မြစ်ကျဉ်းသုံးသွယ် ရေကာတာ: တည်းဖြတ်မှု မူကွဲများ

ဟူပေပြည်နယ်၊ ဆန်းတုန်ဖိန်မြို့အနီး တည်ရှိသော ရေကာတာ
"|| '''..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၈:၁၃၊ ၂၄ မေ ၂၀၁၁ ရက်နေ့က မူ

မြစ်ကျဉ်းသုံးသွယ် ရေကာတာသည် တရုတ်ပြည်၏ အရှည်ဆုံးမြစ် ယန်ဇီမြစ်ပေါ်ရှိ ဟူပေပြည်နယ် ဆန်းတုန်ဖိန်မြို့ အနီးတွင် တည်ဆောက်ထားသည့် ရေကာတာဖြစ်သည်။ ၎င်းသည်လည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေအားလျှပ်စစ်စက်ရုံဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၈၂၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။

ရေကာတာကို ၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးသည်။ ရေအားလျှပ်စစ်စက်ရုံတွင် ဓာတ်အား ၇၀၀ မဂ္ဂါဝပ် ထုတ်ပေးနိုင်သည့် တာဗိုင်ပေါင်း ၂၆ ခုရှိသည်။

လျှပ်စစ်ဓာတ်အားအပြင် ယန်ဇီမြစ်တလျှောက် ရေကြောင်းပို့ဆောင်ရေး စွမ်းအားကို မြှင့်တင်ပေးကာ မြစ်ရေကြီးမှုများကို လျော့ပါးစေသည်။ တရုတ်အစိုးရက ယင်းရေကာတာကို ဆောက်လုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် အောင်မြင်သည့် သမိုင်းဝင် စီမံကိန်းတစ်ရပ်ဟု ဂုဏ်ယူခဲ့သည်။ သို့သော်လည်း ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ယန်ဇီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေအောက်နစ်မြုပ်သွားခဲ့သလို လူဦးရေ ၁.၃ သန်းခန့် ဌာနေကို စွန့်ခွာကာ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည့်အပြင် မြေပြိုခြင်းစသည့် ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုမိုကြီးမား လာစေသည်။