နယူးယောက်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.5.1) (ရိုဘော ပေါင်းထည့်နေသည: ilo, mi, pfl, sa ဖယ်ရှားနေသည: ksh ပြင်ဆင်နေသည: mk, zh-min-nan
အရေးမကြီးNo edit summary
စာကြောင်း ၁၁၁ -
| website = [http://www.nyc.gov/ www.nyc.gov]
}}
'''နယူးယောက်မြို့''' (New York City) သည် [[အမေရိကန်ပြည်ထောင်စု]]တွင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးဖြစ်သည့် နယူးယောကနယူးယောက် မက်ထရိုပိုလစ်တန် ဧရိယာ၏ ဗဟိုအချက်အချာဖြစ်သည်။ နယူးယောက်မြို့သည် ကမ္ဘာ့ စီးပွားရေး၊ ငွေရေးကြေးရေး၊ မီဒီယာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ သုတေသန၊ ပညာရေးနှင့် ဖျော်ဖြေရေးနယ်ပယ်အပေါ် သိသာထင်ရှားသည့် လွှမ်းမိုးမှုရှိသည်။ [[ကုလသမဂ္ဂ]]ဌာနချုပ် တည်ရှိရာလည်း ဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာ အရေးကိစ္စများ၏ အရေးပါသည့် အချက်အချာလည်းဖြစ်သည်။ နယူးယောက်မြို့တော်ကို နယူးယောက်ပြည်နယ်မှ ခွဲခြားနိုင်ရန်အတွက် နယူးယောက်စီးတီးဟု ခေါ်ဝေါ်လေ့ ရှိကြသည်။
 
အမေရိကန်ပြည်ထောင်စု၏ အရှေ့မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ၏ သဘာဝ ဆိပ်ကမ်းပေါ်တွင် တည်ရှိသော နယူးယောက်မြို့တွင် ဘရောင့်စ်၊ ဘရွတ်ကလင်၊ မက်ဟက်တန်၊ ကွင်းစ် နှင့် စတိတ်အိုင်းလန်း ဟူသော ဒေသကြီး ၅ ခု ရှိသည်။ ၂၀၁၀ ခုနှစ် စာရင်း အရ ၃၀၅ စတုရန်းမိုင် (၇၉၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသော ဒေသတွင် လူဦးရေ ၈,၁၇၅,၁၃၃ ဦး နေထိုင်သည်။ နယူးယောက်သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အသိပ်သည်းဆုံး မြို့ဖြစ်သည်။ ဘာသာစကား အမျိုးပေါင်း ၈၀၀ ကျော်ကို နယူးယောက်မြို့တွင် အသုံးပြုလျှက် ရှိပြီး ကမ္ဘာပေါ်ရှိ မြို့များတွင် ဘာသာစကား အမျိုးပေါင်း အများဆုံး အသုံးပြုသော မြို့ဖြစ်သည်။ နယူးယောက် မက်ထရိုပိုလစ်တန် ဧရိယာသည် အမေရိကန် ပြည်ထောင်စုတွင် စာရင်းအရ လူအများဆုံးဒေသဖြစ်ပြီး ၆၇၂၀ စတုရန်းမိုင် (၁၇,၄၀၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသော နေရာတွင် လူဦးရေ ၁၉.၁ သန်းနေထိုင်လျှက် ရှိကြသည်။