ဝက်ဘ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၁ -
ထုံးတမ်းစဉ်လာ သတ်မှတ် စံနှုန်းအများအပြားနှင့် အခြား နည်းပညာဆိုင်ရာ သီးခြားပြဋ္ဌာန်းချက်များနှင့် ဆော့(ဖ်)ဝဲတို့သည် World Wide Web ၊အင်တာနက်နှင့် ကွန်ပျူတာ သတင်းအချက်အလက် ဖလှယ်ခြင်း၏ အသွင်အပြင်အမျိုးမျိုးအား လည်ပတ်မောင်းနှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုသည်။ စာရွက်စာတမ်းအများအပြားမှာ ဘာနာ(စ်)-လီး ခေါင်းဆောင်သော World Wide Web Consortium (W3C) ၏ကြိုးစားအားထုတ်မှုပင် ဖြစ်သည်။ သို့သော် အချို့တို့မှာ အင်တာနက် အင်ဂျင်နီယာပညာ စစ်ဆင်ရေးအဖွဲ့ (Internet Engineering Task Force)(IETF)နှင့် အခြားအဖွဲ့အစည်းများက ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယျေဘုယျအားဖြင့် ဝက်(ဘ်)စံနှုန်းများကို ဆွေးနွေးရာတွင် အောက်ဖော်ပြပါ ပုံနှိပ်ထုတ်ဝေချက်များကို အခြေခံအုတ်မြစ်အဖြစ် တွေ့ရသည်။ -
* markup languages အတွက် ထောက်ခံချက်များ၊ အထူးသဖြင့် W3C မှ HTML နှင့် XHTML။ ဤတို့သည် ဟိုက်ပါတက်(စ်)hypertext စာရွက်စာတမ်းများ၏ တည်ဆောက်ပုံနှင့် ဘာသာပြန်ဆိုခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုသည်။
* စတိုင်(လ်)ရှိ(ထ်)stylesheet များအတွက် ထောက်ခံချက်များ၊ အထူးသဖြင့် W3C မှCSS။
* Ecma International မှ ECMA စာလုံး များအတွက် သတ်မှတ်စံနှုန်းများ (ပုံမှန်အားဖြင့် ဂျာဗားစာလုံး ပုံစံဖြင့်)။
* W3C မှ Document Object Model အတွက် ထောက်ခံချက်များ။
World Wide Web အတွက် အခြားမရှိမဖြစ် လိုအပ်သော နည်းပညာများ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များဖြင့် ပံ့ပိုးပေးသော အခြား ပုံနှိပ်ထုတ်ဝေမှုများမှာ အောက်ပါတို့ဖြစ်သည်။ သို့သော် ယင်းတို့ချည်းသာဟု ကန့်သတ်မထားပါ။ -
* Uniform Resource Identifier (URI)၊ အင်တာနက်ပေါ်တွင် ဟိုက်ပါတက်(စ်)hypertext စာရွက်စာတမ်းများနှင့် ရုပ်ပုံများကဲ့သို့သော အရင်းအမြစ်များကို ကိုးကားခြင်းအတွက် အများနှင့်ဆိုင်သော စနစ်။ မကြာခဏဆိုသလို URL ဟုခေါ်သော URI များကို IETF ၏ RFC 3986 / STD 66: Uniform Resource Identifier (URI): Generic Syntax ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုသည်။ ထိုနည်းတူ ယင်းထက် အရင်ကျသောအရာများနှင့် များပြားလှစွာသော URI scheme အဓိပ္ပါယ်ဖွင့်ဆိုခြင်းRFCs ဖြင့် အဓိပ္ပါယ် ဖွင့်ဆိုပါသည်။
* HyperText Transfer Protocol (HTTP)၊ အထူးသဖြင့် RFC 2616: HTTP/1.1နှင့် RFC 2617: HTTP Authentication တို့ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း ဖြစ်ပါသည်။ ဘရောက်ဆာနှင့် ဆာဗာတို့browserနှင့်serverတို့ တစ်ခုနှင့် တစ်ခု အစစ်အမှန်ဖြစ်ကြောင်း မည်သို့ ထင်ရှားစေကြောင်းကို ဖော်ပြသည်။
 
== ဝက်(ဘ်)ဆက်သွယ်ရယူနိုင်စွမ်း ==