လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂ -
၁၇၉၁တွင် [[Luigi Galvani]] သည် [[Bioelectricity]] ကိုရှာဖွေတွေ့ရှိခဲ့သည်။ [[နာဗ်ဆဲလ်]] (Nerve Cells) များမှ [[ကြွက်သား]] (Muscles) များသို့ အချက်ပြသတင်းပေးပို့ရာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားကို Bioelectricity ဟုခေါ်သည်။ [[Alessandro Volta]] သည် ခရစ်နှစ် ၁၈ဝဝလောက်တွင် [[ကြေးနီ (Copper)]] နှင့် [[သွပ် (Zinc)]] များကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွတ်နိုင်သော [[ပင်မဓာတ်အိုး (Primary Cell)]] အမျိုးအစားဖြစ်သည့် [[ဗိုလတိတ်ဓာတ်အိုး (Volta Cell)]] ကိုတည်ထွင်ခဲ့ပါသည်။ [[လျှပ်စစ်သံလိုက် (Electromagnetism)]] သီအိုရီကို ၁၈၁၉ နှင့် ၁၈၂ဝ ဝန်းကျင်တွင် [[Hans Christian Orsted]] နှင့် [[Andre Marie Ampere]] တို့ကဖော်ထုတ်ခဲ့ပါသည်။ [[Micheal Faraday]] သည် ၁၈၂၁တွင် [[လျှပ်စစ်မော်တာ (Electric Motor)]] ကိုတည်ထွင်ခဲ့ပါသည်။ [[George Simon Ohm]] သည်သင်ချာ နည်းဖြင့် [[လျှပ်စစ်ပတ်လမ်း (Electric Circuit)]] များကို သရုပ်ခွဲနိုင်သည့် [[အုမ်းဥပဒေ (Ohm's Law)]] ကို ၁၈၂၇ တွင်ဖော်ထုတ်ခဲ့ပါသည်။ [[James Ma×well]] သည် ၁၉၆၁ ဝန်းကျင်လောက်တွင်လျှပ်စစ် (Electricity) ၊[[အလင်း (Light)]]နှင့် [[သံလိုက် (Magnet)]] တို့၏ ဆက်စပ်မှုကိုဖော်ထုတ်ခဲ့ပါသည်။ ၁၉ရာစုလောက်တွင်တော့ လျှပ်စစ်ဓာတ်အားကို ပညာရှင်တော်တော်များများမှ ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြပါသည်။[[File:M Faraday Th Phillips oil 1842.jpg|thumb|150px|upright|right|alt=Half-length portrait oil painting of a man in a dark suit |[[Michael Faraday]] လျှပ်စစ်မော်တာကိုတည်ထွင်ခဲ႔သူ ]]
 
==လျှပ်စစ်စွမ်းအင်လျှပ်စစ်ဓာတ်အား (ဝါ) လျှပ်စစ်စွမ်းအင်၏အယူအဆသဘော==
 
===လျှပ်မှုန်များ (Electric Charges)===
လျှပ်မှုန်များသည် [[အက်တမ်ထက်သေးငယ်သောအမှုန်များ (Subatomic Particles)]] များပင်ဖြစ်သည်။ ၄င်းအမှုန်များသည် [[အခြေခံအားကြီးလေးမျိုး (Four Fundamental Forces)]] မှ လျှပ်စစ်သံလိုက်အား (Electromagnetic Force) နှင့် အပြန်အလှန်အကျိုးသက်ရောက်သည်။