ဝမ်းလျှောခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၇ -
 
==ရောဂါပိုးဝင်မှုများ==
ရောဂါပိုးဝင်မှုကြောင့် ဝမ်းလျောခြင်း ဖြစ်စေသော အကြောင်းရင်းများစွာရှိရာ ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယား နှင့် ကပ်ပါးကောင်များ ပါဝင်သည်။အရွယ်ရောက်သူများတွင် နိုရိုဗိုင်းရပ်စ် သည် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ဝမ်းလျောခြင်း တွင် အဖြစ်အများဆုံးဖြစ်သော်လည်း အသက်ငါးနှစ်အောက် ကလေးများတွင်မူ ရိုတာဗိုင်းရပ်စ် သည် အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်သည်။ အဒီနိုဗိုင်းရပ်စ် ပုံစံ ၄၀ နှင့် ၄၁ နှင့် အက်စ်ထရိုဗိုင်းရပ်စ် တို့မှ ရောဂါပိုးဝင်မှု အတော်များများ ကို ဖြစ်စေသည်။ ကမ်ပိုင်လိုဘက်တာ ဘက်တီးရီးယားများသည် ဘက်တီးရီးယားကြောင့် ဝမ်းလျောခြင်း ဖြစ်လေ့ရှိသော အကြောင်းရင်းဖြစ်သော်လည်း ဆယ်မွန်နဲလား၊ ရှီဂဲလား နှင့် အချို့သော Escherichia coli (အက်စ်ချရီးရှီးရား ကိုလိုင်) ([[အီး ကိုလိုင်]]) တို့ကြောင့် ရောဂါပိုးဝင်မှုများမှာ ခဏခဏဖြစ်သည်။သက်ကြီးရွယ်အိုများတွင် အထူးသဖြင့် မသက်ဆိုင်သော ရောဂါပိုးများအတွက် ပဋိဇီဝဆေးများနှင့် ကုသမှုခံရသော သူများတွင် Clostridium difficile (ကလော့စထရီဒီယမ် ဒစ်ဖစ်စိုင်းလ်) မှထုတ်သော အဆိပ်ကြောင့် ပြင်းထန်သော ဝမ်းလျောခြင်း ဖြစ်တတ်သည်။
 
ရောဂါရှာဖွေဖော်ထုတ်နိုင်ခြင်း နှင့် metronidazole (မက်ထရိုနီဒါဇိုးလ်) ကဲ့သို့သော ဆေးဝါးများနှင့် ကုသခြင်းတို့ မပြုလျှင် နာတာရှည်ရောဂါ ဖြစ်စေနိုင်သော ပရိုတိုဇိုအန် Giardia (ဂျီရာဒီးရာ) နှင့် Entamoeba histolytica (အန်တမီးဘားဟစ်တိုလိုက်တီကာ)တို့မှလွဲ၍ ကပ်ပါးကောင်များသည် ဝမ်းလျောခြင်းကို ဖြစ်စေလေ့ မရှိကြပါ။