မဟာကွန်စတန်တိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: sa:कान्स्टण्टैन १
အရေးမကြီးNo edit summary
စာကြောင်း ၅ -
ကွန်စတန်တိုင်းအား အေဒီ၂၈၀ ယနေ့ဆားဘီးယားနိုင်ငံ(ယခင်ယူဂိုဆလားဘီးယား)၊နစ်စ်မြို့တွင်ဖွားမြင်သည်။ ဖခင်မှာ စစ်တပ်မှအရာရှိကြီးဖြစ်သည်။ငယ်စဉ်ဘဝအချိန်ကို နိကောမေယာတွင်ဖြတ်သန်းခဲ့ရသည်။ထိုမြို့မှာ ရောမဧကရာဇ် အိုကလေတန် နန်းစိုက်ရာမြို့လည်းဖြစ်သည်။၃၀၅တွင် အိုကလေ ထီးနန်းစွန့်သောကြောင့် ဖခင်ကွန်စတန်တိယက်စ်သည် ရောမအင်ပါယာ၏အနောက်ခြမ်းကို အုပ်ချုပ်ရသူဖြစ်လာခဲ့သည်။တစ်နှစ်အကြာတွင် ဖခင်ကွယ်လွန်သဖြင့် သူ့ဖခင်တပ်မှ တပ်သားများက ကွန်စတန်တိုင်းအား ဧကရာဇ်အဖြစ် ဝိုင်းဝန်းတင်မြှောက်ကြရာ အခြားစစ်ဗိုလ်ချုပ်များက ကန့်ကွက်ရာမှ ပြည်တွင်းစစ်ဖြစ်သည်။၃၁၂တွင် နောက်ဆုံးလက်ကျန်ပြိုင်ဖက် မန်ဇဲတိယက်စ်ကို ရောမအနီးရှိ မီလ်ဗီယန်တံတားစစ်ပွဲတွင် အနိုင်ရပြီး ရောမအင်ပါယာအနောက်ခြမ်းကို အုပ်စိုးနိုင်သည်။အရှေ့ခြမ်းကိုမူ လီစီနီယမ် အမည်ရဗိုလ်ချုပ်ကြီးက သိမ်းပိုက်အုပ်ချုပ်နေစဲဖြစ်သည်။နောက်ဆုံး ၃၂၃တွင် လီစီနီယမ်ကိုပါ အောင်နိုင်သောကြောင့် ရောမအင်ပါယာတစ်ခုလုံး၏ ဧကရာဇ်အဖြစ် ကွယ်လွန်သည့် ၃၃၇ခုနှစ်အထိ ကွန်စတန်တိုင်း အုပ်ချုပ်သည်။
 
ခရစ်ယာန်ဘာသာဝင်အဖြစ် မည်သည့်အချိန်က ကွန်စတန်တိုင်းကူးပြောင်းသက်ဝင်သည်ကို အတိအကျမသိကြရပေ။လူပြောများသည်မှာ မီလ်ဗီယန်တံတားစစ်ပွဲတွင် ကောင်းကင်မှ ထင်ရှားသည့် မီးလောင်နေသော လက်ဝါးကပ်တိုင်လက္ခဏာပေါ်ပြီး၊တိုင်နှင့်အတူ "'''ဤလက္ခဏာအားကိုးဖြင့် သင်အနိုင်ရမည်။'''" ဟုပါရှိသည်ကို တွေ့ရပြီးနောက်တွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်သည် ဟူ၍ဖြစ်သည်။ကွန်စတန်တိုင်းသည် ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီးနောက်တွင် ဘာသာရေးပြန့်ပွားရန် အထုူးပင်လုံ့လထုတ်သည်ကိုတွေ့ရသည်။ရှေးဦးစွာအထူးပင်လုံ့လထုတ်သည်ကိုတွေ့ရသည်။ရှေးဦးစွာ မီလန်အမိန့်ပြန်တမ်းကို ထုတ်ပြန်ကြေညာပြီး ခရစ်ယာန်ဘာသာကို ဖိနှိပ်ခြင်းမှ ကင်းေ၀းစေသည်။ထိုအမိန့်အရပင်ကင်း​ဝေးစေသည်။ထိုအမိန့်အရပင် ယခင်က ရှာဖွေဖမ်းဆီးထားသည့် ခရစ်ယာန်ဘာသာရေးကျောင်းမှ ပစ္စည်းများကို ပြန်လည်ထုတ်ပေးစေသည်။ထို့ပြင် တနင်္ဂနွေနေ့ကိုလည်း ဘာသာရေးဝတ်ပြုရန်နေ့အဖြစ် သတ်မှတ်ပေးသည်။
 
ထိုသို့ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာသဖွယ်ပြဌာန်းလိုက်ပြီးနောက်တွင် ရာစုနှစ်ပေါင်းများစွာကြာမြှင့်သည့် [[ဂျူးဘာသာ]](ဟီးဘရူး)ဝင်များကို နှိပ်ကွပ်ရေး စတင်သည်။ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတိအလင်းပြဌာန်းခြင်း မရှိသော်လည်း သူထုတ်ပြန်သည့် အမိန့်၊ဥပဒေများမှာ ခရစ်ယာန်ဘာသာကို တိုးတက်ပြန့်ပွားအောင် အားပေးခဲ့သည်ကိုမူ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။သူ့အမိန့်ဖြင့် ခရစ်ယာန်ကျောင်းတော်သည် အခွင့်အရေးများစွာရရှိရုံမျှမက ဘီလ်တယ်လ်ဟမ်ရှိ ဖွားတော်မူရာကျောင်း နှင့် ဂျေရူးစလမ်မြို့တွင် သင်္ချိုင်းတော်ရာကျောင်း ကဲ့သို့သော ကျောင်းတော်ကြီးများကို ဆောက်လုပ်ခွင့်ရခဲ့ကြခြင်းဖြစ်သည်။