ဆိုရှယ်လစ်ဝါဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁ -
(က) အကြင်လူ့ဘောင်၏ အသက်မွေးမှုဘဝအတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ပေးသည့် ကုန်ထုတ်ကရိယာ အရင်းအနှီးများ (Means of Production) ကို ထိုလူ့ဘောင်က ဘုံပစ္စည်း (Common Ownership) အဖြစ် ပိုင်ဆိုင်နေခြင်း။
 
(ခ) ထိုလူ့ဘောင်၏ အဖွဲ့ဝင်တို့သည် မိမိတို့ ဘုံပစ္စည်းဖြစ်သော ထိုကုန်ထုတ်ကရိယာ အရင်းအနှီးများကို စနစ်တကျ စီမံကိန်းချ၍ စုပေါင်းဆောင်ရွက်အပ်သော လုပ်အားတို့ဖြင့် အလုပ်လုပ်ခြင်း။<ref>ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များသမိုင်း (ပထမတွဲ ၁၉၆၈၊ ဒုတိယတွဲ ၁၉၆၉၊ စာပေဗိမာန်ပုံနှိပ်တိုက်)</ref>
 
==ရှေ့ပြေး ဆိုရှယ်လစ်များ==
===ဆီမွန် (Claude Henri Simon 176-1825) ပြင်သစ်===
ဝါဒလိုရင်းအနှစ်ချုပ် - အရင်းရှင်နှင့် ကာယ၊ ဉာဏ အလုပ်သမားများ၊ ဘောဂဗေဒပညာရှင်များ၊ အတတ်ပညာသည်များ ငြိမ်းချမ်းစွာ စုပေါင်း၍ စီမံကိန်းစနစ်ဖြင့် အများအကျိုးကို ဆောင်ရွက်သော ရွှေပြည်တော် တည်ဆောက်ရေး။
 
===ရှားလ် ဖူရီယေ (Charles Fourier 1772-1837) ပြင်သစ်===
 
ဝါဒလိုရင်းအနှစ်ချုပ် - စီးပွားရေးကို အခြေခံသော ဘုံလူ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းရမည်။ မိသားစုများ စုပေါင်းပါဝင်သော ထိုအဖွဲ့အစည်းတွင် လူတိုင်းသည် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးအတွက် လုပ်ငန်းများတွင် ကိုယ်တတ်ကျွမ်ရာကို မခိုမကပ်ဘဲ စုပေါင်းလုပ်ကိုင် ကြရမည်။ ဤပစ္စည်းများကို မှန်ကန်စွာ ဖြန့်ဝေရမည်။ မိသားစုများကို အဆောက်အဦကြီးများတွင် မိသားစုပိုင် အခန်းများနှင့် ထားမည်။ မိသားစုသည် ယင်းတို့ပိုင်အခန်းတွင် မနေချင်ပါက အများနှင့် ရောနှော၍ ဘုံစားသောက်ခန်းတွင် စားသောက်၍ ဘုံခန်းတွင် အိပ်နိုင်သည်။ ထိုအခန်းများတွင် လိုအပ်သောလူ့အသုံးအဆောင်ပစ္စည်းများ ထားပေးမည်။ ကလေးများကို ဘုံစနစ်နှင့် ထိမ်းမည်။ အရွယ်ရောက်ပါက ကြိုက်နှစ်သက်ရာ လက်မှုပညာ သင်စေမည်။ ဤဘုံလူ့အဖွဲ့အစည်းအတွက် လိုအပ်သော ကုန်ကျစရိတ်များကို အစိုးရက မဟုတ်ဘဲ အဖွဲ့အစည်းဝင်များကသာ စေတနာအလျောက် စုပေါင်းထည့်ဝင်ရမည်။
 
သူ၏ ဤဘုံအဖွဲ့အစည်းကို ဖားလော်န်းစတဲရ် (Phalanesteres) ဟု ခေါ်သည်။
 
===အေတီယင် ကာဘေး (Étienne Cabet 1788-1865) ပြင်သစ်===
ဝါဒလိုရင်းအနှစ်ချုပ် - ဘုံဝါဒဆန်သော လူ့အဖွဲ့အစည်းတခုကို တည်ထောင်ရေးနှင့် ထိုလူ့အဖွဲ့အစည်းနှင့် ပတ်သက်သော အဓိက သော့ချက်လုပ်ငန်းဟူသမျှကို နိုင်ငံတော်ကသာလျှင် ချုပ်ကိုင် စီမံရေး။ အစိုးရအမှုထမ်းတို့ကို အများဆန္ဒအရ တင်မြှောက်/ဖြုတ်ချရမည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု မရှိစေရ။ စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ဆောင်၊ အဖွဲ့ဝင်များထဲက စက်မှုလက်မှု လုပ်ငန်းကို လုပ်လိုက လုပ်။
 
ယောက်ျား မိန်းမ တန်းတူအခွင့်အရေးရှိ။ တစ်ဦးချင်း၏ အယူအဆကို လွတ်လပ်စွာ ဆွေးနွေးခွင့်မရှိ။ သတင်းစာများကို အနည်းငယ်သာရှိစေပြီး သာမာန်အဖြစ်အပျက်သတင်းများသာ ဖြစ်ရမည်။ ဤနည်းဖြင့် အေတီယင်က ခရစ်ယာန်ဘာသာ ပြန်လည်တိုးတက်လာသည်နှင့် အမျှ ပို၍ပို၍ အောင်မြင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ခဲ့သည်။
 
သို့သော် သူ့နောက်လိုက်များက အီတလီနှင့် ပြင်သစ်တွင် မြေအောက် အကြမ်းဖက်မှုများ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။
 
<ref>ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များသမိုင်း (ပထမတွဲ ၁၉၆၈၊ ဒုတိယတွဲ ၁၉၆၉၊ စာပေဗိမာန်ပုံနှိပ်တိုက်)</ref>
 
<references/>