ခွဲခြားဆက်ဆံခြင်း: တည်းဖြတ်မှု မူကွဲများ

"ခွဲခြားဆက်ဆံခြင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၅:၂၅၊ ၂၄ မေ ၂၀၁၁ ရက်နေ့က မူ

ခွဲခြားဆက်ဆံခြင်း ဟူသည် အရာဝတ္ထုများ သို့မဟုတ် လူများအတွင်း ခွဲခြားမှုပြုခြင်း ဖြစ်သည်။ မူလတွင် ထိုအသုံး အနှုန်း၏ အဓိပ္ပာယ်မှာ ကြားနေသဘောဖြစ်ပြီး ကွဲပြားခြင်း ဟူသည့် စကားလုံးနှင့် အဓိပ္ပာယ်တူသော်လည်း၊ လူမှုရေး ကိစ္စတစ်ခုနှင့် သက်ဆိုင်လာလျှင် ရှုတ်ချချိုးနှိမ်သော အနက်တစ်ခု၊ မတရား သို့မဟုတ် ဥပဒေအရမဟုတ်ဘဲ ခွဲခြားရန် ပြုလုပ်မှု အညွှန်းသင်္ကေတအနေနှင့် မှတ်ယူသည်။ ဥပမာ အနေနှင့် “အခြားသူများ” ဟု လူမှုဝန်းကျင်အုပ်စုတစ်ခုအား ခွဲခြား၍ ဆက်ဆံရေးကျဲပါးစွာသုံးခြင်း။

အနက်ဖွင့်ဆိုခြင်းများ

လူမှုရေးရာပညာ တွင် 'ခွဲခြားဆက်ဆံခြင်း' ဟူသည် လူတစ်ဦးအား သူ၏ အုပ်စုတစ်ခုခု သို့မဟုတ် အမျိုးအစား တစ်ခုခုတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေမှု အပေါ်တွင် အခြေခံ၍ ရမ်းဆ၍အစွဲဖြင့် ဆက်ဆံခြင်း ဖြစ်သည်။ ခွဲခြားဆက်ဆံခြင်း သည် အခြားအုပ်စုတစ်ခု၏ အဖွဲ့သားများအပေါ် အမှန်တကယ် ပြုမူဆက်ဆံပုံ ဖြစ်သည်။ ယင်းတွင် အုပ်စုတစ်စု၏ အဖွဲ့သားများအား အခြားသောအုပ်စုများတွင် ရရှိနိုင်သောအခွင့်အလမ်းများမှ ဖယ်ထုတ်ခြင်း သို့မဟုတ် ကန့်သတ် ထားခြင်းတို့ ပါ၀င်သည်။ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်ပညာရှင်တို့မှ ယင်းကို ဆိုးကျိုးဖြစ်စေသော ဆက်ဆံမှု သို့မဟုတ် စဉ်းစားတွေးတောခြင်းအဖြစ် ဖွင့်ဆိုခဲ့သည်။ ယင်းမှာ သိသိသာသာဖြစ်သော ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ခွဲခြားဆက်ဆံခြင်းခံရရန် အထိ အမှန်တကယ် ထိခိုက်နစ်နာ စရာမလိုပေ။ အချို့သော ထင်ရာမြင်ရာ အကြောင်းပြချက် တစ်ခုအတွက် သူ သို့မဟုတ် သူမ သည် အခြားသူများထက် ပို၍ဆိုးဆိုးဝါးဝါး ဆက်ဆံခံရရုံသာ လိုပါသည်။ တစ်စုံတစ်ယောက်မှ မိဘမဲ့ကလေးတို့အား ကူညီဖို့လှူဒါန်းရန် ဆုံးဖြတ်သော်လည်း လူမျိုးရေး သဘောထားမပါဘဲနှင့် လူမည်းကလေးများအား လျော့၍လှူဒါန်းရန် ဆုံးဖြတ်လျှင်ဆိုပါစို့ သူ သို့မဟုတ် သူမသည် အမှန်တကယ်အားဖြင့် သူခွဲခြားဆက်ဆံသည့် သူများအား ပိုက်ဆံလှူဒါန်းခြင်းဖြင့် အကျိုးဖြစ်ထွန်းစေသည် ဆိုလျှင်သော်မှ ခွဲခြားဆက်ဆံခြင်း ပြုသည့်သူသာပင်ဖြစ်သည်။ ကုလသမဂ္ဂ မှ ခွဲခြားဆက်ဆံခြင်း နှင့်ပတ်သက်၍သဘောထားဖေါ်ပြချက်တစ်ခုတွင် “ခွဲခြားသည့် အပြုအမူတို့တွင် ပုံစံမျိုးစုံ ပါ၀င်သည် ဆိုသော်လည်း သူတို့အားလုံးတွင် ဖယ်ထုတ်သည့် သို့မဟုတ် ငြင်းဆိုသည့် အချို့သော ပုံစံတို့ ပါ၀င်ကြသည်” ဟုဆိုသည်။

လူမျိုးရေး နှင့် လူမျိုးစုဆိုင်ရာ ခွဲခြားခြင်း

လူမျိုးရေး ခွဲခြားခြင်းသည် အမှန်စင်စစ် နှင့် ထင်မြင်ယူဆသော လူမျိုးကွဲပြားမှုများပေါ်တွင် မူတည်ပြီး လူအများ အကြား ကွဲပြားမှုဖြစ်အောင်ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းသည် တောင်အာဖရိက အပါတိုက် ခေတ် နှင့် အမေရိကန် ပြည်ထောင်စု ကဲ့သို့သော နိုင်ငံအများအပြားတွင် တရားဝင် အစိုးရမူဝါဒ ဖြစ်ခဲ့သည်။အမေရိကန်ပြည်ထောင်စု တွင် လူနည်းစုတို့၏ လူမျိုးရေးသတ်မှတ်ခြင်း ကို ဥပဒေဖြင့်တွန်းအားပေးဆောင်ရွက်သူများ ဖြင့် ပြုသည်ကို လူမျိုးရေးခွဲခြားဆက်ဆံခြင်း ဟုခေါ်သည်။၁၈၆၅ ကဲ့သို့သော စောစဉ် အချိန်အခါက ပုဂ္ဂလိက အလုပ်၊ နိုင်ငံနှင့် ဒေသတွင်း အများဆိုင်ရာအလုပ်ရှင်တို့မှ လုပ်ငန်းခွင်တွင်း တမင်တကာလူမျိုးရေးခွဲခြားဆက်ဆံခြင်း အတွက် ပြည်သူများ ရပိုင်ခွင့် အက်ဥပဒေ ကို ကုစားမှုတစ်ရပ်အဖြစ် ပြဌာန်းခဲ့သည်။

အချို့သော အနောက်တိုင်းနိုင်ငံများတွင် ရာဇဝတ်မှုတရားစီရင်ရေးစနစ်အတွင်းတွင် လူနည်းစုတို့မှာ လူဖြူ တို့နှင့် ယှဉ်လျှင် မမျှတစွာ စီရင်ချက်ချခြင်း၊ ချုပ်နှောင်ခြင်း ခံရသည်။၁၉၉၈ တွင် အမေရိကန်ပြည်ထောင်စု ၌ အသက် ၂၀-၂၉ ကြားရှိ လူမည်းသုံးယောက်တွင် တစ်ယောက်နီးပါးမှာ ထောင် သို့မဟုတ် အချုပ်ကျခြင်း၊ ခံဝန်ကာလ သို့မဟုတ် သတ်မှတ်ထားသည့် မည်သည့်နေ့ထိမဆိုတွင် အာမခံတို့နှင့် နေနေရသည်။မြောက်အမေရိက၏ဒေသခံ တိုင်းရင်းသား အမေရိကန်များ မှာ ကနေဒါ ၏ လူဦးရေတွင် ၂% နီးပါး ပါ၀င်သော်လည်း ဗဟိုအကျဉ်းထောင်ရှိ လူဦးရေ၏ ၁၈% အဖြစ် လူ ၂၀၀၀ ရှိနေခဲ့သည်။[9] ဇွန်လ ၂၀၀၆ ခု သြစတြေးလျအစိုးရ၏ အကျဉ်းထောင်စာရင်းများ ထုတ်ပြန်မှု အရ သြစတြေးလျ ရှိ အကျဉ်းထောင်များ အားလုံးသောလူဦးရေ၏ ၂၄% မှာ တိုင်းရင်းသားများ ဖြစ်သည်။

၂၀၀၄ တွင် နယူးဇီလန် ရှိ လူဦးရေစုစုပေါင်း၏ ၁၅% ခန့် မှာ Māori (မာအိုရီ) တို့ ဖြစ်သော်လည်း အကျဉ်းသား များ၏ ၄၉.၅% လည်းဖြစ်သည်။ မာအိုရီတို့မှာ မာအိုရီမဟုတ်သူတို့ အကျဉ်းထောင်ဝင်နှုန်း၏ ၈ ဆ ရှိနေသည်။အင်္ဂလန် ၏ အကျဉ်းထောင်များရှိ လေးပုံတစ်ပုံသောသူတို့မှာ လူမျိုးကွဲအနည်းစုတို့မှ ဖြစ်သည်။ သာတူညီမျှမှုနှင့် လူ့အခွင့်အရေးကော်မရှင် မှ အင်္ဂလန် နှင့် ဝေလနယ်တို့ရှိ လူဦးရေ၏ လူဖြူတစ်ယောက်လျှင် လူမည်း ငါးယောက်နှုန်း မှာ အကျဉ်းကျခံနေရကြောင်း တွေ့ရှိခဲ့သည်။ ပညာရှင်များ နှင့် နိုင်ငံရေးသမားများမှ ဆိုသည်မှာ လူမည်းများအား အလွန်အကျွံ ကိုယ်စားပြုထားခြင်းမှာ ရာဇဝတ်တရားရေးစီရင်မှုစနစ်ရှိ နှစ်ကာလများစွာရှိခဲ့သော လူမျိုးရေးအစွဲ၏ ရလဒ်ဖြစ်သည် ဟူ၏။

လိင်အရ ယောကျ်ား၊ မိန်းမ သတ်မှတ်၍ ခွဲခြားခြင်း

ကျား၊ မ ခွဲခြားဆက်ဆံခြင်း နှင့် လိင်အရ ခွဲခြားဆက်ဆံခြင်း ဟူသည် လူတစ်ယောက်၏ ကျား၊မ ဖြစ်ခြင်း နှင့် ဆက် နွယ်သော ခံယူချက်များ နှင့် အပြုအမူများ ကို ရည်ညွှန်းသော်လည်း လူမှုသဘာဝ၌ ထိုခံယူချက်များနှင့် အပြုအမူ များမှာ ပုံမှန်အားဖြင့် ဥပဒေဆိုင်ရာအကျိုးအပြစ်များ လုံးဝ မပါ၀င်ပေ။ လိင်အရ ခွဲခြားဆက်ဆံခြင်း တွင် တစ်ဘက်မှ ကြည့်လျှင် ဥပဒေဆိုင်ရာ အကျိုးအပြစ်များ ပါ၀င်နိုင်သည်။လိင်အရခွဲခြားခြင်းတွင် မည်သည်တို့ပါ၀င်သည်မှာ နိုင်ငံများအတွင်း ကွာခြားနိုင်သော်လည်း အနှစ်သာရမှာ လူတစ် ယောက်မှာ အခြားလိင်တစ်ယောက် မဖြစ်သည့်အတွက် အခြားလူတစ်ယောက်မှ ကောင်းကျိုးမပြုသော အပြုအမူတို့ ပြုလုပ်ခြင်းပင် ဖြစ်သည်။ နိုင်ငံအတော်များများတွင် အချို့သောဖော်ပြထားသည့် အခြေအနေတို့တွင် ထိုသဘာဝအား ခွဲခြားမှုပြုခြင်းသည် တရားမဝင်ဖြစ်သည်။

လက်ရှိတွင် လိင်ပေါ်တွင် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းအား လူတစ်ယောက်မှာ အခြားလိင်တစ်ယောက် မဖြစ်သည့်အတွက် အခြားလူတစ်ယောက်မှ ကောင်းကျိုးမပြုသော အပြုအမူတို့ပြုလုပ်ခြင်းဟုု ဖွင့်ဆိုထားသည်။ ယင်းသည် အစွဲနှင့် သတ်မှတ်ခြင်း ပုံစံတစ်မျိုးဖြစ်ပြီး နိုင်ငံအများစုရှိ ထိုထိုသောဖော်ပြထားသည့် အခြေအနေတို့တွင် တရားမဝင် ဖြစ်သည်။လိင်မှုဆိုင်ရာ ခွဲခြားဆက်ဆံခြင်းသည် အခြေအနေ အမျိုးမျိုးတွင် တိုးလာနိုင်သည်။ ဥပမာအနေနှင့် အလုပ်အင်တာဗျူး တစ်ခုတွင် အလုပ်သမားတစ်ဦးသည် ခွဲခြားခြင်းဖြစ်သော မေးခွန်းများ အမေးခံရပြီး ခွဲခြားမှုပြုခံရနိုင်သည် သို့မဟုတ် အလုပ်ရှင် မှ အလုပ်သမားတစ်ဦးအား ကျား၊ မ ပေါ်တွင်အခြေခံ၍ မငှားရမ်းခြင်း၊ ရာထူးမတိုးခြင်း သို့မဟုတ် တာဝန်မှ မှားယွင်း ရပ်စဲခြင်း သို့မဟုတ် အလုပ်ရှင်မှ ကျား၊ မ ပေါ်အခြေခံ၍ မမျှတစွာ လုပ်ခပေးခြင်းတို့ ပြုနိုင်သည်။လူမှုရေးအရ ကျား၊ မ ကွဲပြားခြင်းသည် ယောကျ်ား နှင့် မိန်းမတို့အတွက် ကွဲပြားသော အခန်းကဏ္ဍများကို အကျိုးသင့် အကြောင်းသင့် ဖြစ်စေရန် အသုံးပြုလေ့ရှိရာ အချို့သောကိစ္စများတွင် ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး အခန်း ကဏ္ဍများအဖြစ် တောင်းဆိုမှုများသို့ တိုးလာသည်။

ကုလသမဂ္ဂ မှ အမျိုးသမီးများသည် "ဖန်မျက်နှာကျက်" ကို ခံစားကြုံတွေ့ရလေ့ရှိပြီး အမျိုးသမီးများအနေနှင့် အမျိုးသား များကဲ့သို့ တန်းတူအခွင့်အရေး ရရှိခံစားနိုင်သော လူမှုဝန်းကျင်ဟူ၍ မရှိပေဟု ကောက်ချက်ချခဲ့သည်။ "ဖန်မျက်နှာ ကျက်" ဟူသော အသုံးအနှုန်းမှာ ခွဲခြားခြင်းကို အခြေခံ၍ အထူးသဖြင့် ကျား၊မ ခွဲခြားဆက်ဆံခြင်းကြောင့် အလုပ်အကိုင်တွင် တိုးတက်မှုအတွက် သိသာသော အတားအဆီး တစ်ခုအဖြစ် ဖော်ပြရန် သုံးခြင်းဖြစ်သည်။ယောကျ်ားမှ မိန်းမသို့ နှင့် မိန်းမမှ ယောကျ်ားသို့ လိင်ပြောင်းလဲထားသူများ နှစ်မျိုးလုံးသည် ထုတ်ပယ်ခြင်း၊ အောင်မြင်မှုမရရှိခြင်း၊ အလုပ်အကိုင်ရှာဖွေရာတွင် ခက်ခဲခြင်း၊ လူ့အသိုင်းအဝိုင်းမှ သီးသန့်ဖြစ်နေခြင်း နှင့် အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတို့ကို ဦးတည်စေသော ပြဿနာများကို ကြံုတွေ့ရလေ့ရှိသည်။ သို့သော်လည်း ကျား၊ မ ခွဲခြား ဆက်ဆံခြင်း ပြဿနာမှာ လိင်ပြောင်းလဲထားသူများ သို့မဟုတ် အမျိုးသမီးများအတွက် ရပ်တန့်သွားခြင်း မရှိပေ။ ကလေးပြုစုစောင့်ရှောက်ခြင်းသည် ထုံးစံအားဖြင့် "အမျိုးသမီးများ၏ အလုပ်" အဖြစ် သတ်မှတ်ထားပြီး အမျိုးသားများမှ ရုံးအလုပ်ကို စတင်ရှာဖွေသည်တွင် အချို့သောအလုပ်အကိုင် နယ်ပယ်များတွင် ဒုက္ခသည်များဖြစ်လာသည်။

အမျိုးဇာတ်ခွဲခြားခြင်း

UNICEF (ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့) နှင့် လူ့အခွင့်အရေးစောင့်ကြည့်မှု တို့အရ အမျိုးဇာတ် ခွဲခြားဆက် ဆံခြင်းသည် ကမ္ဘာတစ်လွှားတွင် လူပေါင်း ၂၅၀ မီလီယံကို သက်ရောက်လျက်ရှိသည်။ကုလသမဂ္ဂ ကလေး များ ရန်ပုံငွေအဖွဲ့ ၏ တွေ့ရှိမှုအရ အမျိုးဇာတ်ပေါ်တွင် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းသည် အာရှ (အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဂျပန်) နှင့် အာဖရိက ဒေသများတွင် အထူးပျံ့နှ့ံ နေသည်။

အလုပ်သမားငှားရမ်းခြင်းတွင် ခွဲခြားဆက်ဆံခြင်း

အလုပ်သမားငှားရမ်းခြင်းတွင် ခွဲခြားဆက်ဆံခြင်းဟူသည် အချို့သော ပုဂ္ဂိုလ်များအား သူတို့၏လူမျိုး၊ အသက်၊ ယောကျ်ား၊ မိန်းမဖြစ်ခြင်း၊ ကိုးကွယ်မှု၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ နိုင်ငံသား၊ ကိုယ်ခန္ဓာမသန်စွမ်းမှု၊ လိင် နှစ်သက်မှု သို့မဟုတ် ကျား၊ မ အဖြစ် သတ်မှတ်ချက်တို့ပေါ်တွင် အခြေခံ၍ အလုပ်လျှောက်ရန် နှင့် အလုပ်လက်ခံရန် တို့ မဖြစ်နိုင်အောင် ပြုခြင်းကို ရည်ညွှန်းပါသည်။ လူမှုရေးရာပညာ နှင့် ဆက်စပ်နေသည့်အတွင်း အလုပ်သမား ငှားရမ်းခြင်း တွင် ခွဲခြားဆက်ဆံခြင်းဟူသည် အများအားဖြင့် ထိုအချိန်တွင် လူမှုဝန်းကျင်၌ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်နေသည်တို့နှင့် ဆက်စပ်နေသည်။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ် ၅၀ ကျော်က အာဖရိကန် အမေရိကန် ယောကျ်ားတစ်ယောက်ကို ငှားရမ်းရန်သည် အဓိပ္ပာယ်မရှိဖွယ် ဖြစ်နေနိုင်ပြီး၊ အာဖရိကန်အမေရိကန် မိန်းမ တစ်ယောက်ကို ငှားရမ်း ရန်မှာ လုံးဝကြားဖူးမည်ပင် မဟုတ်ပေ။ သို့သော်လည်း ယနေ့ ကျွနု်ပ်တို့ လူမှုဝန်းကျင်တွင် အရည်အချင်းရှိသူ မည်သူ ကို မဆို ငှားရမ်းရန် လုံးဝသတ်မှတ်ထားသည်။

အလုပ်သမားငှားရမ်းခြင်းတွင် ခွဲခြားဆက်ဆံခြင်းမှာ ပြီးခဲ့သောနှစ်များစွာ မှစ၍ အကြီးအကျယ် လျော့ကျလာပြီ ဖြစ် သည်။ ယင်းမှာ အလုပ်သမားငှားရမ်းခြင်းတွင် ခွဲခြားဆက်ဆံခြင်းကို တားမြစ်ထားသော ဥပဒေများကြောင့် ဖြစ်သည်။ ယနေ့ ကျွနု်ပ်တို့၏ လူမှုဝန်းကျင်တွင် လူအယောက်တိုင်း ပုံစံကွဲပြားသော လူအားလုံးကို တူညီစွာဆက်ဆံရန် နှင့် တူညီသော အခွင့်အရေးများပေးရန် အမိန့်ထုတ်ထားသည်။ တစ်စုံတစ်ယောက်မှ အခြားတစ်ယောက်ကို ငှားရမ်းရာ တွင် ထိုစည်းကမ်းများကို ဖောက်ဖျက်ပါက လူမျိုးမုန်းတီးမှုကြောင့်ကျူးလွန်သော ရာဇဝတ်မှုများအဖြစ် တရားစွဲခံရနိုင် သည်။

လိင်နှစ်သက်မှု ခွဲခြားဆက်ဆံခြင်း

၂၀၀၉ ခုတွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းရှိ Södertörn (ဆိုဒါတွန်း) တက္ကသိုလ် မှ Daniel Ottosson (ဒယ်နီရယ် အိုတို စွန်) ပြုလုပ်သော သုတေသန အပေါ်တွင် အခြေခံ၍ ILGA (အိုင်အယ်လ်ဂျီအေ) က ပြန်တမ်းတစ်စောင် ထုတ်ဝေ ခဲ့သည်။ ထိုသုတေသန မှ ကမ္ဘာပေါ်တွင် လိင်တူဆက်ဆံခြင်း ကို တရားမဝင်ဟု သတ်မှတ်နေဆဲဖြစ်သော နိုင်ငံပေါင်း ၈၀ ရှိပြီး၊ ငါးခုမှာ လိင်တူဆက်ဆံမှုပြုခြင်းအတွက် သေဒဏ် ကျရောက်စေပြီး နိုင်ငံ၏အချို့သောဒေသများတွင် နှစ်ယောက်အား အပြစ်ပေးခဲ့သည်။[26] အစီရင်ခံစာတွင် ယင်းကို “နိုင်ငံတော်မှ ထောက်ခံသော လိင်တူဆက်ဆံမှု ကြောက်ရွံ့ခြင်း” ဟု ဖော်ပြခဲ့သည်။ ယင်းမှာ အစ္စလာမ် နိုင်ငံများတွင် သို့မဟုတ် ထိုကိစ္စနှစ်ရပ်သည် အစ္စလာမ် အခွင့်အာဏာအောက်ရှိ ဒေသများတွင်ဖြစ်ပွားခြင်း ဖြစ်သည်။

၂၀၀၅ ဖေဖော်ဝါရီ ၅ ရက်တွင် IRIN (အိုင်အာရ်အိုင်အန်) မှ “အီရတ် = ယောကျ်ား လိင်တူဆက်ဆံခြင်းသည် တားမြစ်ထားသည့်အရာ ဖြစ်နေဆဲဖြစ်သည်” ဟုခေါင်းစဉ်တပ်ထားသော ပြန်တမ်းတစ်စောင်ကို ထုတ်ဖော်ခဲ့သည်။ ထိုဆောင်းပါးမှဖော်ပြထားသည်မှာ အီရတ်အမျိုးသားရေးကိုဆန့်ကျင်သော မိန်းမလျာတစ်ဦး၏မိသားစုဝင်များမှ ဂုဏ်သိက္ခာထိန်းသိမ်းသည့်အနေဖြင့်သတ်ဖြတ်ခြင်း သည်ဖြစ်နေကျဖြစ်ပြီးတရားဝင် ကာကွယ်မှုအချို့ ပေးထားပါ သည်။၂၀၀၉ သြဂုတ်တွင် လူ့အခွင့်အရေးများ စောင့်ကြည့်ရေးအဖွဲ့ပုံနှိပ်ထုတ်ဝေသော ကျယ်ပြန့်သော အစီရင်ခံစာတစ်စောင်တွင် အီရတ်တွင်လိင်တူဆက်ဆံသူ ဟု စွပ်စွဲခံရသူ အမျိုးသားများအား အသေးစိတ် ညှင်းပန်းခြင်းအပါအဝင် အမျိုးသားတို့၏စအိုကို ကော်ဖြင့်ပိတ်ပြီးနောက် ထိုအမျိုးသားများအား ၀မ်းနှုတ်ဆေးကျွေးခြင်း တို့ ပါဝင်သည်။တောင်အာဖရိက တွင် လိင်တူများ ပေါင်းဖော်ခြင်းများအား "အာဖရိကသား-မစစ်" ဟု မကြာခဏ ရှုတ်ချလေ့ ရှိသည်။သုတေသန မှ ဖော်ပြထားသည်မှာ Cape (ကိတ်) အနောက်ပိုင်း မှ ၈၆% သော လူမည်း လိင်တူဆက်ဆံ သော မိန်းမ တို့သည် လိင်မှုဆိုင်ရာစော်ကားမှု အားကြောက်ရွံ့စွာဖြင့် နေထိုင်ရသည် ဟူ၏။

ဘာသာစကားကြောင့် ခွဲခြားဆက်ဆံခြင်း

ယဉ်ကျေးမှုကွဲပြားခြင်းအား တန်ဖိုးထားသော နိုင်ငံအများစုတွင် ဘာသာစကား ကွဲပြားမှုအား ကာကွယ်ထားပြီး လေးစားမှုလည်းရှိသည်။ သို့သော်လည်း လူတို့မှာ တစ်ခါတစ်ရံ သူတို့နှစ်သက်ပြောဆိုသော ဘာသာစကားသည် သီးသန့်ဖြစ်သော အုပ်စု၊ အဆင့်အတန်း သို့မဟုတ် အမျိုးအစားတို့နှင့် ဆက်နွယ်သောအခါ ကွဲပြားသော ဆက်ဆံမှုတို့ကို ပြုခံရသည်။ အများအားဖြင့် နှစ်သက်ပြောဆိုသော ဘာသာစကားသည် သီးခြား လူမျိုးအုပ်စုများ ၏ အခြားပုံစံတူ ဘာသာစကား သက်သက်သာဖြစ်သည်။ ဤတွင် သီးသန့်ဖြစ်သော ဘာသာစကား သို့မဟုတ် ဒေသစကားကို ပြောသော ပုဂ္ဂိုလ် သို့မဟုတ် လူအုပ်စုအား အစွဲထားဆက်ဆံမှုရှိသောအခါ ခွဲခြားဆက်ဆံခြင်း ဖြစ်လာသည်။

ကိုယ်ခန္ဓာ မသန်မစွမ်းမှုကြောင့် ခွဲခြားဆက်ဆံခြင်း

ကိုယ်ခန္ဓာမသန်မစွမ်းသူများအား ခွဲခြားဆက်ဆံခြင်းဖြင့် မသန်မစွမ်း မဟုတ်သူတို့အား မျက်နှာသာပေးခြင်းအား စွမ်းဆောင်နိုင်သောဝါဒ သို့မဟုတ် မစွမ်းဆောင်နိုင်သောဝါဒ ဟု ခေါ်သည်။ ကိုယ်ခန္ဓာမသန်မစွမ်းမှုကြောင့် ခွဲခြားဆက်ဆံခြင်းတွင် မသန်မစွမ်းမဟုတ်သူတို့အား ‘သာမန်နေထိုင်မှုစံ’ အဖြစ်ဆက်ဆံပြီး ‘စံပြု’ လူသားတို့အား ၀န်ဆောင်မှုပေးရန် အများပြည်သူဆိုင်ရာ နှင့် ပုဂ္ဂလိကနေရာများ နှင့် ၀န်ဆောင်မှုများ၊ ပညာရေး နှင့် လူမှုရေး အလုပ်များ ဖြစ်လာစေခြင်းဖြင့် အမျိုးစုံသော ကိုယ်ခန္ဓာမသန်မစွမ်းသူများအား ဖယ်ထုတ်ခြင်း ဖြစ်သည်။

ဘာသာရေးကြောင့် ခွဲခြားဆက်ဆံခြင်း

ဘာသာရေးကြောင့် ခွဲခြားဆက်ဆံခြင်း ဟူသည်မှာ လူတစ်ဦး မည်သည်ကို ယုံကြည်သည် သို့မဟုတ် မယုံကြည်သည် အတွက်ကြောင့် လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စုအား ကွဲပြားစွာ တန်ဖိုးထားခြင်း သို့မဟုတ် ဆက်ဆံခြင်း ဖြစ်သည်။ ဥပမာအားဖြင့် Ottoman (အော့တိုမန်) Kanun–i–Rayah (ကုနန်-အိုင်-ရာယာ့) လက်အောက်တွင် နေထိုင်သော Balkans (ဘော်ကန်များ) ("rayah" "(ရာယာ့)" သို့မဟုတ် "ကာကွယ်ထားသောအုပ်စု" ဟုလည်း ခေါ်) ဒေသခံ ခရစ်ယာန်လူဦးရေ။ ထိုစကားလုံးအား တစ်ခါတရံတွင် 'လူအုပ်' သို့မဟုတ် 'ပုဂ္ဂိုလ်များ' ဟူသည်ထက် 'ကျွဲ၊နွား' ဟူ၍ rayah (ရာယာ့) တို့၏ အဆင့်နိမ့်မှု အခြေအနေကို အထူးပြုရန် ဘာသာပြန်ဆိုတတ်သည်။[35] ခရစ်ယာန်များသည် တမင်တကာ လျော့ချထားသော မွတ်စလင်မဟုတ်သူများ လူခွန် နှင့် မိသားစုမှ ခေါ်ယူသွားပြီး အင်အားသုံး၍ အစ္စလာမ်ဘာသာသို့ ပြောင်းလိုက်သော ခုနစ်နှစ်အရွယ် ယောကျ်ားလေးများအတွက် သွေးခွန် အပါအဝင် မွတ်စလင်များထက် ပိုမိုမြင့်မားသော အခွန်အခများကို အချိုးအစား မမျှတစွာ အတင်းအဓမ္မ ပေးဆောင်ရသည်။

ဂျူး တို့အပေါ် အလုပ်အကိုင်များ ကန့်သတ်ခြင်းအား ခရစ်ယာန် အာဏာပိုင်များမှ ပြဌာန်းသတ်မှတ်ထားသည်။ ဒေသတွင်း အုပ်ချုပ်သူများနှင့် ဘုရားကျောင်းအရာရှိများသည် ဂျူးတို့အား ကျွမ်းကျင်အလုပ်အကိုင် အများအပြားကို ပိတ်ထားပြီး အခွန် နှင့် ငှားရမ်းခ ကောက်ခံခြင်း နှင့် ပိုက်ဆံချေးခြင်း တို့ကဲ့သို့ "မလွှဲမရှောင်သာသော အနိဌာရုံ" အဖြစ် သာသည်းခံရသော အလုပ်အကိုင်မျိုး လူမှုရေးအရ နိမ့်ကျသည်ဟု မှတ်ယူရသောအစွန်အဖျား အခန်းကဏ္ဍသို့ တွန်းပို့သည်။ကွဲပြားသောနေရာများတွင် နေထိုင်ရန် ခွင့်ပြုထားသော ဂျူးအရေအတွက်မှာ ကန့်သတ်ထားသည်။ သူတို့မှာ မြို့တစ်မြို့တွင် အမျိုးတူ၊ ဘာသာတူ၊ အောက်ကျ နောက်ကျဖြစ်သူ စုဝေးနေထိုင်ရာ ရပ်ကွက်များ တွင် စုပြံုနေပြီး မြေပိုင်ရန်လည်း ခွင့်မပြုထားပေ။ ၁၂၁၅ တွင် စတုတ္ထမြောက်လတ်ထရန်ကောင်စီ အမိန့်ချမှတ်သည်မှာ ဂျူးတို့သည် ကွဲပြားခြားနားသော အဝတ်အစားတို့ကို ၀တ်ဆင်ရမည်ဟူ၏။

ပုံစံသွင်းခြင်း နှင့် ကြားဝင်ခံရသူများ

ပုံစံသွင်းခြင်း သည် ခွဲခြားဆက်ဆံခြင်း တစ်မျိုးဖြစ်သည်။ လူတစ်ဦးမှ ပုံစံသွင်းခြင်းပြုသောအခါ အလျော့အတင်း မပြုနိုင်သော အမျိုးအစားများအနေနှင့် တွေးတောကြပြီး ယင်းသည် ဖယ်ရှားပစ်ခြင်းဟု ခေါ်သော စိတ်ပညာဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့် ဆက်နွယ်နေသည်။ဖယ်ရှားပစ်ခြင်းဟူသည် တစ်ဦးမှ ရန်လိုမှု သို့မဟုတ် ဒေါသစသည့် ခံစားမှုများအား ထိုခံစားမှုများ၏ရင်းမြစ်မဟုတ်သူ ခံရသူထံသို့ ဖြစ်ပေါ်ခံစားရခြင်း ဖြစ်သည်။ လူအများမှာ ကြားဝင် ခံရသူတို့၏ အပြစ်မဟုတ်ဘဲ ဖြစ်လာသည့်ပြဿနာများအတွက် အပြစ်တင်လေ့ရှိကြသည်။ ယင်းမှာ ဆင်းရဲနွမ်းပါး သော လူမျိုးအုပ်စုနှစ်ခု စီးပွားရေးဆိုင်ရာ ဆုလာဘ်တို့အတွက် တစ်ဦးနှင့်တစ်ဦး ပြိုင်သောအခါတွင် ဖြစ်လေ့ရှိသည်။ ပုံမှန်အားဖြင့် အင်အားမရှိသော အုပ်စုများမှာ လွယ်ကူသောပစ်မှတ်များဖြစ်သောကြောင့် ယင်းတို့သို့ ဦးတည် လေ့ရှိသည်။ ၎င်းတွင် မိမိ၏ ကိုယ်ပိုင် ဆန္ဒများ သို့မဟုတ် လက္ခဏာများအား အခြားသူများကို မရည်ရွယ်ဘဲ ထည့်တွက်စေခြင်းဖြစ်သော အာရုံမြင်စေရန် ထိုးပြခြင်းတို့ ပါ၀င်လေ့ရှိသည်။