ဗင်နီတို မူဆိုလီနီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
No edit summary
စာကြောင်း ၁ -
[[File:Bundesarchiv Bild 183-2007-1022-506, Italien, deutsche Frontkämpfer in Rom crop.jpg|thumb|မူဆိုလီနီ]]
 
မူဆိုလီနီ, ဗင်နီတို (ခရစ် ၁၈၈၃ - ၁၉၄၅)
 
Line ၁၁ ⟶ ၁၃:
ဖက်ဆစ်ပါတီဝင်များသည် အမျိုးသားရေးဝါဒစိတ် လွန်ကဲသူများဖြစ်၍ အာဏာကြီးမားသော ဗဟိုအစိုးရနှင့် စည်းကမ်းသေဝပ်ရေးကို လိုလားသည်။ မူဆိုလီနီသည် ၁၉၂၀ ပြည့်နှစ်မှစ၍ ဖက်ဆစ်အဖွဲ့များကို နေရာအနှံ့အပြားတွင် ဖွဲ့စည်းလေသည်။ ရှပ်နက်တပ်ဖွဲ့များကို ဖွဲ့စည်းကာ အတိုက်အခံဂိုဏ်းများကို ဖြိုဖျက်သည်။ နယ်များရှိ ဖက်ဆစ်အဖွဲ့များသည် ကွန်မြူနစ်များနှင့် မင်းမဲ့ဝါဒီတို့၏အစည်းအဝေးများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ ထိုအဖွဲ့များ၏ ဌာနချုပ်များနှင့် အဖွဲ့များနှင့်ဆိုင်သော စာအုပ်စာတမ်းများရောင်းချရာဆိုင်များကို ဝင်ရောက်လုယူဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်လေသည်။ နောက်တွင် တဆင့်တက်ကာ ခေါင်းမာသော ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ကြ၏။ ထိုအချိန်တွင် ဥပဒေပြုလွှတ်တော်တွင် ဖက်ဆစ်အမတ် ဦးရေ ၃၅ ယောက်ခန့် ရှိနေပြီဖြစ်သည်။
၁၉၂၁ ခုနှစ်တွင် ဖက်ဆစ်အဖွဲ့ကို နိုင်ငံရေးပါတီအသွင်သို့ ပြောင်းလဲလိုက်သည်။ မူဆိုလီနီအားလည်း 'အီးဒူးချေး' (ခေါင်းဆောင်ကြီး)ဟု အသိအမှတ်ပြုကြသည်။
နိုင်ငံအခြေအနေမှာ တဖြည်းဖြည်းဆိုးရွားလာရာ ဆိုရှယ်လစ်တို့သည် ဖက်ဆစ်တို့ကို အစိုးရက နှိမ်စေရန် အထွေထွေသပိတ်မှောက်မှုကြီး ပေါ်ပေါက်လာအောင် ဖန်တီးလေတော့သည်။ လက်ရှိအစိုးရအဖွဲ့သည် မည်သို့မျှမတတ်နိုင်ရှာပေ။ ၁၉၂၂ ခုနှစ်အောက်တိုဘာလတွင် နေပယ်လ်မြို့၌ ဖက်ဆစ်အဖွဲ့ကြီးညီလာခံတရပ် ကျင်းပလေသည်။ ထိုလ ၂၀ ရက်နေ့တွင် မူဆိုလီနီနှင့်သူ၏ နောက်လိုက်များသည် ရောမမြို့သို့[[ရောမမြို့]]သို့ ချီတက်ကြရာ မည်သူမျှ အတိုက်အခံမပြုလုပ်ကြပေ။ တတိယ အီမန်းနျူးအယ်ဘုရင်သည် လက်ရှိအစိုးရအဖွဲ့ကို ဖြုတ်ချကာ မူဆိုလီနီကို အစိုးရဖွဲ့ရန် ဖိတ်ခေါ်ရ၏။ သို့ဖြစ်၍ သွေးတစက်မျှ မကျသော တော်လှန်ရေးဖြင့် မူဆိုလီနီသည် အာဏာသိမ်းပွဲခံကာ အစိုးရအဖွဲ့ဖွဲ့စည်းလေသည်။
မူဆိုလီနီသည် အာဏာသိမ်းပိုက်ပြီးနောက် အစိုးရကို အကြီးအကျယ်ပြောင်းလဲလိုက်သည်။ နိုင်ငံ၏ အထွတ်အထိပ်အဖြစ် ရှင်ဘုရင်ကို ဆက်လက်ထားရှိသော်လည်း တကယ့်အာဏာကိုမူကား သူ၏ လက်ထဲတွင်ထားသည်။ အထက်လွှတ်တော်သည် လုံးဝအာဏာမရှိတော့ချေ။ အောက်လွှတ်တော်ကိုမူကား ‘ဖက်ဆစ်ကောင်စီအဖွဲ့ကြီး’က ချုပ်ကိုင်ထားသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှာလည်း ဝန်ကြီးချုပ်ဖြစ်သူ မူဆိုလီနီ၏ ကိုယ်စားလှယ်များ ဖြစ်ကြလေတော့သည်။ မူဆိုလီနီကိုယ်တိုင်လည်း ဝန်ကြီးဌာန ၈ ဌာနကို တယောက်တည်း ကိုင်ထားလေသည်။ ၁၉၃၄ ခုနှစ်တွင် တရားဥပဒေအရ အသင်းများကို အလုပ်အကိုင်အလိုက် ဖွဲ့စည်း၍ နိုင်ငံ၏စီးပွားရေးကို ခန့်ခွဲသည်။ ယင်းသို့အားဖြင့် မူဆိုလီနီသည် တရားဥပဒေအရ ဖွဲ့စည်းသောအသင်းများနိုင်ငံကို ထူထောင်လေသည်။
၁၉၂၅-၂၆ ခုနှစ်များတွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်စသော အတိုက်အခံအဖွဲ့များကို ဖြိုဖျက်ရန် ဥပဒေအမျိုးမျိုး ထုတ်လေသည်။ အကြမ်းဖက်၍လည်း နှိမ်နင်း၏။ ဆိုရှယ်လစ်၊ ကွန်မြူနစ်နှင့် ရီပတ်ဗလစ်ကင် ပါတီများကို ဖွဲ့စည်းခွင့်မပေးတော့ချေ။ အတိုက်အခံသတင်းစာများကိုလည်း ပိတ်ပစ်လေသည်။ ထိုသို့ ပိတ်ပင်ချုပ်ကိုင်မှုများ ရှိလင့်ကစား နိုင်ငံအတော်ပင် နိုးကြားတိုးတက် လာသည်မှာ မူဆိုလီနီ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်ဟု ဆိုရချေမည်။ သူသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေသော လာဘ်ပေးလာဘ်ယူခြင်းများ အလဟဿဖြုန်းတီးခြင်းများနှင့် ဝတ်တရားမကျေပြွန်မှုများကို ပပျောက်အောင် ဆောင်ရွက်သည်။ အလုပ်ရပ်စဲခြင်း၊ သပိတ်မှောက်ခြင်းများကို ပိတ်ပင်သည်။ စိုက်ပျိုးရေး ပါရဂူများကို လယ်သမားများထံ စေလွှတ်ညွှန်ကြား ပြသစေရာ ကောက်ပဲသီးနှံ ၂၅ ရာခိုင်နှုန်း ပိုမိုထွက်သည်။ နိုင်ငံတွင် သူ့ကို ကြည်ညိုသူများလာသည်။ သို့သော် သူ့အားသေကြောင်းကြံမှုများလည်း ရှိခဲ့လေသည်။ ကြံစည်မှုများ အထမမြောက်သည်နှင့်အမျှ နာမည်ကြီးကာ ကြည်ညိုသူများလာလေသည်။
တိုင်းပြည်တွင် အာဏာရှင် ဖြစ်နေပြီဖြစ်သော မူဆိုလီနီသည် ပြည်တွင်းရေး၌သာမက ပြည်ပရေးတွင်လည်း တွင်ကျယ်စပြုတော့သည်။ ၁၉၂၃ ခုနှစ်တွင် ဂရိလူမျိုးတို့ပိုင်သော ကောဖူးကျွန်းကို သိမ်းရန်ကြံစည်ရာ ဥရောပအနောက်နိုင်ငံများက ကန့်ကွက်သောကြောင့် နောက်ဆုတ်လိုက်ရသည်။ ၁၉၃၆ ခုနှစ်တွင်မူ [[အီသီယိုးပီးယားနိုင်ငံ]]ကို တိုက်ခိုက်သိမ်းယူသည်။ ၁၉၃၆-၃၉ ခုနှစ်များတွင် ဖြစ်ပွားသော စပိန်ပြည်တွင်းစစ်တွင်လည်း ဝင်ရောက်စွက်ဖက်လေသည်။ ဂျာမနီအာဏာရှင် [[ဟစ်တလာ]]နှင့်လည်း ပူးပေါင်း၍ စာချုပ်များချုပ်ဆိုသည်။ ၁၉၃၉ ခုနှစ်တွင် [[အယ်ဗေးနီးယားနိုင်ငံအယ်ဘေးနီးယားနိုင်ငံ]]ကို သိမ်းယူသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် အီတလီနိုင်ငံသည် [[ဒုတိယကမ္ဘာစစ်]]တွင် ဟစ်တလာ၏ ဘက်တော်သားအဖြစ် ပါဝင်လေတော့သည်။
ဒုတိယကမ္ဘာစစ်ဖြစ်စ၌ မူဆိုလီနီသည် အောင်ပွဲများခံခဲ့ရသော်လည်း နောက်နောင်တွင်ကား တဖြည်းဖြည်း အရှုံးပေးရလေသည်။ မြောက်အာဖရိက တိုက်ပွဲများတွင် အီတာလျံတို့ ရှုံးနိမ့်ခြင်း၊ စစ္စလီကျွန်းကို မဟာမိတ်တို့ တက်ရောက်ခြင်း၊ ပြည်တွင်းအုံကြွမှုများ ပြင်းထန်လာခြင်းတို့ကြောင့် ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် မူဆိုလီနီသည် ရာထူးမှ နုတ်ထွက်ရပြီးလျှင် အကျဉ်းချထားခြင်း ခံရလေသည်။ ထိုနှစ် စက်တင်ဘာလတွင် နာဇီလေထီးတပ်သားများက မူဆိုလီနီအား အချုပ်မှ ကယ်တင်ခဲ့ပြီးနောက် အီတလီနိုင်ငံမြောက်ပိုင်းတွင် ဖွဲ့စည်းသော ‘ဖက်ဆစ်သမတ’အစိုးရ၏ခေါင်းဆောင်အဖြစ် တင်မြှောက်လေသည်။ သို့သော် ၁၉၄၅ ခုနှစ် ဧပြီလတွင် မူဆိုလီနီနှင့် သူ၏ဇနီးတို့သည် အရေးမလှသဖြင့် နိုင်ငံမှ ထွက်ပြေးရန်ကြိုးစားနေခိုက် နောက်ဖွဲ့သည့် အီတာလျံအစိုးရလူများက ကိုးမိုအိုင်အနီးရှိ ရွာတရွာတွင် မူဆိုလီနီတို့ကို ဖမ်းမိပြီးနောက် ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် အဆုံးစီရင်လိုက်ကြလေသည်။ ။
 
Line ၂၀ ⟶ ၂၂:
==ကိုးကား==
မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (က)
 
[[en:Benito Mussolini]]