အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု: တည်းဖြတ်မှု မူကွဲများ

"၁၉၈၃ ခုနှစ် အာဇာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၂ -
 
==ဗုံးခွဲတိုက်ခိုက်ခြင်း==
၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်သည် ရန်ကုန်မြို့သို့ အလည်အပတ်လာရောက်ခဲ့သည်။ ထိုသို့ အလည်အပတ် လာရောက်စဉ် အတွင်းတွင် ရွှေတိဂုံဘုရား ခြေရင်းရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချရန် စီစဉ်ထားခဲ့သည်။ ထို အာဇာနည်ဗိမာန်မှာ [[အာဇာနည်နေ့]]တွင် ကျဆုံးခဲ့သော [[ဗိုလ်ချုပ်အောင်ဆန်း]] အပါအဝင် [[အာဇာနည် ခေါင်းဆောင်ကြီးများ]] အတွက် ရည်စူး၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

သမ္မတ၏ ဝန်ထမ်းများ အာဇာနည်ဗိမာန်အတွင်း စတင်စုရုံး ရောက်ရှိလာချိန်တွင် အာဇာနည်ဗိမာန်၏ ခေါင်မိုး အတွင်း ဝှက်ထားသော ဗုံး ၃လုံး ထဲမှ ၁လုံး စတင် ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုမှ အောက်ဖက်ရှိ လူအုပ်အား ထိခိုက်စေပြီး ၂၁ ဦးသေဆုံးကာ ၄၆ ဦး ဒဏ်ရာရခဲ့သည်။ ထိုသို့ သေဆုံးခဲ့သူများတွင် တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး လီဘျွန်ဆျောက် (Lee Beom-seok)၊ စီးပွားရေး စီမံကိန်း ဝန်ကြီး နှင့် ဒုတိယ ဝန်ကြီးချုပ် ဆူဆွခ်ဂျူး (Suh Suk Joo)၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ဝန်ကြီး ကင်မ်ဒုန်ဝှီး တို့ အပါအဝင်ဖြစ်သည်။

အခြားသေဆုံးသူများမှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များ၊ သတင်းစာဆရာများ၊ လုံခြုံရေးဝန်ထမ်းများ ဖြစ်ကြသည်။ အများစုမှာ တောင်ကိုရီးယားနိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံသား သတင်းစာဆရာ ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ပါဝင်သည်။ သမ္မတ ချန်ဒူးဝမ် မသေဆုံးပဲ လွတ်မြောက်ခဲ့ရသည့် အကြောင်းမှာ သူ၏ ကားသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အာဇာနည် ဗိမာန်သို့ အချိန်မီ မရောက်ဘဲ မိနစ် အနည်းငယ်မျှ နောက်ကျသွားသောကြောင့်ဖြစ်သည်။

ဗုံးသည် သမ္မတ မရောက်မီ တင်ကြို ပေါက်ကွဲရသည့် အကြောင်းမှာ ချန်ဒူးဝမ် ရောက်ရှိသည်ဟု အထင်မှားသည့် အတွက် ကြိုဆိုသည့် ခရာကို မိနစ် အနည်းငယ်မျှ စောပြီး မှုတ်မိသောကြောင့် ဖြစ်သည်။ မြောက်ကိုရီးယား အကြမ်းဖက်သမားသည် အာဇာနည်ကုန်း အနီး ဦးဝိစာရ လမ်းမပေါ်ရှိ ရွှေလင်းယုန် မော်တော်ဆားဗစ် ဝင်းအတွင်းတွင် မော်တော်ကား ပြုပြင်ဟန်ဆောင်၍ စောင့်ဆိုင်းနေခဲ့ပြီး ခရာသံ ကြားသည့် အခါတွင် အဝေးထိန်းစနစ်ဖြင့် ဗုံးကို ဖောက်ခွဲခဲ့သည်ဟု ဆိုကြသည်။
 
==နောက်ပိုင်း အဖြစ်များ==