ကျောက်စာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Robot: Cosmetic changes |
No edit summary |
||
စာကြောင်း ၇ -
တရုတ်နိုင်ငံတွင် ဘီစီ ၂၀၀၀ ခန့် ရှန်မင်းများလက်ထက်ကပင် စာပေရေးသားမှုကို တတ်မြောက်ကြသော်လည်း ကျောက်ထက်တွင် ရေးထိုးလေ့မရှိဘဲ ဆင်စွယ်၊ လိပ်ခွံ၊ အရိုးများနှင့် ဝါးများအပေါ်တွင်သာ ရေးမှတ်လေ့ရှိလေသည်။ ခရစ်သက္ကရာဇ် ၂၀၀ ခန့်တွင်မှ တရုတ်စာကောင်းပေကောင်းများကို ကျောက်ပြားများပေါ်တွင် ရေးထိုး၍ ထိုမှတဆင့် စက္ကူဖြင့် ကူးယူသော စနစ်ကို အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ကျောက်စာရေးထိုးခြင်း အလေ့အထမှာ သရေခေတ္တရာခေတ်ကပင် စတင်ပေါ်ပေါက်ခဲ့လေသည်။ သရေခေတ္တရာမြို့ဟောင်းနေရာမှ တူးဖော်ရရှိသော ကျောက်အရိုးအိုးများတွင် ပျူဘုရင်ဘွဲ့များနှင့် ထိုမင်းများ၏ နတ်ရွာစံ သက္ကရာဇ်များ ရေးထိုးထားသည်ကို တွေ့ရသည်။ ပုဂံခေတ် မြန်မာလူမျိုးတို့သည် အထူးသဖြင့် ဘုရားကျောင်း ဆောက်၊ စသော ကုသိုလ်ကောင်းမှုများ ပြုပြီးသည့်အခါ အလှူပစ္စည်းစားရင်းနှင့်တကွ ဆုတောင်းစာ၊ ကျိန်စာများကို ကျောက်ထက်တွင် ရေးထိုးသောအားဖြင့် မှတ်တမ်းတင်ကြလေသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် ပျူ၊ မွန်စာ၊ မြန်မာစာ၊ ပါဠိစာ၊ သက္ကဋစာ စသည်တို့ဖြင့် ရေးထိုးထားသော ကျောက်စာအများတွေ့ရရှိရသည်။ ထိုပြင် [[ဒူးဂဏန်း]]
မြန်မာနိုင်ငံတွင် ကျောက်စာရေးထိုးခြင်းဓလေ့မှာ ယခုတိုင် ထင်ရှားလျက်ရှိသေးသည်။ သို့ရာညတွင် ယနေ့ခေတ်ရေးထိုးသော ကျောက်စာများမှာ များသောအားဖြင့် မြန်မာဘာသာသက်သက်ဖြင့် ဖြစ်၍ ရေးထိုးပုံမှာလည်း ယခင်ခေတ် ကျောက်စာများ ရေးထိုးပုံနှင့် မတူပေ။ ရှေးခေတ်က မန်ကျည်းစေ့ အက္ခရာဖြင့် ရေးထိုးကြသော်လည်း နှောင်းခေတ်များ၌မူ အက္ခရာဝန်းဖြင့်သာ ရေးထိုးလေ့ရှိကြလေသည်။
|