မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
{{ရဲဘော်သုံးကျိပ်
| အမည် = ဗိုလ်မှူးအောင်<br />(၁၉၁၀ - ၂၀၀၃)
| ဓာတ်ပုံ =Ye_baw_thon_jate_bo_hmu_aung.jpg
| မွေးသက္ကရာဇ် = ခရစ်နှစ် ၁၉၁၀ ဩဂုတ် ၃၀ ရက်နေ့
| အမည်ရင်း = စံလှိုင်
စာကြောင်း ၃၇ -
 
ဖြူးမြို့နယ် တို့ဗမာအစည်းအရုံးတွင် ထိုအချိန်က လှုပ်ရှားပါဝင်နေကြသော သခင်သန်းဖေနှင့် တက်ညီလက်ညီ တွဲဖက်မိခဲ့သည်။ သခင်သန်းဖေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါလီမန်အမတ်ဘဝမှတောခိုသွားပြီး တောထဲတွင် ကွယ်လွန်ခဲ့သူဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ သာယာဝတီညီလာခံမှ `အင်္ဂလိပ်အခက် ဗမာအချက်´ ဆိုသောကြွေးကြော်သံဖြင့်လွတ်လပ်ရေးလမ်းစကိုရှာခဲ့ချိန်တွင် သခင်အောင်ဆန်းက နိုင်ငံခြားသို့ ထွက်ခွါကာ စစ်ပညာသင်ယူကြမည့် ရဲဘော်များကိုလာခေါ်လေသည်။ ဂျပန်ပြည်သို့ထွက်ခွါသော ရဲဘော်သုံးကျိပ်အဖွဲ့၏ စတုတ္ထမြောက် ထွက်ခွါသောအဖွဲ့နှင့်လိုက်ပါသွားခဲ့ပြီး ၄င်းအဖွဲ့တွင် သခင်ရှုမောင်(ဗိုလ်ချုပ်ကြီးနေဝင်း) လည်း အတူပါရှိခဲ့သည်။ သင်္ဘောဖြင့် တိုကျိုသို့ထွက်ခွါခဲ့ပြီး ၄င်းမှတစ်ဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ စစ်ပညာများသင်ကြားခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းများတွင် စစ်ပညာများသင်ကြားပြီးနောက် ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းသောအခါ သခင်စံလှိုင်အမည်မှ ဗိုလ်အောင်အဖြစ် အမည်ပြောင်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ စစ်ကြောင်းကြီးများဖြင့် ဝင်လာသောအခါတွင် ဗိုလ်အောင်သည် တပ်ဦးမှနေ၍ဦးစီးရသော တပ်မှူးအဖြစ် ချီတက်ဝင်ရောက်လာခဲ့သည်။
[[File:Ye_baw_thon_jate_bo_hmu_aung_pyi_thu_laut_taw_president.jpg|thumb|250px|ပြည်သူ့လွတ်တော် ဉက္ကဌ ဗိုလ်မှူးအောင်]]
 
ပထမတွင် ဗိုလ်မှူးရန်နိုင်အုပ်ချုပ်သော ဗမာ့လွတ်လပ်ရေးတပ်မတော် တပ်ရင်း(၂) တွင် ပါဝင်ခဲ့ပြီးနောက် ဗမာ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းသည့်အခါတွင်ဗမာ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းသည့် အခါတွင် တပ်ရင်း (၅) ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။နောက်ထပ်၍တပ်များကိုတို့ချဲ့ပြီးနောက် တိုင်းအသီးသီးဖွဲ့ရာတွင် ဗိုလ်မှူးအောင်သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဦးစီးခဲ့သည်။ ဗိုလ်မှူးအောင်၏ လက်အောက်ခံစစ်အရာရှိများမှာ ဗိုလ်ကြီးစိန်မှန် (ဗိုလ်မှူးကြီးစိန်မှန်၊[[ဗိုလ်မှူးကြီးစိန်မှန်]]၊ သောင်းကျန်းမှု နှိမ်နင်းရင်းကျဆုံးသူ) နှင့် ဗိုလ်ကြီးအောင်ကြီး ( [[ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး]]) တို့ဖြစ်ကြသည်။
 
ဂျပန်ကိုမတော်လှန်မီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးတိုင်းအသီးသီးကို ကြည့်ရှုစစ်ဆေးပြီးနောက် ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ရုံးကို ဗိုလ်မှူးအောင်၏ တိုင်းတွင်ထားရှိရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်မှူးအောင်၏ တော်လှန်ရေးတိုင်း (၇) ဌာနချုပ်သည် မြေလတ်ဒေသ သရက်ခရိုင်တွင်ထားရှိခဲ့သည်။