ဓာတုဗေဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၇ -
ဓာတုဗေဒပညာရပ် သည် [[ဒြပ်ဝတ္တု]] တို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန် နှင့် ဂုဏ်သတ္တိ များနှင့်အတူ [[ဓာတု ဓာတ်ပြုခြင်း]] ဖြစ်သော အခါ ဖြစ်ပေါ်လာသည့် ပြောင်းလဲခြင်း တိုကိုလဲ လေ့လာသော သိပ္ပံ ဘာသာရပ် တစ်ခုဖြစ်ပါသည်။ ဓာတုဗေဒသည် [[ရုပ်ဝတ္တု သိပ္ပံ]]ဘာသာရပ် ဖြစ်ပြီး [[အက်တမ်]]၊ [[မော်လီကျူး]]၊ [[ပုံဆောင်ခဲ]] နှင့် အခြား စုပေါင်းထားသော [[ဒြပ်ပေါင်း]]၊ ဒြပ်နှော များတွင် [[ဓာတု လမ်းစဉ်]]များ (chemical processes) ဖြစ်ပေါ်ခြင်း ပတ်သက်သော [[စွမ်းအင်]]နှင့် [[အင်ထရိုပီ]] သဘောတရားများကို လေ့လာသည်။ ခေတ်သစ် ဓာတုဗေဒသည် ဘိန်းဒေါ်ပညာရပ် မှ [[ဓာတု တော်လှန်ရေး]] (chemical revolution 1773) ဖြင့် ပေါ်ပေါက်လာသည်။
 
ဓာတုဗေဒရှိ ပညာရပ်ခွဲများမှာ ရှေးရိုးအစဉ်အလာအရ လေ့လာသော အရာဝတ္ထုအပေါ်မူတည်၍ ခွဲခြားသည်။ ၎င်းတို့မှာ ဩဂဲနစ် မဟုတ်သော ဓာတ်များကို လေ့လာသော အင်ဩဂဲနစ် ဓာတုဗေဒ၊ [[ဩဂဲနစ် ဓာတုဗေဒ]]၊ [[သက်ရှိ]] များတွင် ဖြစ်ပေါ်သော [[ဇီဝဖြစ်စဉ်]]များနှင့်သက်ဆိုင်သည့် [[ဇီဝဓာတုဗေဒ]] (biochemistry)၊ များလာသောအခါတွင် (at macro level) သို့မဟုတ်၊ မော်လီကျူလာနှင့် မော်လီကျူလာ ထက်သေးငယ်သော အခြေများ တို့ရှိ ဓာတုစနစ် (chemical system) ရှိ [[စွမ်းအင်]] ကိုလေ့လာသော [[ရုပ်ပိုင်းဆိုင်ရာ ဓာတုဗေဒရူပဓာတုဗေဒ]] (physical chemistry) နှင့် ဓာတုဒြပ်ပေါင်းနှင့် ပုံသဏ္ဍာန်များကို ခွဲခြားစိတ်ဖြာလေ့လာသော [[ခွဲခြမ်းစိတ်ဖြာ ဓာတုဗေဒ]] (analytical chemistry)ဘာသာရပ်ခွဲများတို့ဖြစ်သည်။ ပိုမို၍ အဏုစိတ် ဘာသာရပ်ကွဲများဖြစ်သည့် ဦးနှောက် ကွန်ယက်များကို လေ့လာသော [[နျူရို ဓာတုဗေဒ]] (neurochemistry)များလည်း ယခုနှစ်ပိုင်းများတွင် ပေါ်ထွန်းလာလျှက်ရှိသည်။
 
== အကျဉ်းချုပ် ==