ဂေါဂါမီလာတိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - az, bg, ca, cs, da, de, el, es, et, fa, fi, fr, fy, he, hi, hr, hu, hy, id, it, ja, ka, ko, lt, mk, ms, nl, no, pl, pt, ro, ru, sh, sl, sr, sv, tr, vi, zh; cosmetic cha
စာကြောင်း ၁ -
=ဂေါဂါမီလာတိုက်ပွဲ (ဘီစီ ၃၃၁)=
ဂေါဂါမီလာတိုက်ပွဲ၌ ဂရိဘုရင်[[မဟာအလက်ဇန္ဒား]]၏ ပါရှန်းတို့အပေါ်တွင် အောင်ပွဲခံခြင်းဖြင့် [[မဟာဆိုင်းရပ်စ်]] ထူထောင်ခဲ့သည့် ပါရှအင်ပါယာကြီးအား အောင်နိုင်ခြင်း သို့ရောက်လေသည်။ အလက်ဇန္ဒားအနေဖြင့် ဖခင်ဖြစ်သူ အမွေထားရစ်ခဲ့သည့် လှံရှည်နှင့် ဒိုင်းကိုင် ဖလင့်ဇ်တပ်မကြီးနှင့် ရှေ့ထွက်မြင်းတပ်တို့ဖြင့် ပါရှန်းတို့အားထိုးစစ်ဆင်ရာတွင် ပါရှအင်ပါယာတပ်များအနေဖြင့် ဆက်ကာဆက်ကာ ရှုံးနှိမ့်လာကာ ၃၃၁ဘီစီအရောက်တွင် ဂရိတပ်နှင့် ပါရှအင်ပါယာတွင်းရှိ လူမျိုးပေါင်းစုံပါဝင်သည့် မဟာဒရိုင်းရပ်စ်၏ တပ်မကြီးတို့သည် ဂေါဂါမီလာအရပ်ရှိ လွင်ပြင်ကျယ်ကြီးတွင် အဆုံးအဖြတ်အတွက် ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။ ဂရိတပ်၏ ရည်မှန်းချက်မှာ ဘေဘီလုံမြို့တော်ဖြစ်ပြီး ဒရိုင်းရပ်စ်အနေဖြင့်လည်း အဆိုပါမြို့တော်ကို ကာကွယ်ရန် အင်အား ၂၀၀၀၀၀ဖြင့် ရင်ဆိုင်ကြခြင်းဖြစ်သည်။
 
== စစ်အခင်းအကျင်း ==
မဟာဒရိုင်းရပ်စ်သည် အတွင်းအကျဆုံးနှင့် မိမိအနားတွင် ကိုယ်ပိုင်ကိုယ်ရံတော်တပ်ကို ထားရှိပြီး ဝဲယာနှစ်ဖက်တို့တွင် ပါရှဩဇာခံသော ကြေးစားဂရိတပ်များကို ထားရှိသည်။ ကြေးစားတပ်၏ လက်ဝဲဖက်တောင်ပံတွင် မြင်းစီးလေးသည်တော်များဖြင့် ဖွဲ့စည်းထားသည့် တူရကီတပ်ကိုထားရှိသည်။ ၄င်းတပ်များရှေ့တွင်မူ လှည်းဝင်ရိုးတွင် ဓါးသွားတပ်ထားသည့် စစ်ရထား ၁၀၀ ပါဝင်သည့် တပ်ရှိသည်။ လက်ယာဖက်တောင်ပံတွင် ပါသီယံနှင့် မီးဒီးစ် မြင်းစီးလေးသည်တော်များဖြင့် ချီတက်စေသည်။ ဒရိုင်းရပ်စ်၏ လက်နက်ဆန်းမှာ [[အိန္ဒိယ]]မှ ခေါ်ယူလာသည့် တိုက်ဆင်များဖြစ်လေသည်။
 
အလက်ဇန္ဒားတပ်တွင် ခြေလျင်စစ်သည် ၄၀၀၀၀နှင့် မြင်းသည်တော် ၇၀၀၀ သာပါဝင်သည်။ လက်ရွေးစင်မြင်းတပ်ကို ညာတောင်ပံတင်၍ အလယ်ဗဟိုတွင် လှံရှည်နှင့်ဒိုင်းကိုင် မက်စီဒိုးနီးယန်း ဖလင့်ဇ်တပ်မကို တည်ထားပြီးလျှင် ဘယ်တောင်ပံတွင် ဂရိမြင်းတပ်ကို ထားလေသည်။
 
== တိုက်ပွဲ ==
တိုက်ပွဲစသည်နှင့် ပါရှန်းစစ်ရထားများသည် ဂရိတပ်များရှိရာသို့ တလကြမ်းဝင်ရောက်တိုက်ခိုက်သည်။ ဂရိတို့ကလည်း လှံရှည်၊ လေးမြှား၊ ဓါးများဖြင့် ပြန်လည်ခုခံရာ ပါရှန်းစစ်ရထားတပ် အကျအဆုံးများသဖြင့် အရေးနှိမ့်ရသည်။ ထိုသို့ပွဲဦးထွက် ပါရှန်းတပ်အခြေမလှဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ အလက်ဇန္ဒားသည် မြင်းတပ်ကို ကိုယ်တိုင်ဦးဆောင်၍ ဖယိုဖရဲဖြစ်နေသည့် ပါရှန်းတပ်များကို ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်သည်။ ဦးတည်ချက်မှာ ပါရှတပ်မကြီး၏ ဗဟိုတွင်ရှိနေသော မဟာဒရိုင်းရပ်စ် ထံသို့ဖြစ်သည်။
 
ထိုသို့ ဂရိတပ်များ ညှာသံပေးကာ တလစပ်ထိုးစစ်ဆင်လာခြင်းကို အခြေပျက်သွားသော ပါရှန်းတို့ တောင့်မခံနိုင်တော့ဘဲ ဒရိုင်းရပ်စ်ကိုယ်တိုင် စစ်ရထားကိုနောက်လှည့်ပြေးရသည်။ ဂရိတပ်များ ရက်အတန်ကြာ နောက်မှလိုက်လံတိုက်ခိုက်ပြီးနောက်တွင် ပါရှအင်ယာပါ၏ အရှင်သခင် မဟာဒရိုင်းရပ်စ်ကို လမ်းဘေးတွင် အသက်မဲ့သော ခန္ဓာကိုယ်ဖြင့်သာ တွေ့ရတော့သည်။ (ဒရိုင်းရပ်စ် လက်နက်ချမည်ပြောခြင်းတွင် သိက္ခာအကျမခံစေလိုသော ငယ်သားများက သေလျှင်မြတ်သည်ဟုဆိုကာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။) ထိုသို့ဖြင့် ဂရိတပ်တို့သည် ပါရှအင်ပါယာ၏ မြို့တော် ဘေဘီလုံသို့ အတားအဆီးမရှိ ဝင်ရောက် အုပ်စိုးနိုင်ခဲ့တော့သည်။ <ref>စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်</ref>
 
== ကိုးကား ==
<references/>
 
[[Category:သမိုင်း]]
[[Category:တိုက်ပွဲများ]]
 
[[az:Qavqamela vuruşması]]
[[bg:Битка при Гавгамела]]
[[ca:Batalla de Gaugamela]]
[[cs:Bitva u Gaugamél]]
[[da:Slaget ved Gaugamela]]
[[de:Schlacht von Gaugamela]]
[[el:Μάχη των Γαυγαμήλων]]
[[en:Battle of Gaugamela]]
[[es:Batalla de Gaugamela]]
[[et:Gaugamela lahing]]
[[fa:نبرد گوگمل]]
[[fi:Gaugamelan taistelu]]
[[fr:Bataille de Gaugamèles]]
[[fy:Slach by Gaugamela]]
[[he:קרב גאוגמלה]]
[[hi:अर्बेला का युद्ध]]
[[hr:Bitka kod Gaugamele]]
[[hu:Gaugamélai csata]]
[[hy:Գավգամելայի ճակատամարտ]]
[[id:Pertempuran Gaugamela]]
[[it:Battaglia di Gaugamela]]
[[ja:ガウガメラの戦い]]
[[ka:გავგამელის ბრძოლა]]
[[ko:가우가멜라 전투]]
[[lt:Gaugamelų mūšis]]
[[mk:Битка кај Гавгамела]]
[[ms:Pertempuran Gaugamela]]
[[nl:Slag bij Gaugamela]]
[[no:Slaget ved Gaugamela]]
[[pl:Bitwa pod Gaugamelą]]
[[pt:Batalha de Gaugamela]]
[[ro:Bătălia de la Gaugamela]]
[[ru:Битва при Гавгамелах]]
[[sh:Bitka kod Gaugamele]]
[[sl:Bitka pri Gavgameli]]
[[sr:Битка код Гаугамеле]]
[[sv:Slaget vid Gaugamela]]
[[tr:Gaugamela Savaşı]]
[[vi:Trận Gaugamela]]
[[zh:高加米拉戰役]]