အဝလွန်ခြင်း: တည်းဖြတ်မှု မူကွဲများ

"အဝလွန်ခြင်း ဟူသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၆ -
အစားအသောက်ထိန်းသိမ်းခြင်း နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း တို့သည် အဝလွန်ခြင်းအတွက် အဓိက ကုသချက်များဖြစ်သည်။ ထို့အပြင် စွမ်းအင်သိပ်သည်းသော အစာများဖြစ်သည့် အဆီ နှင့် သကြား ပါ၀င်မှုမြင့်သော အစာများလျော့စားခြင်း နှင့် အမျှင်ပါ၀င်သောအစာ စားသုံးခြင်းကို တိုးမြှင့်၍ အစားအစာ၏ အရည်အသွေးကို ကောင်းမွန်အောင်ပြုရန် အရေးကြီးပါသည်။ မအောင်မြင်ပါက အဝလွန်ခြင်းမဖြစ်စေသည့်ဆေးဝါး များသောက်ခြင်းဖြင့် အစားစားချင်စိတ်ကို လျော့ချခြင်း သို့မဟုတ် အဆီစုပ်ယူမှုကို တားဆီးခြင်းပြုနိုင်သည်။ အလွန်ဆိုးသော အဖြစ်တို့တွင် အစာအိမ်လက်ခံနိုင်စွမ်း နှင့်/သို့မဟုတ် အူအလျားကို လျော့ချရန် ခွဲစိတ်မှုပြုခြင်း သို့မဟုတ် အစာအိမ်တွင်း ဘောလုံး ထည့်ခြင်းတို့ဖြင့် စောစောအစာဝခြင်းနှင့် အစာမှ အာဟာရများကို စုပ်ယူနိုင်စွမ်းလျော့ကျမှု တို့ကို ဖြစ်စေပါသည်။
 
အရွယ်ရောက်သူများ နှင့် ကလေးများ အကြား ဖြစ်ပေါ်ပျံ့နှ့ံခြင်း တိုးပွားလာသော အဝလွန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဦးဆောင်နေသော ကာကွယ်မှုပြုနိုင်သည့် သေဆုံးမှုအကြောင်းရင်း တစ်ခုဖြစ်ပြီး အာဏာပိုင်တို့မှ ယင်းကို ၂၁ ရာစု၏ အလွန်ဆိုးဝါးသော လူထုကျန်းမာရေး ပြဿနာများထဲမှ တစ်ခုအဖြစ် မှတ်ယူကြပါသည်။[8] အဝလွန်ခြင်းကိုမှတ်ယူကြပါသည်။အဝလွန်ခြင်းကို ကျွေးနိုင် မွေးနိုင်ခြင်း၏ ပြယုဂ် တစ်ခုအဖြစ် အတိတ်တစ်ချိန်က မှတ်သားခဲ့ကြပြီး၊ ကမ္ဘာ့အချို့နေရာများတွင် ယနေ့ ထက်တိုင် မှတ်နေကြသေးသော်လည်း ယနေ့ခေတ်တွင် (အထူးသဖြင့် အနောက်ကမ္ဘာ တို့၌) အဝလွန်ခြင်းအား ကဲ့ရဲ့အပြစ်ဆို လာပြီ ဖြစ်သည်။
 
{| class="wikitable"