နိုင်ငံရေးပါတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - an, ar, arc, arz, ast, bar, bat-smg, be, be-x-old, bg, br, bs, ca, cs, cy, da, de, diq, el, eo, es, et, eu, fa, fi, fr, fy, gd, gl, he, hi, hif, hr, hu, id, is, it, ja, jv, ka,
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
နိုင်ငံရေးပါတီ တစ်ခု ဆိုသည်မှာ နိုင်ငံရေးအဖွဲ ့အစည်းတစ်ခု ဖြစ်ပြီး ယေဘုယျအားဖြင့် ထိုပါတီတို့ပိုင် အမတ်လောင်းများကို အဆိုပြုတင်သွင်းပြီး နိုင်ငံရေးဆိုင်ရာ ရုံး၊ဌာနများတွင် နေရာရယူရန် ကြိုးပမ်း၍ အစိုးရ၏နိုင်ငံရေးလုပ်ငန်းစဉ်များကို လွှမ်းမိုးရန် ကြိုးစားနေကြသူများဖြစ်သည်။ ပါတီများသည် မဲဆန္ဒရယူရန်စည်းရုံးလှုံ့ဆော်ဟောပြောမှုများပြုလုပ်ခြင်း၊ မိမိအပိုင်ဒေသကို ကျော်၍ပညာရေးဆိုင်ရာ အထောက်အကူပေးခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြခြင်းများတွင် ပါ၀င်သည်။ပါဝင်သည်။ ယင်းတို့သည် အကွဲကွဲအပြားပြားရှိသော ဦးတည်ချက်၊စိတ်ဝင်စားမှုများအကြားတွင် ယာယီညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး၊ ရည်ရွယ်ရာ ပန်းတိုင်ကိုယ်စီတို့အတွက် ရှိပြီးသား သဘောတရားများ သို့မဟုတ် ကြေငြာထားသော မူဝါဒလမ်းစဉ် များအတွက် အထောက်အပံ့ ပြုသည့် လမ်းညွှန်များကို ထောက်ခံမှုပြုကြသည်။
 
== ဆန္ဒမဲပေးစနစ်များ ==
ပါတီနိုင်ငံရေးစနစ်၏ ပုံုံစံကိုပုုံစံကို သတ်မှတ်ရာတွင် မဲပေးရွေးကောက်သည့်စနစ် ပုံစံသည် အဓိကကျသော အချက်တစ်ခု ဖြစ်သည်။ကျန်ပြိုင်ဖက်အားလုံးရသောမဲအရေအတွက်ထက်ဖြစ်စေ၊ စုစုပေါင်းမဲအရေအတွက်၏ ထက်ဝက်ထက်ဖြစ်စေ ပိုသောမဲအရေအတွက်မရသော်လည်းမဲအများဆုံးရသူအဖြစ်ဖြင့်ရွေးကောက်ပွဲ၌အနိုင်ရခြင်း မဲပေးထောက်ခံသည့်စနစ် ကို အသုံးပြုသော နိုင်ငံများတွင် နှစ်ပါတီစနစ်ဖြစ်တည်ပေါ်ပေါက်လာနိုင်ခြေ ပိုများသည်။ ဥရောပတစ်ခွင်ရှိ မဲအရေအတွက် နှင့် အချိုးကျ အမတ်နေရာရသော ရွေးကောက်မှုစနစ် ကိုသုံးသည့် နိုင်ငံများတွင် သို့မဟုတ် သြစတြေးလျဩစတြေးလျ သို့မဟုတ် အိုင်ယာလန် တို့ကဲ့သို့ အများအပြား ဦးစားပေးမဲထည့်သည့်စနစ် တို့တွင် အများပြည်သူ့ဆိုင်ရာ ရုံး၊ဌာန များတွင် သုံးပါတီ သို့မဟုတ် သုံးပါတီထက်ပို၍ ရွေးချယ်ခံရလေ့ရှိသည်။
 
== တစ်ဖက်သတ်ကျသောပုံစံ ==
စာကြောင်း ၈ -
 
== တစ်ဖက်သတ်မကျခြင်း ==
တစ်ဖက်သတ်ကျခြင်းမရှိသောစနစ် တွင် တရားဝင်နိုင်ငံရေးပါတီများ ပါ၀င်ခြင်းမရှိ၊ပါဝင်ခြင်းမရှိ၊ ထို့ကြောင့် ဥပဒေအရ နိုင်ငံရေးပါတီများ အားကန့်သတ်ခြင်း ကို တစ်ခါတစ်ရံ ရောင်ပြန်ဟပ်သကဲ့သို့ရှိသည်။ ထိုသို့သော တစ်ဖက်သတ်ကျခြင်းမရှိသော ရွေးကောက် ပွဲတို့တွင် အမတ်လောင်းတစ်ဦးစီသည် သူ သို့မဟုတ် သူမ၏ကိုယ်ပိုင် အရည်အချင်းဖြင့် ဆက်ခံရမည့် ရုံး၊ ဌာန တို့အတွက် ရွေးချယ်ခံခွင့် ရှိသည်။ ထိုစနစ်၏ ဥပဒေပြုမှုများတွင် ယေဘုယျအားဖြင့် သမားရိုးကျပါတီများပေါင်းစည်းမှုသည် ဥပဒေ တွင်း၌ မပါ၀င်ပေ။မပါဝင်ပေ။ ဂျော့ဝါရှင်တန် အုပ်ချုပ်ရေးနှင့် အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော် ၏ ရှေးဦး ပထမ အခန်းကဏ္ဍများသည် ထိုစနစ်ကိုကျင့်သုံးသည်။ ၀ါရှင်တန်သည်ဝါရှင်တန်သည် သူ၏ နှုတ်ဆက်မိန့်ခွန်းတွင် နိုင်ငံရေး ပါတီများအားလည်း သတိပေးခြင်းပြုခဲ့သည်။
 
အမေရိကန် ပြည်ထောင်စုတွင် Nebraska (နီဘရပ်(စ်)ကာ)၏ အထက်လွှတ်တော် ဥပဒေ ပြုခြင်းသည် တစ်ဖက်သတ်ကျခြင်း မရှိပါ။ ကနေဒါ တွင် အနောက်မြောက်ဒေသ နှင့် Nunavut (နူရာဗာတ်) တို့တွင် ပိုင် နက်ဆိုင်ရာ ဥပဒေပြုခြင်းများသည် တစ်ဖက်သတ်ကျခြင်း မရှိပါ။ နယူးဇီလန် ရှိ Tokelau (တိုကီလျူ) တွင် တစ်ဖက်သတ်ကျခြင်းမရှိသော ပါလီမန်တစ်ခု ရှိသည်။ မြို့တော်များနှင့် ဒေသန္တရ အစိုးရများ[vague] သည်လည်း တစ်ဖက်သတ်ကျခြင်း မရှိပါ။ ထိုတစ်ဖက်သတ်ကျခြင်းမရှိသော ရွေးကောက်ပွဲများနှင့် အုပ်ချုပ်မှုပုံစံတို့ကို ပြည်နယ် ပြဌာန်းချက်တို့ ပြင်ပတွင် ပိုမိုတွေ့ရသည်။[2] တရားဥပဒေအရ နိုင်ငံရေးပါတီများအား တားမြစ်ခြင်းများ မရှိလျှင် ပါတီ မပါ၀င်သည့်မပါဝင်သည့် တစ်ဖက်သတ်ကျခြင်း မရှိသောစနစ်များအတွင်းမှ အုပ်စုကွဲများသည် နိုင်ငံရေးပါတီများအဖြစ်သို့ ပြောင်းလဲ သွားကြလေ့ရှိသည်။
 
== တစ်ပါတီ လွှမ်းမိုးမှု ==
စာကြောင်း ၁၈ -
 
== နိုင်ငံရေးပါတီနှစ်ခု ==
နှစ်ပါတီစနစ် အသုံးပြုသော နိုင်ငံများဖြစ်သည့် ဂျမေကာ နှင့် ဂါနာ တို့တွင် နိုင်ငံရေးပါတီ နှစ်ခုတို့လွှမ်းမိုးမှု သြဇာဩဇာ အတော် ရှိသဖြင့် အခြားမည်သည့်ပါတီတစ်ခုမဆို၏ ခေါင်းစီးအောက်တွင် ရွေးကောက်ပွဲ အောင်မြင်မှုမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထိုစနစ်တွင် ညာတောင်ပံ ညွန့်ပေါင်းပါတီ နှင့် ဘယ်တောင်ပံ ညွန့်ပေါင်းပါတီတို့သည် နိုင်ငံရေးသဘောထား ကွဲလွဲမှုအရှိဆုံးဖြစ်သော်လည်း ပါတီနှစ်ခုရှိသည့် တိုင်းပြည်များတွင် နိုင်ငံရေးပါတီများသည် နိုင်ငံရေးသဘောထား ယူဆချက်များ မျိုးစုံကျယ်ပြန့် ပျံ့နှ့ံနေသော ပါတီများအားလုံးကို အုပ်မိနိုင်ပေသည်။
 
အမေရိကန်ပြည်ထောင်စုသည် နှစ်ပါတီစနစ်တစ်ခုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ အမေရိကန် နိုင်ငံရေး လောကအတွင်း သမ္မတစနစ်ကို စတင်အကောင်အထည်ဖော်စဉ် ကတည်းက ရှေးရိုးစွဲ (ရီပတ်ဗလစ်ကန်ပါတီ ကဲ့သို့သော) နှင့် ခေတ်သစ် (ဒီမိုကရက်တစ်ပါတီ ကဲ့သို့သော) ပါတီတို့သည် ချွင်းချက်များအကြားမှ ပိုနေမြဲကြားနေမြဲ ရှိနေခဲ့သည်။ တတိယပါတီတို့သည် ထောက်ခံအားပေးမှုအနည်းငယ်ရရှိတတ်သော်လည်း ပြိုင်ပွဲများတွင် အောင်နိုင်သည့် အဆင့်ထိ ရောက်မလာခဲ့ပါ။
 
ဗြိတိန် နိုင်ငံသည်လည်း နှစ်ပါတီစနစ်ကို အသုံးချသောနိုင်ငံတစ်ခု ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်မှာ အဘယ်ကြောင့်ဆိုသော် သမိုင်းစဉ် တစ်လျှောက်တွင် အချုပ်အခြာအာဏာသည် လွှမ်းမိုးသော ပါတီနှစ်ခု (လက်ရှိ လေဘာပါတီ နှင့် ကွန်ဆာဗေးတစ်ပါတီ) တို့လက်တွင် တစ်လှည့်စီ တည်လျက်ရှိသည်။ သို့သော် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်တွင်မူ ကွန်ဆာဗေးတစ်ပါတီက ဦးဆောင်သော ညွန့်ပေါင်းအစိုးရတွင် ခေတ်သစ် ဒီမိုကရက် တို့ပါ ပါ၀င်သည်ကိုတွေ့ရသည်။ပါဝင်သည်ကိုတွေ့ရသည်။ လွှတ်တော် အတွင်းတွင် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလိက ပါလီမန်အမတ်များ မှလည်း နေရာ အတော်များများယူထားသည်ကို တွေ့ရသည်။
 
ပါတီစုံစနစ် ဆိုသည်မှာ အစိုးရ ရုံး၊ဌာနများတွင် နှစ်ပါတီနှင့် အထက်မှ ကိုယ်စားပြု၊ ရွေးချယ်ခံ ကြခြင်းကို ခေါ်သည်။
သြစတြေးလျ၊ဩစတြေးလျ၊ ကနေဒါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဗြိတိန်နှင့် နော်ဝေ တို့သည် ခိုင်မာသော နှစ်ပါတီ နှင့် အခြား ပါတီငယ်တို့ပါ ပါ၀င်ကိုယ်စားပြုသည့်ပါဝင်ကိုယ်စားပြုသည့် စနစ်ကိုသုံးနေကြသော ဥပမာနိုင်ငံများဖြစ်ကြသည်။ ပါတီငယ် သို့မဟုတ် "တတိယ" ပါတီများသည် အခြားပါတီအကြီးများအနက်မှ တစ်ခုနှင့် ပေါင်း၍သော်လည်းကောင်း သို့မဟုတ် အခြား လွှမ်းမိုးပါတီများမှ လွတ်လပ်စွာ ခွဲထွက်၍သော်လည်းကောင်း ညွန့်ပေါင်းအစိုးရ တွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါ၀င်ပါဝင် ဆောင်ရွက်သည်။
 
အများအားဖြင့် ပါတီသုံးခုထက်ပိုမိုပါ၀င်သောပါတီသုံးခုထက်ပိုမိုပါဝင်သော ကိစ္စရပ်များတွင် ပါတီတစ်ခုတည်းမှ အာဏာကိုရရှိခြင်းမရှိဘဲ ပါတီတစ်ခုနှင့် တစ်ခုအတူတကွ ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရများ ကိုုဖွဲ့စည်းသည်။ ယင်းမှာ ၁၉၈၀ ခုနှစ်များကတည်းက အိုင်ယာလန်သမ္မတ နိုင်ငံ၏ နိုင်ငံရေးလောကတွင် ပေါ်ပေါက်ခဲ့သော နည်းလမ်းဖြစ်ပြီး ဂျာမနီနိုင်ငံတွင် အမျိုးသားနှင့် နိုင်ငံတော်အဆင့်၊ အများ နှင့်ဆို်င်သော အဆင့်တွင် မဲဆန္ဒနယ်အများစုတွင်လည်း တွေ့နိုင်သည်။ ထို့အပြင် အိုင်ယာလန်သမ္မတ နိုင်ငံ ပေါ်ပေါက် လာစဉ်ကတည်းက ညွန့်ပေါင်းအဖွဲ့ (လွတ်လပ်ရေးပါတီ နှင့် အခြားတစ်ခုဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်မဟာမိတ်များ) မှ ဦးဆောင်ခြင်းမရှိသော အစိုးရဟူ၍ မရှိခဲ့ပေ။ တစ်ပါတီ သို့မဟုတ် နှစ်ပါတီ လွှမ်းမိုးသောစနစ်များထက် ညွန့်ပေါင်းအစိုးရအဖွဲ့ နှင့် နိုင်ငံရေး အပြောင်းအလဲမှာ ပိုမို၍လွယ်ကူလေသည်။ [dubious – discuss]
 
== ပါတီ ရန်ပုံငွေ ==
နိုင်ငံရေးပါတီတို့မှာ ပါတီဝင်များ၊ နိုင်ငံရေးအတွေးအခေါ် တူညီသောသူများနှင့် အဖွဲ့အစည်းများ၊ သို့မဟုတ် ၎င်း တို့၏လှုပ်ရှားမှုများ သို့မဟုတ် အစိုးရနှင့်ဆိုင်သော အများပိုင် ရန်ပုံငွေတို့မှ အကျိုးအမြတ်ရရန် စောင့်ဆိုင်းနေသူများ၏ အလှူငွေဖြင့် ငွေကြေးထောက်ပံ့ထားခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများ နှင့် ဂိုဏ်းကွဲများ၊ အထူးသဖြင့် အစိုးရတွင်းရှိ ၎င်းတို့သည် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းစုများ နှင့် ကုန်သည်များစုပေါင်းအသင်း တို့ကဲ့သို့သော အထူးအကျိုးအမြတ်ရနိုင်သည့် အဖွဲ့အသင်းများ ၏ မိမိလိုရာ ထောက်ခံပေးရန် ဆွယ်ခြင်းကို အားတက်သရော ပြုခြင်း ခံရသည်။ ပါတီ သို့မဟုတ် ပါတီဝင်များကို မက်လုံးအဖြစ် ငွေနှင့် လက်ဆောင်များပေးကြသည်။
 
မဲဆွယ်စည်းရုံးရေးဆင်းခြင်း၏ ကုန်ကျစရိတ်များပြားမြင့်တက်လာသဖြင့် ပါတီရန်ပုံငွေလိုအပ်မှုများလည်း ပိုမိုတိုးလာ ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် နိုင်ငံရေးသမားအချို့က ပါတီတို့ကို နိုင်ငံတော် မှ ရန်ပုံငွေပေးသင့်ကြောင်း ထောက်ခံပြောဆို လာကြသည်။ ထိုအရာသည် စိတ်ဝင်စားဖွယ်ကောင်းသော အငြင်းပွားဖွယ်ရာ ဖြစ်လာစေသည့် အဆိုပြုချက်တစ်ရပ် ဖြစ်သည်။ လှူဒါန်းငွေများ စေ့စေ့စပ်စပ် စစ်ဆေးခြင်း ပိုမိုများပြားလာသည်နှင့်အမျှ အနောက်နိုင်ငံ ဒီမိုကရေစီစနစ် ပါတီအသင်းဝင်များတွင် ရန်ပုံငွေထည့်ဝင်ရခြင်းမှာ ရေရှည်တွင် ၀န်ထုပ်တစ်ခုနှယ်ဝန်ထုပ်တစ်ခုနှယ် ဖြစ်လာသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံ နှင့် သြစတြေးလျတို့တွင်ဩစတြေးလျတို့တွင် ၂၀၀၆ ခုနှစ်အတွင်း လူဦးရေသိသိသာသာ တိုးပွားလာသော်လည်း အထင်ကရပါတီကြီးနှစ်ခုတို့၏ အသင်းဝင်မှာ ၂၀၀၆ ခုနှစ်တွင် ၁၉၅၀ ခုနှစ် အသင်းဝင် ၁/၈ ထက် လျော့နည်း နေ သည်ကို တွေ့ရသည်။
 
ရွေးကောက်ပွဲအတွင်း ပါတီများနှင့် အမတ်လောင်းများအတွက် လူထုထံမှရန်ပုံငွေရှာခြင်းသည် အစဉ်ဒွန်တွဲနေသကဲ့သို့ ဖြစ်ပြီး တိုးမြဲတိုးလျက်ရှိသည်။ ရန်ပုံငွေ ရှာရာတွင် နည်းလမ်းနှစ်သွယ်ရှိပြီး တိုက်ရိုက်အားဖြင့် ပါတီသို့ငွေကြေးလွှဲအပ် ရယူခြင်းဖြစ်ပြီး သွယ်ဝိုက်ခြင်းနည်းဖြင့် နိုင်ငံပိုင် မီဒီယာများတွင် လွှင့်ထုတ်ခြင်း၊ စာပို့ဝန်ဆောင်မှုတို့သုံးခြင်း တို့ဖြင့်လည်း အထောက်အပံ့များ ရနိုင်သည်။ အေစီအီး ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာကွန်ရက်မှရရှိသော နှိုင်းယှဉ်မှု အချက်အလက်များအရ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် ၂၅% သော နိုင်ငံတို့တွင် တိုက်ရိုက်၊သွယ်ဝိုက်၍ အများပိုင် ရန်ပုံငွေရယူခြင်းမရှိ၊ ၅၈%မှာ တိုက်ရိုက်ရန်ပုံငွေကောက်ခံပြီး ၆၀%သော နိုင်ငံတို့တွင် သွယ်ဝိုက် သောနည်းသုံး၍ ရန်ပုံငွေကို ရရှိသည်ဟု တွေ့ရသည်။[6] အချို့သောနိုင်ငံများတွင် နိုင်ငံရေးပါတီများသို့ တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ အထောက်အပံ့ပေးကြသည်။ ပါတီအားလုံးသို့ပေးအပ်သော ရန်ပုံငွေမှာ ညီမျှစွာပေးခြင်း သို့မဟုတ် ပြီးခဲ့သော စည်းရုံးရေးဆင်းခြင်း၏ ရလဒ်ပေါ်မူတည်ပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲတွင် ပါ၀င်သောပါဝင်သော အမတ်လောင်း အရေအတွက်ပေါ်မူတည်၍ပေးခြင်းတို့ ရှိကြသည်။ပါတီတို့မှာ ပုဂ္ဂလိက နှင့် အများပိုင်ရန်ပုံငွေများ ရောထား သည်ကို မကြာခဏ မှီခိုနေရပြီး ယင်းတို့၏ အသုံးစရိတ်တို့ကို ရွေးကောက်ပွဲခန့်ခွဲရေးအဖွဲ့ သို့တင်ပြရန်လိုအပ်သည်။
 
နို်င်ငံခြားမှအကူအညီ တို့ဖြင့်လည်း ရန်ပုံငွေကို ရယူနိုင်သည်။ ဒီမိုကရေစီစနစ် တိုးတက်ကောင်းမွန်ရန်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို မြှင့်တင်ပေးရန်အလို့ငှါ ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ နိုင်ငံရေးပါတီများကို အပြည်ပြည်ဆိုင်ရာ အလှူရှင်တို့မှ ရန်ပုံငွေများပေးအပ်သည်။အထောက်အပံ့တို့မှာ ငွေကြေးသက်သက် သို့မဟုတ် ပါတီမူဝါဒများ၊ ပါတီ အခြေခံဥပဒေများနှင့် စည်းရုံးရေးအရည်အသွေးများအပါအဝင် စွမ်းအားဖွ့ံဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကိုပါ မကြာခဏ အထောက်အပံ့ပေးလာသည်ကို တွေ့ရသည်။မူဝါဒသဘောတရားချင်း ယှက်နွယ်နေသော ပါတီများကို ချိတ်ဆက်မှု တိုးတက်လာအောင် ပြုပေးခြင်းသည် ပါတီတစ်ခုအတွက် အပြည်ပြည်ဆိုင်ရာမှာ ပြုလုပ်ပေးလေ့ရှိသော ထောက်ပံ့မှုတစ်ခုပင်ဖြစ်သည်။