သင်္ချာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - ps:شمېرپوهنه
No edit summary
စာကြောင်း ၃၁ -
ဒီကျမ်းရဲ့ နောက်ဆုံးအပိုင်း စတုတ္ထပိုင်းမှာတော့ ရှေ့ပိုင်းက နည်းတွေကို အခြေခံပြီး ပုစ္ဆာပေါင်း ၃၀ ကို ထပ်ပြီး တွက်ပြထားပါတယ်။
ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းကို ခြုံငုံကြည့်ရင် ရှေးမြန်မာတွေရဲ့ လယ်ယာအိုးအိမ် စတဲ့ စားဝတ်နေရေး လူနေမှုစနစ်ကို လက်တွေ့ အထောက်အကူပြုတဲ့ သင်္ချာတွက်နည်းတွေကို ဖော်ပြထားကြောင်း တွေ့ရတယ်။ ဒါ့အပြင် စက်ဝိုင်းတွေရဲ့ ဧရိယာ၊ စက်လုံး၊ ထုလုံး၊ ထုချွန်တွေရဲ့ ထုထည်ရှာပုံ၊ ဂဲဩမေတြီရဲ့ အခြေခံတွေ၊ သင်္ချာပေါင်းပွားကိန်း၊ ဆပွားကိန်း၊ အချိုးဆက်တွေ၊ အက္ခရာသင်္ချာတွက်နည်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာကို ထောက်ရှုမယ်ဆိုရင် အဲဒီအချိန်က မြန်မာတွေရဲ့ သင်္ချာအဆင့် မြင်းမားကြောင်း တွေ့ရတယ်။ ဗဒုံမင်း လက်ထက် မတိုင်မီကတည်းက မြန်မာ့ သင်္ချာပညာဟာ ပီပီပြင်ပြင် အဆင့်မြင့်မြင့် ရှိနေပြီ ဆိုတာကို ဒီ ၁၇၇၄ ခုနစ်က သင်္ချာကျမ်းနဲ့ လက်ဆုတ်လက်ကိုင် ပြပြီး သက်သေထူလိုက်ပါတော့တယ်။
 
<ref>ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ - ဒေါက်တာ မျိုးသန့်တင်</ref>
 
==မြန်မာ့စွယ်စုံကျမ်း မှဖွင့်ဆိုချက်==
သင်္ချာသည်ဂဏန်း၊ အရေအတွက်တို့နှင့် စပ်လျဉ်းသည့် သိပ္ပံပညာရပ်တစ်ခုဖြစ် သည်။ လူတို့သည် အလွန်ရှေးကျသောခေတ်အခါကပင် အပေါင်း၊ အနုတ်၊ မြှောက်၊ အစားပါဝင် သောလွယ်ကူသည့် ပုစ္ဆာများကိုတွက်ခြင်း၊ မြေများကိုစံနစ်တကျ တိုင်းတာခြင်း၊ ကောင်းကင်တွင် နက္ခတ် တာရာတို့ကိုကြည့်၍ ပြက္ခဒိန်များ ပြုလုပ်ခြင်း စသည့်အလုပ်များကိုပြုလုပ်နိုင်ခဲ့လေသည်။
 
ထိုအချိန်မှ စ၍သင်္ချာပညာသည်လည်း ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်ဂဏန်းများနှင့်အရေအတွက်များကို လွယ်ကူစွာရေးသားဖေါ်ပြရန် သင့်တော်သောနည်းမရှိခဲ့သဖြင့်
သင်္ချာပညာတိုးတက်မှုသည် အလွန်နှောင့်နှေးခဲ့လေသည်။ ဆယ်ရာစုနှစ်တွင်မှ ၁၊ ၂၊ ၃၊ ၄ စသည်တို့ကို အာရပ်အမှတ်အသားများနှင့်တကွ သုညကို (ဝ) ဟူသော အမှတ်အသားဖြင့် ရေးသားရန်သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်မှ အစပြု၍ သင်္ချာ ပညာရပ်သည်လည်း အလွန်တိုးတက် ထွန်းကားလာခဲ့လေသည်။
 
ရှေးလူမျိုးများအနက် ဂရိတို့သည် သင်္ချာဘာသာကို အလွန်တိုးတက်အောင်ကြံဆောင်ခဲ့ကြလေရာ ဘီစီ ၆၀ဝ ပြည့်နှစ်တွင် မီလီတပ်မြို့သား ဒဿနိကဗေဒပညာရှင် သေးလိအမည်ရှိ ဂရိအမျိုးသားကြီးသည် ဂျီဩမေတြီနှင့် သက်ဆိုင်သည့်သီအိုရမ်များကို သာမညမှကြံနည်းဖြင့် သက်သေပြနိုင်ခဲ့သည့်အပြင်၊ အခြား ပုစ္ဆာအချက်အလက် များကိုလည်း ယုတ္တိဗေဒနှင့်သက်ဆိုင်သည့်သာမညမှကြံနည်းဖြင့် ဆင်ခြင်ယူ ဆနိုင်ကြောင်းကိုပြသနိုင်ခဲ့သည်။ ဤနည်းကို တွေ့ရှိခဲ့ရာမှအစပြု၍ ဂျီဩမေတြီပညာရပ်ပေါ်ပေါက် လာလေသည်။ ၁၅ရာစုနှစ်တွင် ပညာရှိတို့သည် အက္ခရာ သင်္ချာကိုတီထွင်ခဲ့ကြ၍ ၁၆ ရာစုတွင်အနာလစ် တစ်ကယ် ဂျီအိုမေတြီအခြေခံကိုပြုစုပျိုးထောင်ပေးခဲ့ကြသည်။ဆယ့်ခုနစ်ရာစုနှစ်မှစ၍ သင်္ချာပညာကို သိပ္ပံပညာရပ် များတွင်တစ်စထက်တစ်စ တိုးတက်သုံးစွဲခဲ့ကြသည်။ ဤသို့တိုးတက်သုံးစွဲခဲ့ရာတွင် ခက်ခဲသောပြဿနာများကို တွေ့ရှိခဲ့သဖြင့် ကဲ့ကုလသင်္ချာပညာရပ်ကို ကြဆခဲ့ကြသည်။ ဤသို့ပေါ်ပေါက်ခဲ့ရသည့် သင်္ချာပညာရပ်များကို အမှီပြုလျက် စက်နှင့်သက်ဆိုင်သော ပညာရပ်များနှင့်ရူပဗေဒပညာရပ်များ သည်များစွာ တိုးတက်ခဲ့ကြသည်။ အင်ဂျင်နီယာအတတ် ပညာသည် သင်္ချာပညာဟူသော အုတ်မြစ်ပေါ်တွင် တည်ရှိသဖြင့် ထိုအတတ်ပညာသင်ကြားလိုသူ တို့သည်သင်္ချာကို ကောင်းစွာ တတ်မြောက်ကြရပေသည်။
 
ယခုခေတ်တွင် သင်္ချာပညာရပ်များမှာ အမျိုးအမည် အားဖြင့် အလွန်များပြါးလာ၏။ ယင်းတို့ကို မူလတန်း သင်္ချာရပ်များနှင့် အထက်တန်းသင်္ချာရပ်များဟု နှစ်ပိုင်းပိုင်းခြားထား၏။ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီဩမေတြီနှင့်တြိဂိုနိုမေတြီတို့သည် မူလတန်းသင်္ချာတွင် အကျုံးဝင်ကြ၍ အနာလစ်တစ်ကယ်ဂျီဩမေတြီ၊ ကဲ့ကုလသင်္ချာ စသည်တို့မှာ အထက်တန်းသင်္ချာတွင်အကျုံးဝင်ကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း</ref>
 
 
 
 
 
 
== ကိုးကား ==
<References />
 
{{stub}}
[[Category:သင်္ချာ]]
 
[[af:Wiskunde]]