ကိုယ်ဝန်ဆောင်ခြင်း: တည်းဖြတ်မှု မူကွဲများ

"ကိုယ်ဝန်ဆောင်ခြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၁ -
ကိုယ်ဝန်ဆောင်ခြင်း ဟူသည် တစ်ဦးသို့မဟုတ် ထိုထက်ပိုသော သန္ဓေသား သို့မဟုတ် သားလောင်း ဟုခေါ်သည့် ရင်သွေးကလေးများကို အမ ၏ သားအိမ် အတွင်း၌ သယ်ဆောင်ထားခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းတွင် နှစ်မွှာပူး သို့မဟုတ် သုံးမွှာပူး တို့တွင်ကဲ့သို့ မြောက်များစွာ ကိုယ်ဝန်ဆောင်ခြင်း ရှိနိုင်သည်။ လူသား ကိုယ်ဝန် ဆောင်ခြင်းသည်အားလုံးသောနို့တိုက်သတ္တဝါများကိုယ်ဝန်ဆောင်ခြင်း တွင် လေ့လာမှု အများဆုံးဖြစ်သည်။ မီဖွားခြင်း သည် သန္ဓေတည်ပြီးနောက် ၃၈ ပတ် အကြာတွင် ဖြစ်ပွားလေ့ရှိသည်။ ရာသီစက်ဝန်းတစ်ခါလည်ပတ်မှု လေးပတ်ကြာတတ် သော အမျိုးသမီးများတွင် ယင်းသည် အကြမ်းဖြင်းအားဖြင့် နောက်ဆုံး ပုံမှန် ရာသီလာခဲ့ခြင်း (LNMP) မှ ၄၀ ပတ်အကြာတွင် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ပုံမှန်လပြည့်စွာ မွေးဖွားခြင်းသည် ၃၇ ပတ် နှင့် ၄၂ ပတ် အကြားတွင်ဖြစ်သည်ဟု သတ်မှတ်ထားသည်။
 
==အခေါ်အဝေါ်==
သားလောင်း ဟူသည့်အသုံးအနှုန်းအား သန္ဓေတည်ပြီးနောက် ပထမဆုံး ၈ ပတ် အတွင်း ဖွံ့ဖြိုးလာသော ရင်သွေး ကလေးအား ဖော်ပြရန်သုံးပြီး၊ သန္ဓေသား ဟူသည့် အသုံးအနှုန်း အား ၂ လ သားအရွယ် ဖွံ့ဖြိုးမှုမှ မမွေးဖွားခင် အထိ သုံးသည်။လူနေမှုဝန်းကျင်များ၏ ဆေးပညာအရ သို့မဟုတ် ဥပဒေအရ ဖွင့်ဆိုချက်များ တွင် လူသား ကိုယ်ဝန်ဆောင်ခြင်းအား အတော်အတန်အားဖြင့် သုံးလအပိုင်းအခြား ကာလများအဖြစ် မီးမဖွားမီ ဖွံ့ဖြိုးမှု တို့၏ အဆင့်အမျိုးမျိုးကို ရှင်းလင်း လွယ်ကူအောင် ညွှန်းဆိုရန် သင့်သလို ခွဲခြားလိုက်သည်။ ပထမဆုံးအပိုင်းအခြားတွင် ကိုယ်ဝန်ပျက်ကျမှု အန္တရာယ် အမြင့်ဆုံးဖြစ်သည် (သဘာဝအလျောက် သားလောင်း သို့မဟုတ် သန္ဓေသားလေးသေဆုံးခြင်း)။ ဒုတိယ အပိုင်း အခြား ကာလအတွင်း သန္ဓေသား၏ ဖွံ့ဖြိုးမှုမှာ အလွယ်တကူစောင့်ကြည့်နိုင်၊ ရှာဖွေဖော်ထုတ်နိုင်သည်။ တတိယ ကာလ အပိုင်းအခြားအစသည် ဆေးပညာ၏အကူအညီ ပါပါ၊ မပါပါ သားအိမ် အပြင်ဘက်တွင် ရှင်သန်နိုင်မှု ၏ အမှတ် သို့မဟုတ် သန္ဓေသား၏ အသက်ရှင်နိုင်စွမ်းရည်ကို နီးနီးစပ်စပ် ခန့်မှန်းနိုင်သည်။