင်း မှတဆင့် ဖြစ်သည်။ အမျိုးသမီးတို့တွင် ကူးစက်ပျံ့နှံ့ခြင်း ပထမအဆင့်သည် လိင်ကွဲဆက်ဆံခြင်း မှတဆင့် ဖြစ်သည်။မည်သို့ပင်ဖြစ်စေ အိတ်(ချ်)အိုင်ဗွီသည် မည်သူ့ကိုမဆို အသက်အရွယ်၊ ယောကျ်ားမိန်းမ၊ လူမျိုး သို့မဟုတ် ကာမဆက်ဆံပုံအကြိုက် တို့ကို မထောက်ထားဘဲ ကူးစက်ရောဂါ ဖြစ်စေနိုင်သည်။စအိုနှင့်လိင်ဆက်ဆံခြင်း (လက်ခံသူအဖော်သည် မိန်းမဖြစ်စေ၊ ယောကျ်ားဖြစ်စေ) သည် လိင်ဆက်ဆံမှု အပြုအမူများ အများစုထက်ပိုမို၍ ရောဂါကူးစက်ဖြစ်ပွားမှု အန္တရာယ်ပိုမြင့်သည်မှာ အမှန်ဖြစ် သော်လည်း မည်သူတို့တွင်မဆို ထိုး သွင်းမှုပြုလုပ်သော လိင်ဆက်ဆံမှု အပြုအမူအများစုမှလည်း အန္တရာယ်ကို သယ်ဆောင်လာသည်သာ ဖြစ်သည်။ ကွန်ဒုံးကို မှန်ကန်စွာ သုံးစွဲခြင်းသည် ထိုအန္တရာယ်ကို လျော့နည်းနိုင်ပါသည်။


အိတ်(ချ်)အိုင်ဗွီပိုး ကူးစက်ခံရသော အမေသည် ကလေးမယူနိုင်ပါ

အိတ်(ချ်)အိုင်ဗွီ ကူးစက်ခံထားရသော အမျိုးသမီးတို့သည် အိတ်(ချ်)အိုင်ဗွီ၏ နောက်ပိုင်းအဆင့်များတွင် ကိုယ်ဝန် ဆောင်အမျိုးသမီးတို့တွင် အလိုအလျောက် ကိုယ်ဝန်ပျက်ကျသည့် အန္တရာယ် မြင့်မားသော်လည်း လက်ရှိတွင် သန္ဓေအောင်စဲ ဖြစ်သည်။ ပုံမှန်အားဖြင့် မမွေးသေးသောကလေးသို့ အိတ်(ချ်)အိုင်ဗွီ ပျံ့နှံ့ကူးစက်နိုင်ရန် အန္တရာယ်မှာ ၁၅ နှင့် ၃၀% ကြားတွင်ရှိသည်။ သို့သော် လူနာမှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်များကို ဂရုတစိုက် လိုက်နာမှု ပြုလင် ယင်းကို ၂ မှ ၃% ထိအောင် လျော့ချနိုင်ပါသည်။


အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်(စ်) ၏ သမိုင်းကြောင်း

အေအိုင်ဒီအက်(စ်) ကပ်ရောဂါသည် လူယောကျ်ားတစ်ဦးမှ အာဖရိကန် မျောက်တို့နှင့် လိင်ဆက်ဆံမှုပြုရာမှ ဗိုင်းရပ်(စ်) ကို ယနေ့ခေတ် လူသားများစီသို့ ကူးစက်ပြန့်ပွားခြင်းမှ စတင်သည်။ အိတ်(ချ်)အိုင်ဗွီသည် ချင်ပန်ဇီများနှင့် အာဖရိကရှိမျောက်များ တွင်သာဖြစ်သော ရောဂါ ဖြစ်သည့် မျောက်၏ခုခံအား ကျဆင်းစေသည့်ဗိုင်းရပ်(စ်) ၏သန္ဓေပြောင်းသည့်ပုံစံဖြစ်ပြီး လိင်ဆက်ဆံခြင်း မှတဆင့် အိတ်(ချ်) အိုင်ဗွီ ဖြစ်ပွားခြင်းမှာ တိရစ္ဆာန်မှတဆင့်ရောဂါကူးစက်ခြင်းပုံစံ နှင့် လုံးဝတခြားစီဖြစ်သည်။အက်(စ်)အိုင် ဗွီကို သယ်ဆောင်ထားသော အာဖရိကချင်ပန်ဇီများ နှင့် မျောက်များမှာ အစားအတွက် အမဲလိုက်ခံရပြီး ကူးစက် ပျံ့နှံ့မှုဗေဒ အထူးပြုသောသူများမှာ ထိုရောဂါသည် မုဆိုးများမှ သူတို့သတ်လိုက်သည့် အက်(စ်)အိုင်ဗွီ ရောဂါပိုး ရှိသောမျောက်တို့၏ သွေးနှင့်ထိတွေ့ပြီးနောက် လူများတွင်တွင်ပါ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တွက်ချက် ယူဆကြသည်။ ပထမဆုံး လူသားတွင် အိတ်(ချ်)အိုင်ဗွီ ရှာတွေ့ခြင်း အဖြစ်အပျက်မှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ တွင် ၁၉၅၉ ခုနှစ်ကသေဆုံးသွားသူတစ်ဦးတွင်ဖြစ်ပြီး လတ်တလော လေ့လာမှုများမှ နောက်ဆုံးအဖြစ်များသော အိတ်(ချ်)အိုင်ဗွီနှင့် အက်(စ်)အိုင်ဗွီ တို့၏ဘိုးဘေးကို မော်လီကျူး နာရီ နည်းလမ်းဖြင့် သုံး၍ ၁၈၈၄ နှင့် ၁၉၁၄ အကြားဟု ခန့်မှန်းသတ်မှတ်သည်။

အေအိုင်ဒီအက်(စ်)ကို ငြင်းဆိုသည့်ဝါဒ

အာဖရိကတွင် အေအိုင်ဒီအက်(စ်) မရှိ၊ အေအိုင်ဒီအက်(စ်) ဆိုသည်မှာ ရောဂါဟောင်းများ၏ နာမည်အသစ်ထက် ဘာမှမပိုပေ။ အာဖရိက တွင် အေအိုင်ဒီအက်(စ်)နှင့် ဆက်နွယ်မှုရှိလာသော ၀မ်းရောဂါများ နှင့် အဆုတ်နာရောဂါ တို့ကဲ့သို့သော ကိုယ်အလေးချိန်လျော့နည်းလာသောရောဂါသည် အချိန်အတော်ကြာ ဆိုးရွားစွာ နှိပ်စက်လာခဲ့ကြသည်။ သို့သော်လည်း ထိုရောဂါတို့မှ သေဆုံးမှု နှုန်း မြင့်မားမှုတို့မှာ ယခင်က အသက်ကြီးသူတို့နှင့် အာဟာရချို့တဲ့သူတို့တွင်သာ ဖြစ်ရာမှ ယခုတွင် ပညာတတ် လူလတ်တန်းစား တို့အပါအဝင် အိတ်(ချ်)အိုင်ဗွီ ကူးစက်ခံစားနေရသူ လူငယ်များ နှင့် သက်လတ်ပိုင်းအရွယ် တို့တွင်ပါ ဖြစ်လာသည်။

ဥပမာ ၊ Côte d'Ivoire (ကိုတီ ဒီအို်င်ဗီအိုရီ) မှ လေ့လာချက်တစ်ခုတွင် သွေးထဲတွင် အိတ်(ချ်)အိုင်ဗွီရှိသော သူတို့တွင် အဆုတ်တီဘီနှင့် တွဲနေပါက သွေးထဲတွင် အိတ်(ချ်)အိုင်ဗွီမရှိသူ အဆုတ်တီဘီသမားထက် ခြောက်လတွင်း သေဆုံး နိုင်ရန် ၁၇ ဆပိုများသည်။[41] မာလာဝီ တွင် သုံးနှစ်အရွယ််ကလေးများအကြား အကြံပြုထားသော ကလေးဘဝတွင် ကာကွယ်ဆေးထိုးမှု တို့ ခံယူထားသည့်ကလေးများအတွင်း ပထမတစ်နှစ် အသက်ရှင်နိုင်စွမ်း ရှိခဲ့သော ကလေးများ သေဆုံးမှုမှာ အိတ်(ချ်)အိုင်ဗွီ မရှိသူကလေးများတွင်ထက် အိတ်(ချ်)အိုင်ဗွီ ရှိသူကလေးများတွင် ၉.၅ ဆပိုများသည်။ သေဆုံးမှုတို့အား ဦးဆောင်နေသောအကြောင်းရင်းမှာ ကိုယ်အလေးချိန်လျော့နည်းလာမှု ရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ အခြေ အနေများ ဖြစ်သည်။[42] အာဖရိကတစ်လွှား ရှာတွေ့ချက်များမှာ ဆင်တူကြသည်။

အိတ်(ချ်)အိုင်ဗွီသည် အေအိုင်ဒီအက်(စ်) ဖြစ်စေသည့် အကြောင်းရင်း မဟုတ်ပေ

အိတ်(ချ်)အိုင်ဗွီသည် အေအိုင်ဒီအက်(စ်) ဖြစ်စေသည့် အကြောင်းအရင်းဖြစ်ကြောင်းကို ကျယ်ပြန့်စွာ သိပ္ပံနည်းကျ ထောက်ခံမှု ပြုခဲ့ကြသော်လည်း ဇီဝပညာရှင် Peter Duesberg (ပီတာ ဂျူ့(စ်)ဘတ်)၊ ဇီဝဓါတုပညာရှင် David Rasnick (ဒေးဗစ် ရက်(စ်)နခ်)၊ စာနယ်ဇင်းသမား /လှုပ်ရှားပြောင်းလဲရေးသမား Celia Farber (စီလီရာ ဖာဘာ)၊ ရှေးရိုးစွဲစာရေးဆရာ Tom Bethell (တွမ် ဘီသယ်(လ်))၊ ဖန်တီးမှုဉာဏ်စွမ်း (ဖန်ဆင်းခြင်းဝါဒီကို ယုံကြည်သူ) ထောက်ခံသည့် Phillip E. Johnson (ဖီးလစ် အီး ဂျွန်ဆင်) တို့အပါအဝင် အချို့သောသူများမှာ ထိုထောက်ခံမှုကို ငြင်းဆိုကြသည်။ (ဇီဝကမ္မဗေဒပညာရှင် Robert Root-Bernstein (ရောဘတ် ရု-ဘန်းစတိန်း) နှင့်သမားတော် နှင့် အေအိုင်ဒီအက်(စ်) သုတေသီ Joseph Sonnabend (ဂျိုးဇက် ဆန်နာဘန်း) တို့ ပါ၀င်သော အေအိုင်ဒီအက်(စ်) ကို ငြင်းဆိုသည့်ဝါဒီတို့မှ ယခင်ရှေးသံသယဖြစ်သူများ အချို့ကတည်းက ငြင်းဆိုခဲ့ကြသည်။)

အိတ်(ချ်)အိုင်ဗွီရောဂါ၏ ဖြစ်ပေါ်ပုံ၊ဖွ့ံဖြိုးပုံ အကြောင်းမှာ အရေးကြီးသော အသေးစိတ်အချက်တို့မှာ သေချာရှင်းလင်း အောင်ပြုရန် ကျန်နေသေးသည့်တိုင် အတော်များများသိပြီး ဖြစ်ပါသည်။ သို့သော်လည်း ဖြစ်ပေါ်ပုံ၊ ဖွ့ံဖြိုးပုံ အကြောင်းစုံကို ပြည့်စုံသေချာစွာ နားလည်ရန်မှာ ရောဂါဖြစ်စေသော အကြောင်းထက်စာလျင် မရှိမဖြစ်သိရမည် မဟုတ်ပေ။ ရောဂါပေးနိုင်သည့် လုပ်ဆောင်မှုများ မတိုင်ခင်အကြာကြီး ကတည်းကပင် ရောဂါဖြစ်စေသော ပိုးမွှား အများစုသည် သူတို့ဖြစ်စေနိုင်သည့်ရောဂါနှင့် ဆက်နွယ်နေသည်ကို ဖော်ထုတ်ရရှိသည်။ အဘယ်ကြောင့်ဆိုသော် အဆုတ်နာရောဂါ နှင့် အသည်းရောင်အသားဝါဘီရောဂါ တို့ အပါအဝင် ရောဂါအတော်များများတွင် ဖြစ်စေနိုင်သော ရောဂါပိုးမွှားများကို ကောင်းစွာရှာတွေ့နိုင်သော်လည်း ရောဂါဖြစ်စေသော အကြောင်းအရာများမှာ အနည်းငယ်သာနားလည်နိုင်ပြီး၊ တိကျ သောတိရစ္ဆာန်ပုံစံပြုမှုများကို မရရှိနိုင်သဖြင့် ရောဂါဖြစ်ပေါ်ဖွ့ံဖြိုးမှုကို သုတေသနလုပ်ခြင်းမှာ ခက်ခဲလှပါသည်။အေအိုင်ဒီအက်(စ်)ပျံ့နှံ့ဖြစ်ပွားမှုများ ပျံ့နှံ့ပုံသည် အိတ်(ချ်)အိုင်ဗွီသည် ဖြစ်ပွားစေသည့်အရင်းခံဖြစ်ကြောင်းကို သံသယများဖြစ်လာသည်။ ဗိုင်းရပ်(စ်)ပိုးသည် ကျား၊မသတ်မှတ်ခြင်းမရှိသည့်တိုင် အေအိုင်ဒီအက်(စ်)ဖြစ်ပွားမှုများ၏ အနည်းငယ်သော ပမာဏသည် အမျိုးသမီးများအတွင်း ဖြစ်နေသည်။

အမေရိကန်ပြည်ထောင်စု၌အေအိုင်ဒီအက်စ်ပြဿနာ

အမေရိကန်ပြည်ထောင်စုတွင်း သို့မဟုတ် ကမ္ဘာတစ်နေရာတွင်ဖြစ်စေ အေအိုင်ဒီအက်(စ်)ပြဿနာတို့၏ ပျံ့နှံ့ဖြစ်ပွား မှုများသည် လူထုအတွင်း အိတ်(ချ်)အိုင်ဗွီ ပျံ့နှံ့မှုကိုအမှန်ပင် ထင်ဟပ်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် မူးယစ်ဆေးဝါးအကြောထဲသွင်း သုံးစွဲသူများ (အများစုမှာ အမျိုးသားများဖြစ်) နှင့် လိင်တူခြင်းဆက်ဆံသော အမျိုးသား များတွင် အိတ်(ချ်)အိုင်ဗွီသည် ပထမဆုံး ပေါ်ပေါက်လာသည်။ အိတ်(ချ်)အိုင်ဗွီသည် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုခြင်း၊ အိတ်(ချ်)အိုင်ဗွီပိုးရှိနေသော အပ်များကို လဲလှယ်သုံးခြင်း၊ သို့မဟုတ် အကြောတွင်း ဆေးသွင်းကုသစဉ် ဆေးရည်ပုလင်းနှင့် ရောဂါရှိသောသွေးတို့ အပြန်အလှန်ကူးစက်ခြင်းတို့မှတဆင့် ပထမဦးစွာပျံ့နှံ့ခြင်း ဖြစ်သည်။ အနောက်နိုင်ငံမှ အမျိုးသားတို့သည် အမျိုးသမီးတို့ထက် တရားမဝင် မူးယစ်ဆေးဝါးကိုအကြောတွင်း ထည့်သွင်း သုံးခြင်း ပိုပြုလေ့ရှိပြီး အမျိုးသားများသည် အကာအကွယ်မဲ့ စအိုနှင့်လိင်ဆက်ဆံခြင်း တို့ ကဲ့သို့သော အန္တရာယ် အကြီးဆုံးသော လိင်ဆက်ဆံခြင်းအပြုအမူတို့ ပြုကြကြောင်း အစီရင်ခံရသည်။ ထိုအပြုအမူများသည် ယောကျ်ား၊မိန်းမ စောင်းနင်းခြင်းကို ဖော်ပြခြင်းဖြစ်ရာ အမေရိကန် အေအိုင်ဒီအက်(စ်)ဖြစ်ပွားမှု အများစုမှာ အမျိုးသားများတွင် ဖြစ်သည်ဟူသည်မှာ အံ့သြလောက်ဖွယ် မဟုတ်တော့ပေ။

အမေရိကန်ပြည်ထောင်စုတွင်းမှ အမျိုးသမီးများတွင် အိတ်(ချ်)အိုင်ဗွီပိုး ပါ၀င်နေသောအပ်များ လဲလှယ်သုံးစွဲခြင်း သို့မဟုတ် အိတ်(ချ်)အိုင်ဗွီကူးစက်ထားသော အမျိုးသားနှင့် ကာမဆက်ဆံခြင်း တို့မှတဆင့် အိတ်(ချ်)အိုင်ဗွီ ကူးစက် ခံရသူများ ပိုမိုတိုးပွားလာသည်။ CDC (စီဒီစီ) မှ ၁၉၉၈ တွင်း အမေရိကန်ပြည်ထောင်စုတွင်ဖြစ်သည့် ၃၀ ရာနှုန်းသော အိတ်(ချ်)အိုင်ဗွီ ကူးစက်မှုအသစ်တို့သည် အမျိုးသမီးများတွင် ဖြစ်မည်ဟု ခန့်မှန်းသည်။

အာဖရိကတွင်ကူးစက်ပုံ

အာဖရိကတွင် အိတ်(ချ်)အိုင်ဗွီကို ကာမဆက်ဆံမှုတက်ကြွနိုးကြားသော လိင်ကွဲဆက်ဆံသူများ တွင် ပထမဆုံး သတိ ထားမိပြီး အေအိုင်ဒီအက်(စ်)ခံစားနေရသူများသည် အာဖရိကတွင် ယောက်ျားများနည်းတူ မိန်းမများတွင်လည်း အဖြစ် များသည်ကို တွေ့ရသည်။ ခြုံငုံရလျှင် ကမ္ဘာအနှ့ံ ယောကျ်ားနှင့် မိန်းမတို့အကြား အိတ်(ချ်)အိုင်ဗွီ နှင့် အေအိုင်ဒီ အက်(စ်) ပျံ့နှံ့နေမှုမှာ မှန်းချေ ၁ အချိုး ၁ ရှိသည်။[68] အာဖရိကရှိဆာဟာရအောက်ပိုင်းဒေသ တွင် အိတ်(ချ်)အိုင်ဗွီ ရှိသူအရွယ်ရောက်သူများ ၏ ၅၇% မှာ အမျိုးသမီးများဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၄ အတွင်း မိန်းမငယ်များမှာ အမျိုးသားငယ်များထက် သုံးဆကျော် ကူးစက်ခံနေရဖွယ်ရှိသည်။

အိတ်(ချ်)အိုက်ဗွီရောဂါအကြောင်း

အိတ်(ချ်)အိုင်ဗွီရှိသူ အတော်များများမှာ အေအိုင်ဒီအက်(စ်)အဖြစ်သို့ ရောက်မလာသည့်အတွက် အိတ်(ချ်)အိုင်ဗွီသည် အေအိုင်ဒီအက်(စ်) ဖြစ်စေသော အကြောင်းမဟုတ်ချေ။ အိတ်(ချ်)အိုင်ဗွီရောဂါသည် ရှည်လျားပြီး ပြောင်းလဲနေသော လမ်းကြောင်းပုံစံရှိသည်။ စက်မှုဖွ့ံဖြိုးသော နိုင်ငံများတွင် အိတ်(ချ်)အိုင်ဗွီနှင့် ရောဂါရရှိပြီးကူးစက်ချိန်နှင့် လက်တွေ့တွင် ရောဂါထင်ရှားစွာ စတင်လာချိန်တို့သည် ပျမ်းမျှအားဖြင့် ၁၀ နှစ်ဝန်းကျင်ခန့် ကြာသည်ဟု သွေးထဲတွင်ပြောင်းလဲသွားသည့် အချိန်ကိုသိသည့် လိင်တူဆက်ဆံသူ ယောကျ်ား တို့အား မျှော်မှန်းလေ့လာချက်များ ပြုလုပ်မှုအရ သိရသည်။ အိတ်(ချ်)အိုင်ဗွီကူးစက်ထားသည့် သွေးသွင်းခြင်းခံရသည့် သူများ၊ မူးယစ်ဆေးအကြောထဲထည့်သွင်းသုံးစွဲသူများနှင့် သွေးမတိတ်သောရောဂါခံစားနေရသည့် အရွယ်ရောက် သူများအတွက် ရောဂါလက္ခဏာမပြသေးသော အချိန်ကာလများအား အလားတူခန့်မှန်းတွက်ချက်မှုများကို် ပြုလုပ် နိုင်သည်။ ရောဂါအများအပြားကဲ့သို့ပင် အိတ်(ချ်)အိုင်ဗွီရောဂါ၏ လမ်းကြောင်းပုံစံကို လွှမ်းမိုးမှုရှိနိုင်သော အချက်အမြောက် အများ ရှိသည်။ အသက်အရွယ်၊ သို့မဟုတ် လူအချင်းချင်းအကြား မျိုးရိုးဗီဇ ကွာခြားမှုများ၊ ဗိုင်းရပ်(စ်) အမျိုး တစ်ခုခြင်းစီ၏ အစိတ်အတောက်ဖြစ်စေနိုင်သည့်ပမာဏ၊ အခြားသောရောဂါပိုးမွှားများနှင့် ပူးပေါင်း၍ ရောဂါဖြစ်ပွား စေခြင်းကဲ့သို့သော ပြင်ပလွှမ်းမိုးမှုများသည်လည်း အိတ်(ချ်)အိုင်ဗွီရောဂါ၏ သရုပ်ပေါ်နှုန်းနှင့် ဆိုးရွားမှုကို ဆုံးဖြတ် နိုင်သည်။ ထို့နည်းတူစွာ အသည်းရောင်အသားဝါဘီရောဂါ နှင့်ကူးစက်ခံစားနေရာသော သူအချို့ ဥပမာ - အခြားသူများမှာ အချိန်ကြာ အသည်း ရောင်သည်မှ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာစသည့် အဆင့်ဆင့်သော ဝေဒနာရောဂါတို့ ခံစားနေရချိန်တွင် ရောဂါလက္ခဏာ မပြသဘဲ အသားဝါခြင်း တစ်ခုတည်းပြပြီး ရောဂါကင်းရှင်းနေသူ။ ဆေးလိပ် သောက်သူများတွင်လည်း အချို့မှာ အဆုတ်ကင်ဆာ ခံစားရပြီး အချို့မခံစားရခြင်းမှာ တွဲဖက်ထားသောအချက် များက ဆုံးဖြတ်ခြင်းကြောင့် ဖြစ်နိုင်သည်။