တရားဥပဒေ စိုးမိုးမှု: တည်းဖြတ်မှု မူကွဲများ

"တရားဥပဒေ စိုးမိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၀၆၊ ၂၄ မေ ၂၀၁၁ ရက်နေ့က မူ

တရားဥပဒေ စိုးမိုးမှု ၏ စည်းမျဉ်းဟူသည် တရားဥပဒေနှင့်ညီညွတ်သောနီတိ ဖြစ်ပြီး မည်သူမျှ ဥပဒေ ကိုကျော်လွန် မရကြောင်း နှင့် မည်သူ့ကိုမှ ဥပဒေ ကို မချိုးဖောက်ဘဲနှင့် နိုင်ငံတော်မှ အပြစ်ပေးခွင့်မရှိကြောင်း တို့ပါ၀င်သော အယူ အဆသဘောတရားများ ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုများသည် နိုင်ငံအာဏာပိုင်တို့မှာ ဥပဒေကိုကျော်လွန်၍ နေသည် (rex lex)(ရပ်(ဇ်) လက်(ဇ်)) ဟူသည့် ရောမ ဥပဒေ နှင့် အခြားသောတရားစီရင်ရေးစနစ်တို့၏လက္ခဏာသဘောတရားမှကွဲပြားကြောင်းပြရန်ထားရှိခြင်းဖြစ်သည်။စကားအသုံးအနှုန်းအား၁၇ရာစုကတည်းကအသုံးပြုခဲ့သော် လည်း အတွေးအခေါ်သဘောတရားမှာ ကြာခဲ့ပြီ ဖြစ်သည်။ ဥပမာ - ဂရိတွေးခေါ်ပညာရှင် Aristotle (အရစ္စတိုတယ်) အဆိုရှိခဲ့သည်မှာ “ဥပဒေဟူသည် အုပ်ချုပ်မှု ဖြစ်သင့်သည်”

တရားဥပဒေ စိုးမိုးမှုတို့မှ လွတ်မြောက်ရန် တစ်နည်းမှာ ဥပဒေထုတ်ပြန်ခြင်းဟူသည်တွင် တရားဥပဒေ၏ လိုအပ်သော ပင်ကိုအရည်အချင်းပါသည် ကို ငြင်းဆန်မှုပြုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဥပဒေ၏စည်းမျဉ်းတို့ကို “အလွန်ပင် မှန်းဆ ရခက်သော သဘောတရား”ဟုလည်းဖော်ပြပြီး “နားလည်မှုတို့ဖောက်ပျက်သွေဖယ်ခြင်း”အဖြစ်သို့ ရောက်ရှိ လာစေသည်။ တရားဥပဒေ စိုးမိုးမှုမှ အနည်းဆုံး အတွေးအခေါ်ယူဆချက် နှစ်ရပ် ကိုအဓိပ္ပါယ်ဖွင့်နိုင်သည်။ တရားဥပဒေ စိုးမိုးမှု၏ သမားရိုးကျ သို့မဟုတ် ဖွင့်ဆိုချက် "ပါးပါး" နှင့် စစ်မှန်သော သို့မဟုတ် "ထူပြွန်းသော" ဖွင့်ဆိုချက်တို့ ဖြစ်သည်။ သမား ရိုးကျ ဖွင့်ဆိုချက်မှာ ဥပဒေကိုယ်တိုင်၏ "ဖြစ်ရုံကလေး" အကြောင်းကို ဝေဖန်ခြင်းမဟုတ်သော်လည်း တရားဥပဒေ စိုးမိုးမှုနှင့် ညီညွတ်စွာရှိသင့်ရှိထိုက်သည့် တရားဝင်ဘောင်ပုံသဏ္ဍာန်တစ်ခုအဖြစ် တိကျသော လုပ်ငန်းစဉ်များဆိုင်ရာ ပင်ကိုအရည်အချင်းတို့ဖြင့်သတ်မှတ်သည်။ တရားဥပဒေ စိုးမိုးမှုတို့၏ စစ်မှန်သော အတွေးအခေါ် ယူဆ ချက်များမှာမူ ယင်းထက်ကျော်လွန်ပြီး တရားဥပဒေ စိုးမိုးမှုများအပေါ်တွင် အခြေခံသော သို့မဟုတ် ထိုမှ ဆင်းသက် လာသော ထိုထိုသော စစ်မှန်သည့် အမှန်တရားများပါ၀င်သည်။

သမိုင်းမှတ်တမ်း

ယခုခေတ်တွင် "တရားဥပဒေ စိုးမိုးမှု" များဟူသည် လူသုံးများလာပြီဖြစ်သောဖော်ပြချက် ဖြစ်၍ A. V. Dicey (အေ.ဗီ ဒိုင်စီ) မှာ ဂုဏ်ယူဖွယ်ရာဖြစ်သော်လည်း တရားဝင်သော အတွေးအခေါ်၏ တိုးတက်မှုမှာ သမိုင်းတစ်လျှောက် ရှေးကျသော လူမှုတိုးတက်မှုများဖြစ်သည့် ရှေးဟောင်းဂရိ၊ ရှေးဟောင်းတရုတ်၊ ရှေးဟောင်း မီဆိုပိုတေမီးယား နှင့် ရှေးခေတ်ရောမ တို့မှတဆင့်ပြန်လည် ခြေရာကောက်နိုင်သည်။

ရှေးကျမှု

အနောက်တိုင်းအတွေးအခေါ်ပညာ တွင် ပလေတို ၏စံပြု တွေးခေါ်ပညာရှင်ဘုရင်မင်းမြတ် ကဲ့သို့ ရှေးခေတ်ဂရိ တို့ သည် အကောင်းဆုံးသူများနှင့် အုပ်ချုပ်သော အကောင်းဆုံး အစိုးရပုံစံရှိခဲ့သည်ဟု စတင်သတ်မှတ်ခံခဲ့ရသည်။ပလေတိုသည် မည်သို့ပင်ဖြစ်စေ အကောင်းဆုံးသောသူသာလျှင် ထုတ်ပြန်ပြီးသော ဥပဒေတို့ကို လိုက်နာမှုပြုရာတွင် ကောင်းမွန်စွာပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားပြီး အဘယ်ကြောင့်ကို ရှင်းပြထားသည်မှာ -

ဥပဒေဟူသည် အခြားလုပ်ပိုင်ခွင့်ရှိသူများကို ရည်ညွှန်းပြီး ကိုယ် ကိုယ်တိုင်အတွက်ဘာမှမပါလျှင် နိုင်ငံတစ်ခုပြိုလဲမှုမှာ ကျွနု်ပ်၏အမြင်အရ သိပ်ဝေးလှမည်မဟုတ်၊ သို့သော် ဥပဒေဟူသည် အုပ်ချုပ်သူတို့၏ ဆရာသခင်ဖြစ်ပြီး၊ အုပ်ချုပ်သူ တို့မှာ ၎င်း၏ကျေးကျွန်များ ဖြစ်မည်ဆိုလျင် ဤအခြေအနေသည် ကတိကဝတ်အပေးနိုင်ဆုံးအချိန်ဖြစ်ပြီး နိုင်ငံအပေါ် တွင် နတ်ဒေဝတာတို့ ရွာသွန်းသော ကောင်းချီးမင်္ဂလာအားလုံးတို့ကို လူသားတို့ခံစားရမည်ဖြစ်သည်။

ပလေတိုထက်၊ Aristotle (အရစ္စတိုတယ်) က အမြင့်ဆုံးအုပ်ချုပ်သူများကို ဥပဒေကို စောင့်ရှောက်ရန် နှင့် ထမ်း ဆောင်ပေးရန် ထက်ပိုမိုသော အခွင့်အာဏာတို့ ကိုင်ဆောင်ခြင်းကို အပြတ်ဆန့်ကျင်ခဲ့သည်။တနည်းအားဖြင့် Aristotle (အရစ္စတိုတယ်) က တရားဥပဒေ စိုးမိုးမှုဟူသည်ကို-နိုင်ငံသားတစ်ဦးတစ်ယောက်ထက် ဥပဒေကအုပ်ချုပ်သည်မှာ ပိုမိုသင့်လျော်မှုရှိသည်။ တူညီသောအယူအဆ တို့အရ အချို့သော ပုဂ္ဂိုလ်တို့ကို စောင့်ရှောက်မှုပေးသူသက်သက် နှင့် ဥပဒေတို့အား အလုပ်ကျွေးပြုသူတို့အဖြစ် သတ် မှတ်ကာ အထူးအခွင့်အာဏာ ပေးအပ်လိုက်လျှင် အကျိုးဖြစ်ထွန်းနိုင်ခြေ ရှိနိုင်သည်ဟူ၍ ထောက်ခံမှုပြုခဲ့သည်။

ရှေးခေတ် ရောမ နိုင်ငံရေးခေါင်းဆောင် Cicero (ဆီဆာရို) အဆိုအရ “ကျွန်ုပ်တို့အားလုံးသည် လွတ်လပ်နိုင်မည်ဖြစ်၍ ဥပဒေကိုအလုပ်အကျွေးပြုသူများဖြစ်သည်။”ရောမသမ္မတနိုင်ငံစနစ်တွင်လည်း အငြင်းပွားဖွယ် ရာဇဝတ် တရား သူကြီးတို့ကို သူတို့တာဝန်ထမ်းဆောင်ကာလ ကုန်ဆုံးသောအခါတွင် ခုံရုံးတင် စစ်ဆေးမှု ပြုနိုင်သည်။ ရောမ အင်ပါယာလက်အောက်တွင် အုပ်ချုပ်သူအကြီးအကဲသည် ပုဂ္ဂိုလ်ရေးအရကင်းလွတ်ခွင့်ရှိသည် (legibus solutus) (လီဂီဘတ်(စ်) ဆိုလူတပ်(စ်))။ သို့သော် မကျေနပ်ချက်၊နစ်နာချက်ရှိသူများသည် တရားဥပဒေအရ စွဲဆို၍ ဘဏ္ဍာ ကို တောင်းဆိုနိုင်သည်။ ရှေးခေတ် တရုတ်ပြည် တွင် ၃ ရာစု ခရစ်တော်မပေါ်မီကာလအတွင်း ဥပဒေပြုရေး ကျောင်းတော်မှ အဖွဲ့ဝင်များသည် အုပ်ချုပ်ရေးအတွက် လက်နက်အဖြစ် ဥပဒေကိုအသုံးပြုခြင်းကို ထောက်ပြခဲ့သည်။ သို့သော် "တရားဥပဒေ စိုးမိုးမှု" နှင့် ဆန့်ကျင်လျက် "ဥပဒေဖြင့် အုပ်ချုပ်ခြင်း" ဟူ၍ တိုးမြှင့်ပြင်ဆင်ခဲ့သည်။ ဆိုလိုသည်မှာ အမြင့်ဆုံးသော အရာရှိ မင်းကြီးများကို ဥပဒေအထက်တွင် ထားရှိခြင်းဖြစ်သည်။သိသာသောခြားနားမှုမှာ Huang-Lao (ဟွမ်းလောင်) Daoism (တာအို ၀ါဒ) ကျောင်းမှ ဥပဒေဆိုင်ရာ ယထာဘူတဝါဒီ ကို ငြင်းဆို၍ အုပ်ချုပ်သူပင် လက်ခံ မှုပြုရသော သဘာဝတရား ဥပဒေ ကို ထောက်ခံမှုပြုခဲ့သည်။

အလယ် ခေတ်

အစ္စလမ် ဥပဒေသိပ္ပံပညာ တွင် တရားဥပဒေစိုးမိုးမှုတို့သည် တစ်ဆယ့်နှစ်ရာစု မတိုင်ခင်ကပင် ပေါ်ထွက်နေပြီး ထို့ ကြောင့် မည်သည့် အရာရှိအုပ်ချုပ်သူတို့မှ ဥပဒေကိုကျော်လွန် မတောင်းဆိုနိုင်ကြောင်း၊ မွတ်ဆလင် အုပ်ချုပ်သူများ ပင်မရ ဟုဆိုသည်။သို့သော် ယင်းမှာ လောကီရေးရာ ဥပဒေအတွက် ကိုးကားချက် မပြုနိုင်သော်လည်း အစ္စလမ် ကိုးကွယ် မှုဆိုင်ရာဥပဒေ တွင် ရှရီယာဥပဒေ ပုံစံနှင့် ကိုးကားနိုင်သည်။အေဒီ ၁၂၁၅ တွင်၊ အင်္ဂလန်တွင် ထိုနည်းတူ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်လာသည်။ ဂျွန်ဘုရင် မှ သူကိုယ်တိုင်လည်း လိုက်နာပြီး အင်္ဂလန်၏ အနာဂတ် ဦးသျှောင်တို့ နှင့် ရာဇဝတ်တရားသူကြီးတို့ တရားဥပဒေ စိုးမိုးမှု အတွင်း အနည်းဆုံး တစ်စိတ်တစ်ပိုင်းရှိနေရန် အဖြစ် Magna Carta (မက်နာ ကာတာ) ကို လက်မှတ် ရေးထိုးခဲ့သည်။

ယနေ့ခေတ်

၁၆၁၀ တွင် အင်္ဂလန်ဘုရင်ဂျိမ်းစ် ၁ သို့ အောက်လွှတ်တော် မှ ပန်ကြားလွှာတွင် - ဘုန်းတော်ကြီးမြတ်လှသော အရှင်မင်းမြတ်၏လက်အောက်ခံဖြစ်တော်မူသည့် ဤတိုင်းပြည်ကြီးသည် အရှင်၏ တော် ၀င် ဘိုးတော်ဘေးတော် ဘုရင်များနှင့်မိဖုရားများ အုပ်စိုးမှုအောက်တွင် ပျော်ရွှင်မှုသုခများ နှင့် လွတ်လပ်ငြိမ်းချမ်းမှု တို့အလည်တွင် များစွာပျော်ရွှင်ခဲ့ပါသည်။ တိုင်းပြည်ဦးသျှောင်ရော၊ပြည်သူအများကိုပါ အမှန်တရားကိုပိုင်ဆိုင်စေသည့် ယုံမှားဖွယ်မရှိသော ဥပဒေစည်းမျဉ်း တို့နှင့်လမ်းညွှန်ခံရခြင်း၊ အုပ်ချုပ်မှုခံရခြင်းဖြစ်ပြီး၊ မည်သို့သော စိတ်မချဖြစ်ရခြင်း၊ အာဏာရှင်ဆန်သည့် အုပ်ချုပ်မှုပုံစံတို့နှင့်မှ လမ်းညွှန်ခြင်း၊အုပ်ချုပ်ခြင်းမပြုသည် တို့ထက်ပို၍ နှစ်သက်ဖွယ်ကောင်းပြီး၊ အဖိုးတန်လှသော အရာကိုရှာတွေ့မည်မဟုတ်ပါ….

ပထမဆုံး မော်ဒန် စာရေးသူများထဲမှ ယေဘုယျ သဘောတရားဆန်သော အခြေခံများကို ပေးသူမှာ Lex, Rex (လက်(ဇ်) ၊ ရက်(စ်)) (၁၆၄၄) ဖြင့်် Samuel Rutherford (ဆင်မြူရယ် ရူသာဖို့ဒ်) ဖြစ်သည်။ ခေါင်းစဉ်မှာ လက်တင်စကားဖြင့် “ဥပဒေသည်ဘုရင်ဖြစ်သည်” ဖြစ်ပြီး ထုံးတမ်းစဉ်လာဖြစ်သည့် rex lex ("ဘုရင်သည် ဥပဒေ ဖြစ်သည်") ကိုပြောင်းပြန်လှန်ပစ်ခဲ့သည်။ John Locke (ဂျွန် လော့ကီ) မှလည်း ထိုအကြောင်းကိစ္စအား သူ၏ အုပ်ချုပ် သူအစိုးရ၏ဒုတိယဖွင့်ဆိုရှင်းပြချက် (၁၆၉၀) တွင်ဆွေးနွေးမှုပြုခဲ့သည်။ နောင်တွင် ထိုယူဆချက်အား Montesquieu (မွန်တက်(စ်)ကျူနစ်) ၏ ဥပဒေတို့၏ စိတ်ဝိညာဉ် (၁၇၄၈) ဖြင့် ပိုမိုခိုင်မာစွာ အမြစ်တွယ်စေခဲ့သည်။

၁၇၇၆ တွင် တစ်စုံတစ်ဦးမှ ဥပဒေကို ကျော်လွန်၍မရဟူသော အဆိုသည် အမေရိကန်ပြည်ထောင်စု ထူထောင်နေချိန် အတွင်း ခေတ်စားလာခဲ့သည်။ ဥပမာ Thomas Paine (သောမတ်(စ်) ပိုင်း) ကသူ၏ လက်ကမ်းစာစောင် သာမန်အသိ တွင် “အမေရိကားတွင် ဥပဒေသည် ဘုရင်ဖြစ်သည်၊ အကြွင်းမဲ့အစိုးရ တို့အတွက် ဘုရင်သည်ကား ဥပဒေဖြစ်သည်၊ သို့ဖြစ်၍ လွတ်လပ်သောနိုင်ငံတို့တွင် ဥပဒေဟူသည်ဘုရင် ဖြစ်သင့်ပြီး အခြားမည်သူတစ်ဦးတစ်ယောက်မှမရှိသင့်” ဟုရေးခဲ့ သည်။၁၇၈၀ တွင် John Adams (ဂျွန် အက်ဒန်(စ်)) က ဥပဒေများ၏ အစိုးရတစ်ရပ် ဖြစ်ပြီး၊ လူတို့၏ အစိုးရတစ်ရပ်မဟုတ် ဟူသည်ကို တည်ထောင်ရန်ရှာဖွေခြင်းဖြင့် မက်ဆာချူးဆက် အခြေခံဥပဒေပါ ထို အယူအဆကို ကိုးကွယ်ခဲ့သည်။

ထင်မြင်ယူဆချက်များကို အမျိုးအစားခွဲခြားခြင်း

လူအမျိုးမျိုးရှိကြသကဲ့သို့ "တရားဥပဒေစိုးမိုးမှု" အဓိပ္ပာယ် အတိအကျနှင့်ပတ်သက်၍ ထင်မြင်ယူဆချက် အမျိုးမျိုး ပေးခဲ့ကြသည်။နိုင်ငံရေး သဘောတရားသမား Judith N. Shklar (ဂျူးဒ် အန် ရှပ်ကလာ) အဆိုအရ " 'တရား ဥပဒေ စိုးမိုးမှု' ဟူသော စကားစုသည် နိုင်ငံရေးသဘောထားအလွဲသုံးစားပြုခြင်း နှင့် အထွေထွေ အလွန်အကျွံ သုံးစွဲမှုတို့ ကျေးဇူးကြောင့် အဓိပ္ပာယ်မဲ့ လာရပြီဖြစ်သည်"၊ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ထိုစကားစု သည် အတိတ် တွင် တိကျသော၊ အရေးကြီးသော အဓိပ္ပာယ်ရှိခဲ့သည်။မော်ဒန် ဥပဒေရေးဆိုင်ရာသဘောတရားသမားများ အကြားတွင် ထိုဘာသာရပ်ပေါ်၌ ရှုမြင်မှုအများစုမှာ အထွေထွေအားဖြင့် အမျိုးအစား သုံးခုအဖြစ်သို့ ကွဲပြားသွားသည်။ သမားရိုးကျ ချဉ်းကပ်မှု၊ စစ်မှန်သော ချဉ်းကပ်မှု နှင့် လက်တွေ့အသုံးဝင်သော ချဉ်းကပ်မှုတို့ဖြစ်သည်။

"သမားရိုးကျ" ဖွင့်ဆိုရှင်းလင်းခြင်းသည် "စစ်မှန်သော" ဖွင့်ဆိုရှင်းလင်းခြင်းထက် ပို၍ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှ့ံပြီး သမားရိုးကျသမားများသည် အများသိကြသည့်အတိုင်း ဥပဒေဟူသည် အလားအလာရှိရမည်၊ ယေဘုယျဆန်မှု၊ သာတူညီမျှမှု နှင့် သေချာမှုဟူသည်တို့၏ ၀ိသေသတို့လည်းရှိရမည်ဟူ၍ ဆုပ်ကိုင်ထားကြသည်။ ထို့အပြင် သမားရိုးကျရှုမြင်မှုတွင် ဥပဒေရှိပါ၀င်မှုတို့တွင် လိုအပ်ချက်မရှိဟု ပါ၀င်သည်။ထို သမားရိုးကျ ချဉ်းကပ်မှုတွင် ဥပဒေအား ဒီမိုကရေစီစနစ် နှင့် လူတစ်ဦးချင်းစီ၏အခွင့်အရေး ကို ကာကွယ်ရန် ခွင့်ပြုထားသော်လည်း ထိုကဲ့သို့ ဒီမိုကရေစီ နှင့် လူတစ်ဦးချင်းစီ၏အခွင့်အရေးကို ကာကွယ်မှုပြုသည့် ဥပဒေမျိုး အသေအချာမရှိသော နိုင်ငံတို့တွင် လည်း "တရားဥပဒေစိုးမိုးမှု" တို့တည်ရှိသည်ကို တရားဝင်အသိအမှတ် ပြုထားသည်။

စစ်မှန်သော ဖွင့်ဆိုရှင်းလင်းခြင်း တွင် တရားဥပဒေစိုးမိုးမှုတို့သည် အချို့ သို့မဟုတ် အားလုံးသော လူတစ်ဦးချင်းစီဆိုင်ရာ အခွင့်အရေးများကို မဖြစ်မနေ ကာကွယ်ထားသည်ဟု ဆုပ်ကိုင်မှုပြုထားသည်။"တရားဥပဒေစိုးမိုးမှု" အသုံးအနှုန်းအား သမားရိုးကျ နှင့် စစ်မှန်သောဖွင့်ဆိုရှင်းပြခြင်းတို့ကို ထပ်ပေါင်း ပြောရလျှင် အခြား ဖွင့်ဆိုရှင်းပြခြင်းမှာ လက်တွေ့အသုံးဝင်သောဖွင့်ဆိုခြင်းဖြစ်ပြီး"လူသားတို့၏စိုးမိုးမှု"နှင့်"တရားဥပဒေစိုးမိုးမှု"တို့ကိုခွဲခြားပြထားသည့်ထုံးတမ်းစဉ်လာ အင်္ဂလိပ်အဓိပ္ပာယ်နှင့်လည်း ညီညွတ်မှုရှိသည်။ လက်တွေ့အသုံးဝင် သော ရှုမြင်မှုအရ အုပ်ချုပ်သူအရာရှိတို့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် များစွာရှိသော လူ့အဖွဲ့အစည်းတွင် "တရားဥပဒေစိုးမိုးမှု" တို့သည် အတိုင်းအတာနိမ့်နေပြီး၊ အုပ်ချုပ်ရေးဆိုင်ရာအရာရှိတို့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် နည်းသော လူ့အဖွဲ့အစည်းတွင် "တရားဥပဒေစိုးမိုးမှု" တို့သည် အတိုင်းအတာမြင့်နေတတ်သည်။ထို့ကြောင့် "တရားဥပဒေ စိုးမိုးမှု" ဟူသည် လိုက်လျောညီထွေဖြစ်မှုကို ပိုမိုနှစ်သက်ကြမည် ဆိုလျှင်သော်မှ ယင်း လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုသည် တစ်ခုခု အံဝင်ခွင်ကျခြင်းမရှိဖြစ်နေပေသည်။

ရှေးဟောင်းအတွေးအခေါ်ဖြစ်သော တရားဥပဒေ ၏ စိုးမိုးမှု များဟူသည်ကို ဥပဒေ ဖြင့် အုပ်ချုပ်ခြင်း ဟူသည်မှ ကွဲပြားစေနိုင်ပုံကို နိုင်ငံရေးသိပ္ပံ ပါမောက္ခ Li Shuguang (လီ ရှုဂေါင်း) ၏ အဆို ဖြစ်သော " ကွဲပြားခြားနားချက်မှာ… တရားဥပဒေစိုးမိုးမှုများအောက်တွင် ဥပဒေသည် ထိပ်ဆုံးမှာ ရှိနေပြီး အာဏာကိုအလွဲသုံးစားလုပ်သောအခါ စစ်ဆေး မှုအဖြစ်သုံးနိုင်သည်၊ တရားဥပဒေစိုးမိုးမှု အောက်တွင်မူ ဥပဒေဟူသည် အုပ်ချုပ်သူအစိုးရတို့မှ တရားဥပဒေနှင့် အညီ ခေတ်ဆန်ခြင်းတွင် နှိမ်နင်းရန် အတွက်သုံးသည့် လက်နက်တစ်ခုအဖြစ်သာ ရှိနိုင်သည်။"

တရားစီရင်ပိုင်ခွင့်အမျိုးမျိုးတို့တွင် အနေအထား

ဥပဒေ၏စည်းမျဉ်းများသည် နိုင်ငံတစ်ခု၏ အုပ်ချုပ်ရေး အရည်အသွေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး တို့ကို အဆုံး အဖြတ်ပြုသည့် သော့ချက်အမြင်များအနက်မှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ရေးရာအညွှန်း ကဲ့သို့သော သုတေသနတို့မှ တရားဥပဒေစိုးမိုးမှုကို အနက်ဖွင့်ထားသည်မှာ “မိမိကိုယ်ကို ယုံကြည်မှု နှင့် လူမှုဝန်းကျင်၏ စည်းမျဉ်းများ အတိုင်း နာခံမှု အထူးသဖြင့် သဘောတူစာချုပ်တို့သက်ရောက်စေသည့် တန်ဖိုး၊ ရဲသား နှင့် တရားရုံးများ တို့အပြင် ရာဇဝတ်မှု သို့မဟုတ် အကြမ်းဖက်မှုတို့ ဖြစ်ပေါ်မှုအခြေအနေ တို့ကို ကိုယ်စား ပြုပေးသည့် အတိုင်းအတာတစ်ခု” ဟူ၏။ထိုဖွင့်ဆိုချက်ပေါ်တွင် မူတည်၍ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ရေးရာ အညွှန်း စီမံကိန်း မှ အောက်တွင်မြင်တွေ့ရသည့် မြေပုံအတိုင်း နိုင်ငံပေါင်း ၂၀၀ ကျော်အတွင်းရှိ တရားဥပဒေစိုးမိုးမှု တို့အတွက် စုပေါင်းခြုံငုံထားသည့်အတိုင်းအတာတို့ကို ထုတ်ဖော်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု

နိုင်ငံတော်သမ္မတ၊ တရားရုံးချုပ်၏တရားသူကြီးများ၊ နှင့် လွှတ်တော်အမတ်အားလုံး တို့အပါအဝင် အမေရိကန်ပြည် ထောင်စု ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိအားလုံး တို့သည် အခြေခံဥပဒေ ကို အတည်ပြုထိန်းသိမ်းရန် ပထမဦးစွာ ကတိပြုရသည်။ ထိုကျိန်ဆိုမှုများသည် ဥပဒေ၏စည်းမျဉ်းများသည် မည်သည့်လူသားခေါင်းဆောင်တို့၏ စည်းမျဉ်း များထက်မဆို ပိုမိုအဆင့်မြင့်သည်ကို အခိုင်အမာပြောဆိုခြင်းဖြစ်သည်။တစ်ချိန်တည်းတွင် ဗဟိုအစိုးရအောက်ရှိ အုပ်ချုပ်ရေး တွင်လည်း လုံလောက်သော ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဥပဒေပြုသည့်ဌာနမှ ဥပဒေတွင် ဖော်ပြထား သောအာဏာတို့ နှင့် အခြေခံဥပဒေအရ ကာကွယ်မှုပြုထားသော တစ်ဦးချင်းစီတို့၏ အခွင့်အရေးများ ဘောင်အတွင်း တွင် ရှိနေသ၍ မည်သည်ကိုပြဌာန်းရေးသားရမည်ကို လွတ်လပ်စွာပြုနိုင်သည်။ ထို့အတူ တရားစီရင်ရေး ဌာန မှလည်း တရားစီရင်မှုကိုယ်ပိုင်ဆုံးဖြတ်ခွင့် အတိုင်းအတာရှိပြီး[29] အုပ်ချုပ်ရေးဌာနမှလည်း တရားစွဲဆိုခြင်းနှင့် ဆိုင်သော ကိုယ်ပိုင် ဆုံးဖြတ်ခွင့် တို့ အပါအဝင် မြောက်များစွာသော ကိုယ်ပိုင်ပြုလုပ်ခွင့် အာဏာရှိသည်။

အာရှ

အရှေ့ပိုင်းအာရှဒေသ၏ ယဉ်ကျေးမှုတို့ကို အများအကျိုးဆောင်တတ်သော၊ စိတ်ကောင်းရှိသော ခေါင်းဆောင်တို့ အုပ်ချုပ်သည့် ကောင်းမွန်သောအုပ်ချုပ်မှုကို ထောက်ခံသော ကွန်ဖြူးရှပ်ဝါဒ နှင့် ဥပဒေ အတိုင်း တင်းကျပ်ခြင်း ကို ထောက်ခံသည့် လီဂယ်ဝါဒ တို့ဟူသည့် အတွေးအခေါ်နှစ်မျိုးနှင့် လွှမ်းမိုးနေသည်။ ရာစုနှစ်ပေါင်းများစွာ တစ်လျှောက် အတွေးအခေါ်တစ်မျိုးအပေါ် တစ်မျိုး၏ လွှမ်းမိုးမှုမှာလည်း ပြောင်းလဲလျက် ရှိသည်။ အရှေ့အာရှ တစ်လျှောက် လုံးတွင် တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် နှင့် ဟောင်ကောင် တို့တွင်သာ ဥပဒေနှင့် ချည်နှောင်ထားသည့်နိုင်ငံဟု ကြေငြာမှု ပြုထားသည့် လူနေမှုဝန်းကျင်တို့ ရှိသည် ဟုလေ့လာချက်တစ်ခုတွင် တွေ့ရသည်။အာရှ လူ့အခွင့်အရေး ကော်မရှင် အသင်းသားတစ်ဦးဖြစ်သော Awzar Thi (အာဇာ သီ) အဆိုအရ ထိုင်း၊ ကမ္ဘောဒီးယား နှင့် အာရှဒေသ အ များစု တွင်ရှိသော တရားဥပဒေစိုးမိုးမှုတို့မှာ အားနည်းခြင်း သို့မဟုတ် မတည်ရှိခြင်း တို့ဖြစ်သည် ဟူ၏-

နိုင်ငံများနှင့်ဒေသအများအပြားရှိသည်မှလွဲ၍ တိုက်ကြီးတစ်ဝှမ်းလုံးတွင် တရားဥပဒေစိုးမိုးမှုများဆိုင်ရာ စကားလုံးများ နှင့်လက်တွေ့ဘဝအကြား ကြီးမားသော ကွာဟချက်ရှိနေသည်။ ထိုင်းနိုင်ငံတွင် ရဲသားအင်အားစုမှာ ရာဇဝတ်ဂိုဏ်း အဖွဲ့တစ်ခုဖြစ်သည်။ ကမ္ဘောဒီးယားတွင် တရားသူကြီးများသည် အုပ်ချုပ်နေသော နိုင်ငံရေးပါတီ၏ ကိုယ်စားလှယ်များ ဖြစ်သည်…. တရားသူကြီးတစ်ဦးသည် နိုင်ငံရေးဆိုင်ရာမျက်စိမှိတ်ဘက်လိုက်မှုကို အကာအကွယ်ပေးခြင်း သို့မဟုတ် ဥပဒေကိုမမျှတစွာ သက်ရောက်စေခြင်း တို့သည် အာရှဒေသတွင် သာမန်ရာဇဝတ်မှု တရားခံတစ်ဦးအတွက် အသေး ငယ်ဆုံးသော စိတ်ပူပင်စရာမျိုးဖြစ်သည်။ အခြားသော ခပ်ဆင်ဆင် ကိစ္စများမှာ ရဲတို့မှ သက်သေအထောက်အထားကို လုပ်ကြံပြောဆိုမည်လား၊ တရားလိုမှ လာရောက်အစစ်ခံရန် ဒုက္ခခံပေးနိုင်မည်လား။ တရားသူကြီးများ အိပ်ပျော် သွား မည်လား၊ ထောင်ထဲတွင်ငါ့ကို အဆိပ်ခပ်သတ်မလား၊ ဆယ်စုနှစ်တစ်ခုအတွင်း ငါ့အမှုကိစ္စပြီးပြတ်ပါ့မလား ဟူ၍ ဖြစ်သည်။

တရုတ်နိုင်ငံ နှင့် ဗီယက်နမ် ကဲ့သို့သော နိုင်ငံများတွင် စျေးကွက်စီးပွားရေးစနစ် ကူးပြောင်းမှုသည် တရားဥပဒေ စိုးမိုး မှုများ စီသို့ တစ်လှမ်းတိုးလာသည့် အဓိကအချက်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရားဥပဒေစိုးမိုးမှုများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုတို့အတွက် အရေးကြီးသောကြောင့်ဖြစ်သည်။ တရုတ် နိုင်ငံနှင့် ဗီယက်နမ်တို့ကဲ့သို့သော နိုင်ငံများရှိ တရားဥပဒေစိုးမိုးမှုများတွင် စီးပွားရေးရာကိစ္စရပ်များသို့ ကန့်သတ် ထိန်းသိမ်းပေးမည်၊ မပေးမည် သို့မဟုတ် အခြားသော အပိုင်းများသို့လည်း ပျံ့နှ့ံသွားမည် ထိုသို့ပျံ့နှ့ံသွားမှုသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကဲ့သို့သော ဆက်နွယ်နေသည့်တန်ဖိုးများအတွက် အကျိုးအမြတ် ဖြစ်ထွန်းလာနိုင် သည်၊ မနိုင်သည် တို့မှာ လက်ရှိအထိ ရှင်းလင်းမှုမရှိသေးပေ။

တရုတ်နိုင်ငံ၏တရားဥပဒေစိုးမိုးမှု သည် တရုတ်တွင် တရားဝင်ပညာရှင်တို့နှင့် နိုင်ငံရေးသမားတို့အကြား ကျယ်ပြန့်စွာ ဆွေးနွေးငြင်းခုန်ခဲ့ပြီးဖြစ်သည်။ အိန္ဒိယ တွင် ၁၉၅၀ ကတည်းက ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အရှည်ဆုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကျမ်း နှင့် အုပ်ချုပ်ခဲ့သည်။ အိန္ဒိယ၏ ဖွဲ့စည်းပုံဥပဒေ သည် တရားစီရင်ရေးလုပ်ပိုင်ခွင့်အတွက် အခွင့်အရေးတို့ကို ထိန်းချုပ်နိုင် သည့် အသေးစိတ်အချက်အလက်များကို ပေးအပ်ရန် ရည်ရွယ်သော်လည်း အခြေခံဥပဒေတွင် ပုံနှိပ်ခြင်း ပိုမိုပါ၀င် သည်နှင့် ဥပဒေရေးရာမှ တရားဥပဒေအရပြန်လည်သုံးသပ်ခြင်း ကိုပြုလုပ်ရန် အခွင့်အရေး ပိုများလေဖြစ်သည်။အိန္ဒိယ စာနယ်ဇင်းဆရာ Harish Khare (ဟာရစ် ခါရီ) အဆိုအရ “တရားဥပဒေစိုးမိုးခြင်း သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ [သည်] ပင် တရားသူကြီးတို့၏စည်းမျဉ်းများနှင့် အစားထိုးခံရမည့် အန္တရာယ်တွင်ရှိသည်” ဟူ၏။

ဒုတိယကမ္ဘာစစ် မတိုင်ခင်ကပင် ဂျပန် တွင် ရာစုနှစ်ပေါင်းများစွာသော ထုံးတမ်း ဥပဒေများရှိခဲ့သော်လည်း လူမှု ၀န်းကျင်အတွက် အထူးပြုရေးဖွဲ့ထားသော သဘောတရားများမဟုတ်ဘဲ အုပ်ချုပ်သူအစိုးရ၏ အာဏာကို လည်း ထိန်းချုပ်ထားခြင်း မရှိခဲ့ပေ။ နှစ်ဆယ့်တစ်ရာစု အစပြုသည်တွင် ဂျပန်နိုင်ငံရှိ ရှေ့နေ နှင့် တရားသူကြီးတို့ ရာခိုင်နှုန်း သည် အနောက်ဥရောပ နှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းနေခဲ့ပြီး ဂျပန်နိုင်ငံရှိ ဥပဒေပြု ထားခြင်းသည် တိုတိုပြတ်ပြတ် နှင့် ယေဘုယျ ကျနေသည့်ပုံရှိရာ ဗျူရိုကရက်တို့လက်ထဲသို့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် များစွာပေးထားသကဲ့သို့ဖြစ်နေသည်။

အဖွဲ့အစည်းများနှင့် ပညာရှင်တို့၏ ဆောင်ရွက်မှုများ

များစွာသော အဖွဲ့အစည်းများနှင့် ပညာရှင်တို့မှ တရားဥပဒေစိုးမိုးမှုတို့ကို ထောက်ခံခဲ့ကြပြီး ထိုအတွေးအခေါ်အတွက် ၎င်းတို့ပိုနှစ်သက်သော ဖွင့်ဆိုချက်ပုံစံကို မူတည်၍ နေရာများလည်းယူခဲ့ကြသည်။

ကုလသမဂ္ဂ

ကုလသမဂ္ဂ၏အတွင်းရေးမှူးချုပ် မှ တရားဥပဒေစိုးမိုးမှုကို ဤသို့ဖွင့်ဆိုထားပါသည်- အုပ်ချုပ်ရေး၏ သဘောတရားတစ်ခုဖြစ်သော အားလုံးသော လူသား၊ အဖွဲ့အစည်းများ နှင့်သီးခြားရပ်တည်မှုများ၊ နိုင်ငံတော်ကိုယ်တိုင်အပါအဝင် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကဆိုင်ရာတို့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ ရေး ခေါ်ဆိုမှုများ အဆင့်အတန်းများ နှင့် ညီညွတ်သည့် အများသိကြေညာထားသော၊ ညီမျှစွာလက်ခံထားစေသော၊ လွတ်လပ်စွာ စစ်ဆေးဆုံးဖြတ်သော တရားဥပဒေကို လိုက်နာရမည်ဖြစ်သည်။ ယင်းသည် ဥပဒေ၏ အကြီးမြင့် ဆုံးသော အခြေခံသဘောတရား၊ ဥပဒေရှေ့မှောက်တွင် သာတူညီမျှရှိခြင်း၊ ဥပဒေကိုလိုက်နာလက်ခံခြင်း၊ ဥပဒေ လုပ်ငန်းစဉ် တို့တွင် တရားမျှတခြင်း၊ အာဏာအခွင့်တို့ကို ခွဲခြားခြင်း၊ ဆုံးဖြတ်ချက်ပြုလုပ်ရာတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ တရားဥပဒေအရ တိကျသေချာခြင်း၊တစ်ဖက်သက် ထင်ရာစိုင်း၍ဆောင်ရွက်ခြင်းကို ရှောင်ရှားခြင်း နှင့် တရားဥပဒေ၏ စစ်ကြောမှုခံနိုင်ခြင်းတို့ကို လိုက်နာမှုရှိခြင်းကို သေချာစေရန် တိုင်းတာမှု များလိုအပ်သည်။

၁၉၉၂ ခုနှစ်မှစတင်၍ အထွေထွေညီလာခံသည် တရားဥပဒေစိုးမိုးမှုကို ဆောင်ရွက်ရန်လုပ်ငန်းစဉ်ကိစ္စများအဖြစ် မှတ်ယူထားပြီး ၂၀၀၆ ခုနှစ်ကတည်းက အသစ်ထည့်သွင်းထားသော လုပ်ပိုင်ခွင့်တို့နှင့် ပြန်လည်အဖြေထုတ်ဖော် ထားခြင်းတို့ကို ၎င်း၏နောက်ဆုံး ကျင်းပမှုသုံးကြိမ်တွင် လက်ခံယူခဲ့သည်။လုံခြံုရေးကောင်စီမှ တရားဥပဒေ စိုးမိုးမှုအပေါ်တွင် များစွာသော အာဘောင်အာရင်းသန်သန်ငြင်းခုံမှုများ ပြုလုပ်ပြီးအမျိုးသမီးများ၊ ငြိမ်းချမ်းရေး နှင့် လုံခြံုရေး၊လက်နက်ကိုင်စွဲမှု ပဋိပက္ခများအတွင်းမှ ကလေးသူငယ်များနှင့် လက်နက်ကိုင်တိုက်ပွဲများကြားမှ နိုင်ငံသားတို့အား ကာကွယ်ခြင်းတို့နှင့်ဆက်စပ်သည့်အကြောင်းအရာများ၏ အရေးပါမှုကို အထူးပြုထားသည့် ပြန်လည် အဖြေထုတ်ဖော်ထားခြင်းတို့ကို လက်ခံယူခဲ့သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မရှင် သည်လည်း ၎င်း၏ လုပ်ငန်းစဉ် ပေါ်တွင်ရှိသော နိုင်ငံများအား ထောက်ထားဂရုပြုခြင်းဖြင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာ ကိစ္စရပ်များကို ပုံမှန် ညွှန်ပြမှု ပြုလုပ်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာတရားမျှတမှုစီမံကိန်း

ကမ္ဘာလုံးဆိုင်ရာ တရားမျှတစေရေး စီမံကိန်း ဟု အသုံးပြုထားသည့်အတိုင်း— အကျိုးအမြတ်မမျှော်ကိုးဘဲ ကမ္ဘာအနှ့ံ တရားဥပဒေစိုးမိုးမှု ဖွ့ံဖြိုးရေးအတွက် ဖွဲ့ထားသော အဖွဲ့အစည်း- တရားဥပဒေစိုးမိုးမှုဟူသည် အောက်ပါ အကြွင်းမဲ့ မှန်ကန်သော သဘောတရားများကို လက်ခံသည့် စည်းမျဉ်းများအခြေခံသော စနစ်ကို ရည်ညွှန်းသည်-

  1. အစိုးရနှင့် ၎င်း၏အရာရှိများ၊ ကိုယ်စားပြုသူများသည် ဥပဒေအောက်တွင် နာခံရမည်၊
  2. ဥပဒေများသည် ရှင်းလင်းရမည်၊ အများပြည်သူသိရမည်၊ တည်ငြိမ်ရမည်၊ သင့်မြတ်ရမည် နှင့် အသက်၊ အိုးအိမ် စည်းစိမ် လုံခြံုရေးတို့အပါအဝင် အခြေခံကျသော အခွင့်အရေးများတို့ကို ကာကွယ်ပေးရမည်၊
  3. ထိုဥပဒေများကို ထုတ်ပြန်ခြင်း၊ စီမံခန့်ခွဲခြင်း နှင့် ခံယူစေခြင်းတို့ပြုသည့် လုပ်ငန်းများသည် နားလည်ရန်လွယ်ရမည်၊ သင့်မြတ်ရမည်၊ အကျိုးသက်ရောက်မှုရှိရမည်၊
  4. တရားမျှတမှုရယူနိုင်ရန် အရည်အချင်းပြည့်သော၊ ဘက်လိုက်မှုမရှိသော၊ ကျင့်ဝတ်နှင့်ညီသည့် စစ်ဆေး ဆုံးဖြတ် သူများ၊ ရှေ့နေများ သို့မဟုတ် ကိုယ်စားလှယ်များ နှင့် အရေအတွက်အားဖြင့် လုံလောက်သော၊ ပြည့်စုံကုံလုံ မှုရှိသော၊ မိမိတို့ထမ်းဆောင်သည့် လူ့အဖွဲ့အစည်းရှိ တည်ဆောက်ပုံကို ရောင်ပြန်ဟပ်နိုင်သော တရားစီရင်ရေးဆိုင်ရာ အရာရှိ များတို့မှ ထမ်းဆောင်ရမည်။

ကမ္ဘာလုံးဆိုင်ရာတရားမျှတရေးစီမံကိန်း မှ အတိုင်းအတာကိုချင့်ချိန်ရန် မည်သည့်နိုင်ငံများမှ တရားဥပဒေစိုးမိုးမှုတို့ကို လက်တွေ့တွင် လိုက်နာသည့် ရည်ညွှန်းချက် တစ်ခုကို ပြုလုပ်လိုက်သည်။ WJP (ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး စီမံကိန်း) တရားဥပဒေစိုးမိုးမှု ရည်ညွှန်းချက်သည် အခြေခံအကြောင်း ၁၀ ချက်နှင့် အချက်ခွဲ ၄၉ ချက်တို့နှင့် ဖွဲ့စည်း ထားသည်။ယင်းတို့မှ အုပ်ချုပ်ရေးအရာရှိများသည််လည်း ဥပဒေလက်အောက်တွင် တာဝန်ခံယူခြင်း ရှိ၊ မရှိ နှင့် တရားရေးအဖွဲ့အစည်းတို့မှ အခြေခံကျသော အခွင့်အရေးတို့ကို ကာကွယ်ခြင်းနှင့် သာမန်ပြည်သူတို့ တရားမျှတမှုကို ရယူနိုင်ခြင်းရှိ၊ မရှိ တို့ကဲ့သို့သော ဥပဒေစည်းမျဉ်းများ၏ အမျိုးမျိုးသောအတိုင်းအတာတို့ကို ကာကွယ်ထားသည်။

Albert Dicey (အဲ(လ်)ဘတ် ဒိုင်စီ)

၁၈၈၅ တွင် ဗြိတိန်ဥပဒေပညာရှင် A. V. Dicey (အေ.ဗွီ ဒိုင်စီ) သည် "တရားဥပဒေစိုးမိုးမှု" ဟူသည့်စကားစုကို တွင် ကျယ်စေခဲ့သည်။Dicey (ဒိုင်စီ) သည် တရားဥပဒေစိုးမိုးမှု၏ ကဏ္ဍသုံးခုပေါ်တွင် အထူးပြုခဲ့သည်။ (၁) မည်သူမှ ပုံမှန် တရားရုံးတစ်ခု အတွင်း သက်သေပြုသည့် ဥပဒေချိုးဖောက်မှုမှ လွဲ၍ ပြစ်ဒဏ်ပေးခံရခြင်း သို့မဟုတ် ထိခိုက် ခံရခြင်း မရှိစေရ၊ (၂) မည်သူမှ ဥပဒေ၏ အထက်တွင်မရှိ၊ ဥပဒေရှေ့မှောက်တွင် လူမှုရေး၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေးရာ အဆင့်အတန်း မည်သို့ပင်ရှိစေ လူတိုင်းသည် အတူတူပင်ဖြစ်သည်၊ နှင့် (၃) တရားဥပဒေ စိုးမိုးမှုတို့တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးတို့အား ဆုံးဖြတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၏ ရလဒ်တို့ ပါ၀င်သည်။