လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
[[File:Lightning3.jpg|right|thumb|350px200px|alt=Multiple lightning strikes on a city at night|[[မိုးကြိုးပစ်ခြင်း]]လျှပ်စစ်ဓာတ်အားတည်နေပုံ၏နမူနာတစ်ဖြစ်သည်။ ]]
'''လျှပ်စစ်ဓာတ်အား (ဝါ)လျှပ်စစ်စစ်စွမ်းအင်လျှပ်စစ်စွမ်းအင်(Electricity)''' သည် ပွတ်တိုက်မှုအားကြောင့်သော်လည်းကောင်း၊ လျှပ်စစ်သံလိုက်ညှို့ ခြင်းကြောင့်သော်လည်းကောင်း၊ တခြားစွမ်းအင်တစ်ခုခုမှအသွင်ပြောင်း ၍သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်ပါသည်။ လျှပ်စစ်နှင့်သက်ဆိုင်သောဖြစ်စဉ်များကို ရှေးပဝေသဏီမှ စတင်ကာလေ့လာခဲ့ကြသော်လည်း ၁၇ရာစု နှင့် ၁၈ရာစု လောက်မှသာ သိပ္ပံနည်းကျဖြေရှင်းနိုင်ခဲ့ပါသည်။ လက်တွေ့အသုံးချ လျှပ်စစ်ဓာတ်အားကိုမူ ၁၉ရာစု နှောင်းပိုင်းတွင်မှ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိခဲ့ကာ လူနေအိမ်နှင့်စက်မှုလုပ်ငန်းများတွင်အသုံးပြုခဲ့ကြပါသည်။ တဟုန်ထိုး တိုးတက်ခဲ့သောလျှပ်စစ်နှင့်သက်ဆိုင်သည့်နည်းပညာများကြောင့် လူအဖွဲ့အစည်းများ၏ လူနေမှုအဆင့်အတန်းများနှင့် စက်မှုလုပ်ငန်းများလည်းများစွာဖွံဖြိုးတိုးတက်ခဲ့ပါသည်။ယနေ့တွင်တော့ လျှပ်စစ်စွမ်းအားသည် ကျွန်ုပ်တို့ နေ့စဉ်ရှင်သန်နေထိုင်ရာဘဝတွင် အဓိကလွန်စွာကျသောအခန်းမှပါဝင်နေပါသည်။
 
==လျှပ်စစ်စွမ်းအင် (ဝါ) လျှပ်စစ်စွမ်းအင်၏သမိုင်းအကျဉ်း==
စာကြောင်း ၆ -
လျှပ်စစ်စွမ်းအင်ဧ။်အကြောင်းကို နကန်းတလုံးမှနားမလည်စဉ် ရှေးပဝေသဏီ ကပင် [[Electric Fish]] ဟုခေါ်သည့် လျှပ်စစ်စက်ကွင်းကိုရုတ်တရက်ထုတ်လွတ်နိုင်သည်ငါးမှတဆင့် Electric Shock ကိုလူသားတို့သိရှိနားလည် ခံစားခဲ့ကြသည်။ ဘီစီ ၂၇၅ဝ တွင်တွေ့ရှိရသော ရှေးဟောင်းအီဂျစ်လူမျိုးတို့၏ မှတ်ရာမှတ်တမ်းများတွင်တော့ လျှပ်စစ်စစ်ငါးတို့ကို နိုင်းမြစ်ဝှမ်းမှ မိုးကြိုးပစ်သူများဟုဖော်ပြထားပါသည်။ထိုငါးများကို ငါးအပေါင်းတို့၏ဘုရင်ဟုတောင်တင်စားထားပါသည်။ ထိုလျှပ်စစ်ငါးများနှင့်ပတ်သက်၍မှတ်တမ်းမှတ်ရာများကို ရှေးခေါမမှတ်တမ်းများတွင်လည်းကောင်း၊ ရောမမှတ်တမ်းများတွင်လည်းကောင်း၊ အာရေဗျမှတ်တမ်းများတွင်လည်းတွေ့မြင်နိုင်ပါသည်။ [[Mediterranean]] ခေတ်ဝန်းကျင်တွင်ရှိခဲ့သော တချို့သောလူအဖွဲ့အစည်းများသည် ဖန်ချောင်းဖြင့်သိုးမွေးကိုပွတ်တိုင်ခြင်းဖြင့် [[တည်ငြိမ်လျှပ်စစ်]] ရကြောင်း ကိုလည်းသိရှိခဲ့ကြသည်။ ဂရိတွေးခေါ်ပညာရှင် [[သေလိ]] သည် တည်ငြိမ်လျှပ်စစ်နှင့် ပတ်သက်၍ စမ်းသပ်မှု အမျိုးမျိုးကိုပြုလုပ်ခဲ့ကာ [[ပွတ်တိုက်အား]] သည် [[ပယင်း]] ကို [[သံလိုက်]] အဖြစ်ပြောင်းလဲပေးသည်ဟုယူဆခဲ့လေသည်။
 
ပွတ်တိုက်မှုကြောင့်ဖန်ချောင်းသည်သံလိုက်ဖြစ်လာသည်ဟူ၍ယူဆသောသေလိ၏အယူအဆသည်မှားသော်ငြားလည်း၊ နောက်ပိုင်းတွင်သံလိုက်နှင့် လျှပ်စစ်တို့ဆက်စပ်မှုရှိသည်ဟု [[သီအိုရီ]] များ သည်သက်သေများနှင့်တကွပေါ်ထွက်ခဲ့လေသည်။ ၁၉၃၆တွင် အီရတ်နိုင်ငံ ဘတ်ဒက်ြမို့တော်အနီးရှိဘတ်ဒက်မြို့တော်အနီးရှိ [[Ctesiphon]] ရှေးဟောင်းတူးဖော်ရေးဆိုဒ် တွင် တွေ့ရှိခဲ့သော [[Baghdad Battery]] များကိုသုံးသက်ခြင်းအားဖြင့် ရှေးဟောင်း [[Parthiaပါးရှန်း]] လူမျိုးများသည်လည်း [[ရွေရည်စိမ်ခြင်း]] [[Electroplating]] ကိုတတ်ကျွမ်းသည်ဟုယူဆရပါသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ခရစ်နှစ် ၁၆ဝဝ လောက်အထိ မည်သူမှ တိတိကျကျ ရေရေရာရာ မလေ့လာခဲ့ပေ။ ခရစ်နှစ် ၁၆ဝဝ လောက်တွင်မှ အင်္ဂလိပ်ဆရာဝန်[[ William Gilbert]] သည် လျှပ်စစ်နှင်သံလိုက်ကို စတင်လေ့လာခဲ့ကာ [[Loadstone Effect]] နှင့် ပယင်း နှင့်သိုးမွေးပွတ်တိုက်မှုကြောင့်ဖြစ်သော တည်ငြိမ်လျှပ်စစ် တို့သည် မတူညီကြောင်းကို ခွဲခြားပြသခဲ့ပါသည်။ Dr.Gilbert ရှာဖွေတွေ့ရှိသော တည်ငြိမ်လျှပ်စစ်သည် ပယင်းကို ပွတ်တိုက်သော အခါတွင် ယင်းတည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်သည့်အတွက်လျှပ်စစ်ကို [[လက်တင်ဘာသာ]] ဖြင့် ပယင်းနှင့်တူသောအရာ electricus ဟု Dr.Gilbertမှ နာမည်ပေးကာ၊ ထိုမှတဆင့် [[အင်္ဂလိပ်ဘာသာ]] Electric ဟုပင်ခေါ်ဝေါ်ခဲ့သည်။
 
ထို့နောက်ပိုင်း ၁၇ရာစု မှ ၁၈ရာစုဦးအထိ [[Otto von Guericke]] ၊ [[Robert Boyle]] ၊ [[Stephen Gray]] ၊ [[C. F. du Fay]] စသောပညာရှင်များသည် ဆက်လက်လေ့လာခဲ့ကြသည်။ ၁၈ရာစုတွင် [[Benjamin Franklin]]သည် ရှိသမျှကိုရောင်းချပေါင်နှံကာ အရင်းပြုပြီး လျှပ်စစ် နှင့်ပတ်သက်သည့် သုသေသနလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပါသည်။ ၁၇၅၂ဇွန်လတွင် ဖရန်ကလင်းသည် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုနှင့်ပတ်သက်ပြီး ဖရန်ကလင်း လည်းနာမည်ကြီးခဲ့သည်။ ဖရန်ကလင်းသည် စိုစွတ်နေသောစွန်တစ်ခု၏ကြိုးတွင် သော့တစ်ချောင်းကိုတပ်ဆင်ကာ မိုးတိမ်ရှိရာသို့လွတ်တင်ခဲ့သည်။ မီးဖွားများသည် ဆက်ခါဆက်ခါ စိုစွတ်သောကြိုးမှတဆင့် သော့သို့လည်းကောင်း ၊ ထို့နောက် လက်သို့လည်းကောင်း ကူးလာသည်။ တနည်းအားဖြင့် [[short circuit]] ဖြစ်လာခြင်းပင်ဖြစ်သည်။ ယင်းနည်းဖြင့် ဖရန်ကလင်းသည် လျှပ်စီးလက်ခြင်းသည် တည်ငြိမ် လျှပ်စစ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါသည်။