ဆိုရှယ်လစ်ဝါဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၂ -
 
===လူးဝစ် ဘလန့် (Louis Blanc 1813-1882) စပိန်===
ဝါဒလိုရင်းအနှစ်ချုပ် - အစိုးရက ဦးစီးသော အများပိုင် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမားများက စုပေါင်း လုပ်ကိုင်ရေး။ အစိုးရက အလုပ်သမားအစည်းအရုံးများကို အရင်းရှင်များနှင့် အပြိုင်အဆိုင် ကုန်ထုတ်လုပ်ငန်း လုပ်နိုင်ရန် ကူညီမတည်ပေရေးကို လိုလားသည်။ အစိုးရက အလုပ်ရုံ၊ စက်ရုံများ တည်ထောင်ပေးရန်နှင့် အလုပ်သမားများက စုပေါင်းလုပ်ကိုင်ရန်။ <ref>ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များသမိုင်း (ပထမတွဲ ၁၉၆၈၊ ဒုတိယတွဲ ၁၉၆၉၊ စာပေဗိမာန်ပုံနှိပ်တိုက်)</ref>
 
==မာ့က်စ် ရှေ့ပြေးများ==
===ဝီလျံ သွန်ပဆင် (William Thompsom 1785-1833)===
ဝါဒလိုရင်းအနှစ်ချုပ် - ကုန်ပစ္စည်းဖြစ်ရေးအတွက် အလုပ်သမားက ပေးရသော လုပ်အားကို အထူးဖော်ပြသည်။ လုပ်အားသည်သာ တန်ဖိုး၏ ရေသောက်မြစ်။ အလုပ်သမားများ၏ လုပ်အားကြောင်း ပေါ်ထွက်လာသည့် အစွန်းထွက် တန်ဖိုးကို အရင်းရှင်တို့က ဝါးမြိုလိုက်ခြင်းကို ကန့်ကွက်သည်။
 
===ဂျွန်ဂရေး (John Gray 1799-1850)===
ဝါဒလိုရင်းအနှစ်ချုပ် - ကုန်ထုတ်လုပ်မှုလုပ်ငန်းကို လူအများက ဝိုင်းဝန်းလုပ်ဆောင်၍သာရသည်ဟု ယုံကြည်သည်။ အလုပ်သမား သမဂ္ဂများသည် လုပ်ခပိုရရေး၊ လူမှုရေး အခြေအနေတိုးတက်ရေးတို့အတွက် အရင်းရှင်စနစ်၏ ဘောင်အတွင်းမှနေ၍ တောင်းဆိုတိုက်ပွဲဝင်နေရရုံမျှနှင့် ပြီးမြောက်မည်မဟုတ်၊ ကိုယ်တိုင် လုပ်ကိုင်မှသာ အကျိုးခံစားရမည်ဟု ယုံကြည်သည်။<ref>ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များသမိုင်း (ပထမတွဲ ၁၉၆၈၊ ဒုတိယတွဲ ၁၉၆၉၊ စာပေဗိမာန်ပုံနှိပ်တိုက်)</ref>
 
<references/>