ကိုယ်ဝန်ဆောင်ခြင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇ -
ကိုယ်ဝန်ဆောင်ခြင်းသည် သန္ဓေတည်ခြင်း နှင့် စတင်သော်လည်း ကိုယ်ဝန်ဖြစ်စေကြောင်းဦးတည်သော ဖြစ်စဉ်မှာ ရှေးဦး အမမျိုးပွားဆဲ(လ်) သို့မဟုတ် ဥဆဲ(လ်) သည် အဖိုမျိုးပွားဆဲ(လ်) သုတ်ကောင် နှင့်ပေါင်းစပ်ခြင်း၏ ရလဒ် ဖြစ်သည်။ ဆေးပညာတွင် ထိုဖြစ်စဉ်အား သန္ဓေအောင်ခြင်း ဟုညွှန်းဆိုပြီး၊ အရပ်သုံးစကားအရ ကိုယ်ဝန်ရခြင်း ဟု အများအားဖြင့် သိကြသည်။ သန္ဓေအောင်ခြင်း အမှတ်ပြီးသောနောက်တွင် အမနှင့် အဖိုမျိုးပွားဆဲ(လ်) တို့၏ ပေါင်း စပ်ထားသောရလဒ်ကို သားလောင်းဆဲ(လ်) သို့မဟုတ် သန္ဓေအောင်သောဥ ဟုညွှန်းသည်။ အဖိုနှင့်အမ မျိုးပွား ဆဲ(လ်) တို့ ပေါင်းစပ်ခြင်းသည် အများအားဖြင့် ကာမဆက်ဆံခြင်း နောက်တွင်ဖြစ်လေ့ရှိပြီး သဘာဝအလျောက် ကိုယ်ဝန်ရရှိခြင်း ဖြစ်စေသည်။ သို့သော်လည်း အတုပြုလုပ်ကာသုတ်ကောင်ထည့်သွင်းပေးခြင်း နှင့် ဖန်ပြွန်တွင်း သန္ဓေ အောင်ခြင်း တို့ပေါ်ထွန်းလာမှုမှ ကာမဆက်ဆံမှုဖြင့် သန္ဓေအောင်ခြင်းဖြစ်မလာသည့်အခါတွင် ကိုယ်ဝန်ရယူနိုင်ခြင်းကို ရရှိစေသည် (ဥပမာ - ရွေးချယ်ချက်အရ သို့မဟုတ် အမျိုးသား/အမျိုးသမီး မြုံခြင်း ကြောင့်)။
 
ဖြစ်စဉ်၏ စစခြင်းတွင် သုတ်ကောင်မှ ကိုယ်ဝန်ရရှိမှုဖြစ်စေနိုင်ရန် ပြောင်းလဲမှုများ တစ်သီကြီးဖြစ်ပေါ်ရသည်။ လော လောလတ်လတ် ထုတ်ယူရထားသော သုတ်ကောင်သည် သန္ဓေအောင်နိုင်ရန် မဖြစ်နိုင် သို့မဟုတ် အားရလောက် အောင် ဖြစ်နိုင်ခြင်းမရှိသည့်အတွက်[10] သုတ်ကောင်သည်ဖြစ်နိုင်ခြင်းမရှိသည့်အတွက်သုတ်ကောင်သည် အခွံချွတ်ခြင်း ဟုခေါ်သော ဖြစ်စဉ်ကို ဖြတ်သန်းရသည်။ သုတ်ရည်ထုတ်လွှတ်ခြင်း တွင် ၃၀၀၀၀၀၀၀၀ သောသုတ်ကောင်တို့ ပါ၀င်ပြီး ယင်းတို့မှ ၂၀၀ တည်းသာ ဥပြွှန် သို့ ရောက်ရှိသည်။ အခွံချွတ်ခြင်းဟူသည် သုတ်ကောင်မှ အမဥနှင့်ပေါင်းစပ်ရန် ပြင်ဆင်သည့် ဖြစ်စဉ်ကို ခေါ်ပါသည်။ အခွံ ချွတ်ခြင်းဟူသည် ၅ နာရီ မှ ၆ နာရီတွင်ဖြစ်ပေါ်ပြီး သုတ်ကောင်မှ အမျိုးသမီးအင်္ဂါ သို့ ရောက်သည်နှင့် စတင် ဖြစ်ပေါ်သည်။ ဤတွင် သုတ်ကောင်မှ အလွန်သွက်လက်ပြီး acrosome (အက်ကရိုဇုမ်း) ဖြစ်စဉ်အတွက် ပြင်ဆင် သည်။ အမဥအတွင်းသို့ ၀င်ရောက်နိုင်ရန် သုတ်ကောင်သည် အမဥကိုကာရံထားသော အလွှာဖြစ်သည့် "zona pellucida" ("ဇိုနာပလူစီဒါ") ကို ဖြတ်သန်းရမည်ဖြစ်သည်။ ထိုဇိုနာပလူစီဒါ ကိုဖြတ်သန်းပြီးသည်နှင့် ဥဆဲ(လ်) ထံသို့ သုတ်ကောင်ရောက်ရှိနိုင်ပြီ ဖြစ်သည်။
 
==ကြာမြင့်ချိန်==