ဂေါဂါမီလာတိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၀ -
တိုက်ပွဲစသည်နှင့် ပါရှန်းစစ်ရထားများသည် ဂရိတပ်များရှိရာသို့ တလကြမ်းဝင်ရောက်တိုက်ခိုက်သည်။ ဂရိတို့ကလည်း လှံရှည်၊ လေးမြှား၊ ဓါးများဖြင့် ပြန်လည်ခုခံရာ ပါရှန်းစစ်ရထားတပ် အကျအဆုံးများသဖြင့် အရေးနှိမ့်ရသည်။ ထိုသို့ပွဲဦးထွက် ပါရှန်းတပ်အခြေမလှဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ အလက်ဇန္ဒားသည် မြင်းတပ်ကို ကိုယ်တိုင်ဦးဆောင်၍ ဖယိုဖရဲဖြစ်နေသည့် ပါရှန်းတပ်များကို ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်သည်။ ဦးတည်ချက်မှာ ပါရှတပ်မကြီး၏ ဗဟိုတွင်ရှိနေသော မဟာဒရိုင်းရပ်စ် ထံသို့ဖြစ်သည်။
 
ထိုသို့ ဂရိတပ်များ ညှာသံပေးကာ တလစပ်ထိုးစစ်ဆင်လာခြင်းကို အခြေပျက်သွားသော ပါရှန်းတို့ တောင့်မခံနိုင်တော့ဘဲ ဒရိုင်းရပ်စ်ကိုယ်တိုင် စစ်ရထားကိုနောက်လှည့်ပြေးရသည်။ ဂရိတပ်များ ရက်အတန်ကြာ နောက်မှလိုက်လံတိုက်ခိုက်ပြီးနောက်တွင် ပါရှအင်ယာပါ၏ အရှင်သခင် မဟာဒရိုင်းရပ်စ်ကို လမ်းဘေးတွင် အသက်မဲ့သော ခန္ဓာကိုယ်ဖြင့်သာ တွေ့ရတော့သည်။ (ဒရိုင်းရပ်စ် လက်နက်ချမည်ပြောခြင်းတွင် သိက္ခာအကျမခံစေလိုသော ငယ်သားများက သေလျှင်မြတ်သည်ဟုဆိုကာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။) ထိုသို့ဖြင့် ဂရိတပ်တို့သည် ပါရှအင်ပါယာ၏ မြို့တော် ဘေဘီလုံသို့ အတားအဆီးမရှိ ဝင်ရောက် အုပ်စိုးနိုင်ခဲ့တော့သည်။ <ref>စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်</ref>
 
==ကိုးကား==