သခင်မြ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၅၂ -
 
== နိုင်ငံရေးလှုပ်ရှားမှု ==
၁၉၄၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်အမည်ခံကာ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၁၉၃၇ ခုနှစ်တွင် အရွေးခံရသည်။ လွှတ်တော်တွင် လစာမယူဘဲ ဆောင်ရွက်ခဲ့သည့်အပြင် (ထိုခေတ်က ၅၀၀၀ စားခေတ်) ၁၃ဝဝပြည့် အရေးတော်ပုံအတွင်း အစိုးရ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်သဖြင့် ဥပဒေပြုလွှတ်တော် အမတ်အဖြစ်မှ နှုတ်ထွက်၍နှုတ်ထွက်<ref>လစာမယူသော ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ခေါင်းဆောင် အောက်လွှတ်တော် အမတ် သခင်မြ၊ သခင်အံ့ကြီး၊ဘုရင်ခံကိုယ်တိုင် ရွေးချယ်ထားသော အထက်လွှတ်တော်အမတ် မြို့မကျောင်းအုပ်ကြီး ဦးဘလွင် တို့သည် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့သော အတွင်းဝန်ရုံး(ယနေ့ ခေတ် ဝန်ကြီးများရုံး) ပြဿနာ နှင့် စပ်လျဉ်း၍ ပါလီမန်အမတ် အဖြစ်မှ နုတ်ထွက်စာတင်းသွင်းခဲ့ပါသည်။</ref>၍ တဖန်အရွေးခံသောအခါ မဲဆန္ဒရှင်များသည် သူ့ကိုပင် အားထားနှစ်သက်ကြသဖြင့် ရွေးကောက်ခြင်းခံရပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး၏ ဥက္ကဌဖြစ်လာပြီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးဥက္ကဌ ဖြစ်လာလေသည်။
 
ဂျပန်ခေတ်တွင် လွတ်လပ်ရေးပြင်ဆင်မှုအဖွဲ့ဝင်၊ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်လည်းကောင်း၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုကို တွန်းလှန်ရန် ၁၉၄၄ ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို လျို့ဝှက်စွာ တည်ထောင်ခဲ့ရာ ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) လည်းပါဝင်ခဲ့ရာ သခင်မြသည် ထိုပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ဂျပန်တော်လှန်ရေး ပြီးသည့် နောက်တွင် ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆိုရှယ်လစ်ပါတီ တည်ထောင်သောအခါ ဥက္ကဌဖြစ်လာသည်။