"ဂျီဘူတီနိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
ဂျီဘူတီ ('''Djibouti''') ၏ တရားဝင်အမည်မှာ ဂျီဘူတီ[[သမ္မတနိုင်ငံ]] ('''Republic of Djibouti''') ဖြစ်သည်။ အာဖရိကတိုက်၏ အရှေ့ဘက်၊ ပင်လယ်နီ၏ ထွက်ပေါက် ဖြစ်သော အရှေ့ဘက် ရေလက်ကြားအနီးရှိ [[အာဖရိကဦးချို]] ဟုခေါ်သော ဒေသ တွင် တည်ရှိသည်။ မြောက်ဘက်တွင် [[အီရီထရီးယားနိုင်ငံ]]၊ အနောက်ဘက်နှင့်တောင်ဘက်တွင် [[အီသီယိုပီးယားနိုင်ငံအီသီယိုးပီးယားနိုင်ငံ]]၊ အရှေ့တောင်ဘက်တွင် [[ဆိုမာလီးယား]] နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ကျန်သောအရပ်မျက်နှာများတွင် [[ပင်လယ်နီ]] (Red Sea) နှင့် [[အေဒင်ပင်လယ်ကွေ့]] တို့နှင့် ထိစပ်နေသည်။ ယခင်က ပြင်သစ် ဆိုမာလီနိုင်ငံ ဖြစ်သည့် အဖားနှင့် အစ္စတ်နယ်နှစ်ခုပေါင်းစည်း ထားခြင်းဖြစ်သည်။ ကျဉ်းမြောင်းသော နိုင်ငံငယ်ဖြစ်သော်လည်း ဆူးအက်တူးမြောင်း ပင်လယ်ရေကြောင်း လမ်းခရီး၌ တည်ရှိသောကြောင့် ဤနိုင်ငံငယ်သည် အရေးပါနေလေသည်။၂၀၀၉ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၈၆၅,၀၀၀ မျှသာရှိသော ဂျီဘူတီနိုင်ငံသည် အာဖရိကတိုက်၏ လူနေအကျဲပါးဆုံးသောတိုင်းပြည် ဖြစ်သည်။ <ref>[http://data.worldbank.org/country/djibouti World Bank country data Djibouti (2009) (number rounded)]</ref> [[အစ္စလမ်ဘာသာ]]သည် လူဦးရေ၏ ၉၄% က ကိုးကွယ်ကြပြီး အများစုကိုးကွယ်ရာဘာသာဖြစ်သည်။ ကျန်သော ၆%မှာ [[ခရစ်ယန်ဘာသာ]] ဖြစ်သည်။ ဂျီဗူတီနိုင်ငံတွင် ဆိုမာ လီအနွယ်ဝင် အစ်ဆာလူမျိုး၊ အက်ဖာ လူမျိုးအများစုနှင့်အတူ ဥရောပတိုက်သားများ၊ အာရပ်လူမျိုးများလည်း လူနည်းစုအဖြစ် နေထိုင်ကြသည်။
 
မြို့တော်မှာ ဂျီဗူတီမြို့ ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်နှစ်များတွင် [[ပြင်သစ်]]တို့က ဆိုမာလီ[[စူလတန်]]တို့နှင့် စာချုပ်အမျိုးမျိုး ချုပ်ဆိုကာ ဂျီဘူတီနှင့် [[ပြင်သစ်ဆိုမာလီ]] တို့ကို [[ကိုလိုနီ]]အဖြစ်သိမ်းပိုက်ခဲ့သည်။ <ref>[http://www.infoplease.com/ipa/A0107467.html]</ref> နှစ်ပေါင်း ၁ဝဝ ကျော် ပြင်သစ်တို့၏ ကိုလိုနီ ဘဝဖြင့် နေထိုင်ခဲ့ရသော ဂျီဗူတီနယ်သူ နယ်သားများသည် ၁၉၆၇ ခုနှစ် မတိုင်မီကပင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်၍ လွတ်လပ်ရေး တောင်းဆိုခဲ့ကြ လေသည်။ ပြင်သစ်တို့က လက်မလွှတ်လိုကြသကဲ့သို့ နယ်စပ်ချင်း ဆက်စပ်လျက်ရှိသော အီသီအိုးပီးယားနိုင်ငံနှင့် ဆိုမာလီးယား နိုင်ငံတို့ကလည်း ယင်းတို့၏ နယ်ပယ်များအတွင်းသို့ သွတ်သွင်းလိုကြသည်။
၁၄၃၂၂

တည်းဖြတ်မှုများ