မေဆွိ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၁ -
အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိသည့် ၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် [[ပြေငြိမ်း]]၊ [[ကျော်သူ]] တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ဖူးသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ရုပ်ရှင်အပိုင်းကို ရပ်နားလိုက်ပြီး ဂီတလုပ်ငန်းကို အာရုံစိုက်လာခဲ့သည်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေခဲ့သည်။
 
မေဆွိသည် ၁၉၇၇၁၉၉၇ ခုနှစ်တွင် နယူးယောက်မြို့မှ အမေရိကန်ရောက် မြန်မာလူမျိုး ဦးဇော်ဝင်းနှင့် လက်ထပ်ထိမ်းမြားပြီးနောက် ဂီတလောကနှင့်ရော အမိမြေကိုပါ ခွဲခွာခဲ့သည်။ လက်ရှိတွင် ခင်ပွန်းနှင့်အတူ ဒယ်လာဝဲတွင် နေထိုင်သည်။ သူမသည် ကမ္ဘာတဝန်းရှိ မြန်မာပရိသတ်များအတွက် သီဆိုဖျော်ဖြေနေဆဲ ဖြစ်သည်။
 
==တေးစီးရီးများ==