ဗေဒင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၆ -
ဗေဒင်ဟူသည်မှာ မာဂဓ(ပါဠိ)ဝေဒ (သင်္သကရိုဋ်ဘာသာ '''ဟိန္ဒူနဂရီဗေဒ''')= '''သိခြင်း''' နှင့် '''အင်္ဂ-အင်္ဂါ''' =''' ဖြစ်ခြင်း''' တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ဝေဒင်္ဂမှ ဆင်းသက်လာသည်။ ဝေဒင်္ဂသဒ္ဒါသည် ဗေဒ၏ အင်္ဂါဖြစ်သော ကျမ်းကို ဆိုရာ၊ ယင်းတွင် သိက္ခာ၊ ကပ္ပ၊ ဗျာကရဏ၊ ဆန္ဒ၊ ဇောတိသတ္ထ၊ နိရုတ္တိကျမ်းများ ပါဝင်သည်။ ဝေဒင်္ဂမှ သင်္သကရိုဋ်ဘာသာသို့ ရွေ့လျော၍ ဗေဒင်္ဂ ဖြစ်လာသည်။ ဗေဒင်္ဂမှ မြန်မာဘာသာဖြင့် '''ဗေဒင်'''ဟူသော ဝေါဟာရ ဖြစ်လာသည်။ ဝေဒင်္ဂတွင် ပါဝင်သော ဇောတိသတ္တကား ဗေဒင်ပညာပင် ဖြစ်လေသည်။ ဝေဒ-ဗေဒသဒ္ဒါသည် သိခြင်းအနက်ကို ဆိုသောကြောင့် ဗေဒင်ပညာဖြင့် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ် အကျိုးအပြစ်တို့ကို သိနိုင်သည်ဟု ရှေးအခါကပင် ယုံကြည်ရင်းစွဲ ရှိခဲ့သည်။ သာမ-ယဇု၊ဣရု ဟူ၍ ဗေဒ ၃ ပုံ ရှိသည်တွင် အထဗ္ဗနကို ထည့်သွင်းလျက် ဗေဒင် ၄ ပုံဟု ရေ:သား ပြောဆိုလေ့ ရှိကြရာ၊ အမှန်စင်စစ်အားဖြင့် ဗေဒ ၄ ပုံမှာ [[ဟိန္ဒူ]]လူမျိုးတို့၏ စာပေများသာ ဖြစ်ကြလေသည်။ ဤဗေဒင်ပညာသည် အလွန်ရှေးကျသော ကယ်လဒီးယား၊ ဗက်ဗီလုံးနီးယား၊ အီဂျစ်၊ အိန္ဒိယနှင့် [[တရုတ်နိုင်ငံ]]များတွင် ထွန်းကားပေါ်ပေါက်လာခဲ့ရာ၊ အဘယ်မျှ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီဟု မည်သူမျှ အတတ်မပြောနိုင်ချေ။ မည်သည့်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည်ဟူ၍လည်း အထောက်အထား မပြနိုင်ကြချေ။ အဆိုပါနိုင်ငံများတွင် ခေတ်ကာလ အလျောက် ပညာရှင်များသည် ကောင်းကင်ရှိ [[ဂြိုဟ်]][[နက္ခတ်တာရာ]]တို့ကို အခြေပြု၍ တီထွင်ပေါ်လာသော ပညာတရပ် ဖြစ်သည်ဟု ယူဆ ယုံကြည်ကြသည်။
ဗေဒင်ပညာသည် ရှေးဟောင်း အိန္ဒိယနိုင်ငံ၏ အာရိယန်လူမျိုးတို့မှ ပေါက်ဖွားဆင်းသက်လာသည်ဟု အဆိုရှိသည်။ ဘီစီ ၃၅၆ ခုနှစ် အယ်လက်ဇန္ဒာ-သ-ဂရိတ်လက်ထက်တွင် ကယ်လဒီးယန်း လူမျိုးတို့၏ ကြေညာချက်အရ မိမိတို့၏ ဗေဒင်ပညာသည် အတိတ် နှစ်ပေါင်း ၄၇၃,၀၄၀ ကပင်ရှိသည်ဟု သိရသည်။ မည်သို့ပင် ဖြစ်စေ၊ နှစ်ပရိစ္ဆေဒကို အတိအကျ မခန့်မှန်းသော အချိန်ကာလ ကပင် ဗေဒင်ပညာ စတင်ပေါ်ပေါက်ခဲ့ခြင်းကို မူကားမငြင်းသာချေ။ ဆေးပညာနှင့် အခြား လောကီပညာရပ်များကဲ့သို့ပင် ဗေဒင်ပညာသည်လည်း ရှေးမဆွကပင် ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဗေဒင်ပညာသည်လည်း အိန္ဒိယမှ ဆင်းသက်လာခဲ့သည်ကို သမိုင်းအရ သိရ သိနိုင်ပေသည်။
 
==နိုင်ငံရပ်ခြား ဗေဒင်ပညာသမိုင်း==
 
===အိန္ဒိယနိုင်ငံနှင့် ၎င်း၏ ဗေဒင်ပညာ===