ပေါလ် စခိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - ar, bg, bn, ca, cs, da, de, es, et, fa, fi, fr, ga, he, hr, hu, id, it, ja, ko, la, lt, lv, mk, mn, mr, ms, nl, no, pl, pt, ro, ru, simple, sk, sl, sr, sv, th, tr, uk,
No edit summary
စာကြောင်း ၂၆ -
 
ပေါလ်စခိုးကို ဆဲလ်ဖို့ဒ်တွင် မွေးပြီး နောက်ပိုင်းတွင် လန်လေ သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတွင် ခရစ်ကက် နှင့် ဘောလုံး နှစ်ခုစလုံးတွင် ထူးချွန်သည်။ သူ၏ ကျောင်းရှိ ကင်းထောင် တစ်ဦးက သူ့အား သတိထားမိပြီးသွားသည့် နောက်တွင် အသက် ၁၄ နှစ် အရွယ်မှ စ၍ မန်ချက်စတာ ယူနိုက်တက်၌ လေ့ကျင့်ကစားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ဖလား ၃ ခုရသော ရာသီတွင် အဓိက နေရာမှ ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နှင့် အတူ [[ပရီးမီးယားလိဂ်]] ဖလား ၁၀ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တွင် ဒုတိယ တံဆိပ်တို့ ရရှိခဲ့ဖူးသည်။
 
စခိုးသည် အင်္ဂလန်နိုင်ငံ အသင်းတွင် ၁၉၉၇ မှ ၂၀၀၄ ခုနှစ် အထိ ပါဝင်ကစားခဲ့ပြီး ၁၉၉၈ နှင့် ၂၀၀၂ ကမ္ဘာ့ဖလား အပြင် ယူရို ၂၀၀၀ နှင့် ယူရို ၂၀၀၄ တို့တွင် ပါဝင်ကစားခဲ့သည်။ ကစားပွဲအားလုံးတွင် အဝါကဒ် ၁၂၀ ကျော် ထိဖူးပြီး အနီကဒ်ပြ၍ အထုတ်ခံရသည်မှာ ၁၀ ကြိမ် ရှိသည်။
 
စခိုးသည် မန်ချက်စတာ ယူနိုက်တက်နှင့် အတူပွဲပေါင်း ၆၅၀ ကျော် ကစားခဲ့သဖြင့် မန်ယူနှင့် ကစားသော ဘောလုံးသမားများတွင် စတုတ္ထမြောက် အများဆုံး ပွဲကစားသူဖြစ်သည်။ သူသည် ၃၁ မေလ ၂၀၁၁ တွင် အနားယူရန် တရားဝင်ကြေငြာခဲ့သည်။
 
[[Category:ဘောလုံးသမား]]