ပေါလ် စခိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - th:พอล สโกลส์
အရေးမကြီးNo edit summary
စာကြောင်း ၂၃ -
}}
 
'''ပေါလ် အေရွန် စခိုး''' (Paul Scholes) ( ၁၉၇၄ နိုဝင်ဘာ ၁၆ မွေး) သည် အနားယူသွားသော အင်္ဂလိပ် ဘောလုံးသမား တစ်ယောက် ဖြစ်ပြီး [[မန်ချက်စတာ ယူနိုက်တက်]] ဘောလုံးကလပ်တွင် အလယ်တန်း ကစားသမား တစ်ဦး အဖြစ် ကစားခဲ့သည်။ သူသည် သူ၏ ဘောလုံးသမား သက်တမ်း တလျှောက်လုံးကို မန်ချက်စတာ ယူနိုက်တက် တစ်ခုတည်းတွင်သာ ကုန်ဆုံးခဲ့သည်။
 
ပေါလ်စခိုးကို ဆဲလ်ဖို့ဒ်တွင် မွေးပြီး နောက်ပိုင်းတွင် လန်လေ သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတွင် ခရစ်ကက် နှင့် ဘောလုံး နှစ်ခုစလုံးတွင် ထူးချွန်သည်။ သူ၏ ကျောင်းရှိ ကင်းထောင် တစ်ဦးက သူ့အား သတိထားမိပြီးသွားသည့် နောက်တွင် အသက် ၁၄ နှစ် အရွယ်မှ စ၍ မန်ချက်စတာ ယူနိုက်တက်၌ လေ့ကျင့်ကစားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ဖလား ၃ ခုရသော ရာသီတွင် အဓိက နေရာမှ ကစားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နှင့် အတူ [[ပရီးမီးယားလိဂ်]] ဖလား ၁၀ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်တွင် ဒုတိယ တံဆိပ်တို့ ရရှိခဲ့ဖူးသည်။