တပ်ကုန်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
တပ်ကုန်မြို့ဟာ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်မြို့ အတွင်းမှာ ပါဝင်တဲ့ မြို့သုံးမြို့ ဖြစ်တဲ့ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး မြို့တွေ ထဲက တစ်မြို့ ဖြစ်ပါတယ်။ နေပြည်တော် တပ်ကုန်းမြို့ ဟုလည်း ခေါ်ပါတယ်။ တပ်ကုန်းမြို့သူမြို့သားတွေဟာ ပညာရည်မြင့်မားပြီး အေးဆေးတည်ငြိမ်မူကို လိုလားကြပါတယ်။ စာပေဟောပြောပွဲများ၊ တရားပွဲများ၊ အလှူအတန်းပွဲများနှင့် အဆက်မပြတ် စည်ကားလှပါတယ်။ တပ်ကုန်းမြို့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းကတော့ ဆန်စပါးရောင်းဝယ်ရေး၊ ကောက်ပဲသီးနှံရောင်းဝယ်ရေး နှင့် ဒေသသုံး လူသုံးကုန်၊ စားသောက်ကုန်တွေ အတွက် စက်ရုံ အလုပ်ရုံများဟာ မြို့ရဲ့ အဓိကစီးပွားရေး ဖြစ်ပါတယ်။ စာသင်ကျောင်းများ အများအပြားရှိပြီး ပညာတတ်သူ ၁၀၀ % နီးပါး ရှိပါတယ်။ သာသနာရေးအတွက် အားထားရာ ပရိယတ္ထိ စာသင်တိုက်များကို မြို့ပေါ်တွင် သာမက ကျေးရွာတွေမှာပါ အင်တိုက်အားတိုက် သင်ကြား ပို့ချလျက် ရှိပါတယ်။ တပ်ကုန်းမြို့ရဲ့ အထင်ကရ နေရာတွေကတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ သကြားစက် အစရှိတဲ့ အထင်ကရနေရာတွေ ရှိပါသေးတယ်။ မြို့တစ်မြို့လုံးဟာ စိမ်းလန်းစိုပြေပြီး သပ်သပ်ရပ်ရပ်နှင့် အေးဆေးတည်ငြိမ်တဲ့ မြို့သူမြို့သားနှင့်တကွ တက်ညီလက်ညီ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။